
Corporate Career တစ်ခုကိုမစတင်ခင်ဘာတွေသိထားသင့်လဲ
သင့်ကိုဘယ်သူကမှအသေးစိတ်တကူးတကပြောပြမှာမဟုတ်တဲ့ အချက်လေးတွေထဲမှာ Corporateလောကမှာ အလုပ်တစ်ခုစလုပ်ရင်ကြုံရနိုင်ခြေရှိတဲ့အချက်တွေလည်းပါဝင်ပါတယ်။ဒါတွေကိုစောစောသိခဲ့ရင်ကောင်းမှာပဲဆိုပြီး နောင်တမရရလေအောင် အခုဖော်ပြမယ့်အချက်တွေကိုကြိုတင်ဖတ်ရှုူထားနိုင်ပါပြီ။ အတင်းပြောတာလေးတွေကြုံရနိုင်တယ် ဒါတွေကတော့ အလုပ်တိုင်းလိုလိုမှာအနည်းနဲ့အများတော့ရှိကြပါတယ်။ Corporateလုပ်ငန်းခွင်တွေမှာလည်းဒီလိုပါပဲ၊ လူတိုင်းက Gossip ကိုစိတ်ဝင်စားကြပြီးဒီလိုအတင်းအဖျင်းပြောမိတဲ့အထဲမှာ ကိုယ်မပါအောင်၊ ပညာသားပါပါနဲ့ရှောင်ထွက်နိုင်အောင်၊လာပြောသမျှကို မှတ်ချက်တစ်ခုခုပေးမိတာမျိုးမဖြစ်ရအောင် ရှောင်ရှားရမှာဖြစ်ပါတယ်။ Lunch အချိန်ကိုအလေးထားပါ လုပ်ငန်းခွင်တွေတိုင်းမှာနေ့လယ်စာထမင်းစားချိန်ဟာလူမှုဆက်ဆံရေးကိုတည်ဆောက်တဲ့အချိန်ဖြစ်ပါတယ်။ ထမင်းစားရင်းစကားစ မြည်ပြောမယ်၊ အလုပ်နဲ့မပတ်သက်တာလေးတွေပြောကြမယ်၊ကိုယ့်အကြိုက်ကိုယ့်ဝါသနာလေးတွေပြောမယ် စတဲ့အချက်တွေရှိတာမို့ Lunch […]