One-on-one meeting ခေါ်ဖို့ဘာကြောင့်မတွန့်ဆုတ်သင့်တာလဲ

လုပ်ငန်းခွင်အတွင်းGroup Meeting တွေကနေအိုင်ဒီယာတွေဖလှယ်နိုင၊ Brain Stormingလုပ်နိုင်တာကြောင့်အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုတွေကောင်းစေတာသေချာပါတယ်။ဒါပေမဲမန်နေဂျာအတွက်ရောဝန်ထမ်းအတွက်ပါနှစ်ဦးနှစ်ဖက်အကျိုးများစေတဲ့အရာတွေထဲမှာတစ်ဦးချင်းတွေ့ဆုံတဲOne-on-one meeting ပြုလုပ်ခြင်းလည်းပါဝင်ပါတယ်။အခုဖော်ပြမယ့်အချက်တွေကတောOne-on-one meetingပြုလုပ်ခြင်းကနေရရှိမယ့် တန်ဖိုးမဖြတ်နိုင်တဲ့အကျိုးတရားတွေပဲဖြစ်ပါတယ်။
ကိုယ့်အတွက်စိတ်ရောလူပါသက်သာစေနိုင်တယ
One-on-one meetingတွေကဝန်ထမ်းတစ်ဦးချင်းအတွကတိကျသေချာတဲ့တာဝန်ကိုရှင်းရှင်းလင်းလင်းချမှတ်နိုင်စေမှာဖြစ်ပါတယ်။ ဒါ့အပြငဝန်ထမ်းကိုယ်တိုင်ကသူလုပ်ရမယ့်အလုပ်ကိုစိတ်ပါလက်ပါလုပ်ကိုင်လာစေပါတယ်။Teamတစ်ခုလုံးကိုစွမ်းဆောင်ရည်တိုးစေတာမိုကိုယ်ကခေါင်းဆောင်မှုနဲနည်းဗျူဟာပိုင်းကိုပိုမိုအာရုံစိုက်နိုင်မှာပဲဖြစ်ပါတယ်။
Confidence တည်ဆောက်ပေးနိုင်တယ
အောင်မြင်တဲ Teamတစ်ခုဆိုတာကဝန်ထမ်းတွေကိုသူ့နေရာနဲ့သူမှန်ကန်အောင်တာဝန်ပေးထားနိုင်ခြင်းကိုဆိုလိုပါတယ
မန်နေဂျာတစ်ယောက်အနေနဲကိုယ်ဆုံးဖြတ်လုပ်ကိုင်တာတွေအောင်မြင်မှုရလာတာနဲ့အမျှ ကိုယ့်ရဲ့စီမံခန့်ခွဲနိုင်စွမ်းအပေါ်ယုံကြည်မှုပိုရှိလာပြီးပင်ကိုဗီဇမှာကိုကစီမံအုပ်ချုပ်နိုင်စွမ်းပါလာတယ်လိုယူဆမိစေပါတယ်။
အချိန်ကိုက်စီမံနိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်းတွေကကိုယ့်ရဲ့အကျင့်တစ်ခုလိုဖြစ်လာပြီးဝန်ထမ်းတွေအပေါ်အမြဲလိုမှန်ကန်တဲ့လမ်းကြောင်းကိုပြပေးနိုင်စွမ်းရှိလာပါလိမ့်မယ်။
အလုပ်မြန်မြန်ပြီးမြောက်စေတယ
One-on-one Meeting တွေကဘယ်သူ့ကိုတော့ဘာတာဝန်ပေးသင့်တယ်ဆိုတာကွဲကွဲပြားပြားသိစေပါတယ်။
ဘယ်အပိုင်းကိုဘယ်သူကတော့စိတ်အဝင်စားဆုံးဆိုတာကိုသိရှိစေပါတယ်။
အချိန်တိုတိုနဲ့အလုပ်မြန်မြန်ပြီးစီးအောင်လုပ်ရတော့မယ့်အချိန်မှာဒီလိုတစ်ဦးချင်းတွေ့ဆုံဖို့ကပိုလိုအပ်ပါတယ်။
အတွင်းကျကျသိစေနိုင်တယ
ဝန်ထမ်းကိုသူ့ရဲ့ဖြစ်ချင်နေတဲ့ဆန္ဒနဲ့လိုအပ်ချက်တွေကိုပွင့်ပွင့်လင်းလင်းမေးနိုင်သလိုထိထိရောက်ရောကဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကိုသိရှိလာစေပါတယ်။
ကိုယ်ကပြောဆိုကိုင်တွယ်တတ်တာနဲ့အမျှ အလုပ်အပေါ် ဝန်ထမ်းရဲ့ထက်သန်တဲ့စိတ်ကိုပြန်လည်နှိုးဆွပေးနိုင်ပါလိမ့်မယ်။
ဒါကြောင့် ဝန်ထမ်းကောင်းတွေကိုလက်လွှတ်ရတာမျိုးအဖြစ်နည်းစေပါတယ်။
ကိုယ်နဲ့ဝန်ထမ်းကြားခိုင်မာတဲRelationship တည်ဆောက်ဖို့နဲကိုယ့်အပေါ်ယုံကြည်မှုရှိလာဖို့ဆိုတာစကားများများမပြောဘဲနဲ့ဖြစ်မလာနိုင်ပါဘူးအဖွဲ့ဝင်တစ်ယောက်ချင်းစီနဲ့သီးသန့်စကားပြောတာကတစ်ယောက်အကြောင်းတစ်ယောက်ပိုသိရှိလာပြီးကိုယ့်အပေါ်ခင်မင်မှုယုံကြည်မှုပိုတိုးလာစေပါတယ်။
အရည်အချင်းရှိသူတွေကိုပိုင်ဆိုင်လာစေတယ
တစ်ဦးချင်းတွေ့ဆုံဆွေးနွေးတာကကိုယ့်ဝန်ထမ်းရဲ့အလုပ်နဲ့ပတ်သက်တဲ့ရည်မှန်းချက်၊ကျွမ်းကျင်မှုအတွက်လိုအပ်ချက်တွေကိုအများကြီးသိရှိပံ့ပိုးပေးနိုင်တာမိုသူ့ကိုအရည်အချင်းပိုရှိသူဖြစ်လာအောင်ကူညီနိုင်မှာြဖစ်ပါတယ်။ဝန်ထမ်းအနေနဲ့ကျွမ်းကျင်မှုပိုရှိလာတာနဲ့အမျှ ကိုယ့်တန်ဖိုးကိုယ်သိရှိပြီးအလုပ်မှာလည်းပျော်ရွှင်လာမှာဖြစ်ပါတယ်။ သူတို့မှန်မှန်ကန်ကန်ဆုံးဖြတ်လုပ်ကိုင်လာနိုင်တာနဲ့အမျှ မန်နေဂျာအတွက်အလုပ်ပိုမိုသက်သာစေပြီးဆုံးရှုံးမှုလည်းနည်းလာစေမှာဖြစ်ပါတယ်။
JuJu

Be the first to comment

Leave a Reply

Your email address will not be published.


*