Employee retention ဆိုတာအဖွဲ့အစည်းတခု၊ ကုမ္ပဏီတခုက လူများကို ထိန်းထားနိုင်ပြီးအလုပ်ထွက်နှုန်းကို လျှော့ချနိုင်မှုကိုဆိုလိုပါတယ်။ အလုပ်ရှင်တွေက ဒီနည်းလမ်းများနဲ့ဝန်ထမ်းများကို အလုပ်ထွက်နှုန်းလျှော့ကျအောင် ထိန်းသိမ်းထားနိုင်ပါတယ်။အကျိုးခံစားခွင့်များပေးတာ၊ အပြုသဘောဆောင်တဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှုကိုဖန်တီးပေးတာ၊လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ပေးတာ၊ အသိ အမှတ်ပြုတာ၊အလုပ်နဲ့ဘဝဟန်ချက်ညီအောင်မြှင့်တင်ပေးတာ စတဲ့နည်းလမ်းများစွာပါဝင်ပါတယ်။ဝန်ထမ်းမြဲပြီး အလုပ်လုပ်တဲ့သက် တမ်းကြာမြင့်တဲ့ ဝန်ထမ်းကိုပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီတွေကဝန်ထမ်းထိန်းသိမ်းမှု ပိုမိုမြင့်မားလာမှာဖြစ်ပါတယ်။ ဝန်ထမ်းမမြဲဘဲကာလတိုနဲ့အလုပ်ထွက်ကြတဲ့ ကုမ္ပဏီတွေကတော့ ဝန်ထမ်းထိန်းသိမ်းမှုသိသိသာသာလျှော့ကျမှာပဲဖြစ်ပါတယ်။ […]