တေလာဆွပ်ဖ်နဲ့ ဘာကြောင့်ပြတ်ခဲ့ရသလဲဆိုတာကိုပြောပြတဲ့ တေလာလော့တ်နာ

တေလာဆွပ်ဖ်ရဲ့ Fan အကြီးစားတွေကတော့ သရုပ်ဆောင်တေလာလော့တ်နာဟာ သူမရဲ့အကောင်းဆုံးချစ်သူဟောင်းတစ်ယောက်ဆိုတာသိကြပါတယ်။ တေလာဆွပ်ဖ်နဲ့ တေလာလော့တ်နာဟာချစ်သူတွေအဖြစ်ကနေပြတ်စဲပြီးတာတောင် ၁၄ နှစ်ကြာအောင်သူငယ်ချင်းအဖြစ်နဲ့ ခင်ခင်မင်မင်ဆက်ရှိနေသူတွေဖြစ်ကြပါတယ်။ Twilight မင်းသား တေလာလော့တ်နာက သူနဲ့တေလာဆွပ်ဖ်ဘာ့ကြောင့်ပြတ်စဲရတယ်၊ခုချိန်ထိကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု ဘာ့ကြောင့်ရှိနေတယ်ဆိုတာကို Call Her Daddy Podcast မှာရင်ဖွင့်ခဲ့တာပဲဖြစ်ပါတယ်။

သူက “ကိုယ့်ရင်ထဲမှာရှိနေတဲ့တစ်စုံတစ်ယောက်ကို ခင်ဗျားကလေးစားတယ်ဆိုရင်သူ့ကိုစွန့်လွှတ်နိုင်သွားတယ်၊ ခွင့်လွှတ်နိုင်သွားတယ်၊ ပုံစံတစ်မျိုးနဲ့ချစ်နိုင်သွားတယ်။ကျွန်တော်တို့နှစ်ယောက်လုံးကအဲလိုမျိုး သဘောထားကြီးနိုင်ခဲ့ကြတယ်။ ကျွန်တော်တို့ချစ်ခဲ့တုန်းကအ ရမ်းကိုအသက်ငယ်ပါသေးတယ်။ ကျွန်တော်က ၁၈၊ သူက ၂၀၊ ၂၁ ပေါ့။အဲဒီအချိန်ကျွန်တော်တို့ပြတ်ခဲ့ပေမယ့်လည်း ခုနကပြောခဲ့သလိုစိတ်ထားမျိုးနဲ့သူငယ်ချင်းကောင်းအဖြစ်ဆက်ရှိနေနိုင်ကြတာပါ”လို့ ပြောခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လကထွက်ရှိတဲ့ တေလာဆွပ်ဖ်ရဲ့ I Can See You သီချင်း MV မှာ တေလာလော့တ်နာကသူခိုးဓားမြအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ သူဟာ ပြီးခဲ့တဲ့နှစ်နိုဝင် ဘာလက Taylor Dome လို့နာမည်ရတဲ့သူ့ရဲ့ချစ်သူနဲ့လက်ထပ်လိုက်ပြီဖြစ်ပါတယ်။

Ju Ju

zawgyi

ေတလာဆြပ္ဖ္ရဲ႕ Fan အႀကီးစားေတြကေတာ့ သ႐ုပ္ေဆာင္ေတလာေလာ့တ္နာဟာ သူမရဲ႕အေကာင္းဆုံးခ်စ္သူေဟာင္းတစ္ေယာက္ဆိုတာသိၾကပါတယ္။ ေတလာဆြပ္ဖ္နဲ႔ ေတလာေလာ့တ္နာဟာခ်စ္သူေတြအျဖစ္ကေနျပတ္စဲၿပီးတာေတာင္ ၁၄ ႏွစ္ၾကာေအာင္သူငယ္ခ်င္းအျဖစ္နဲ႔ ခင္ခင္မင္မင္ဆက္ရွိေနသူေတြျဖစ္ၾကပါတယ္။ Twilight မင္းသား ေတလာေလာ့တ္နာက သူနဲ႔ေတလာဆြပ္ဖ္ဘာ့ေၾကာင့္ျပတ္စဲရတယ္၊ခုခ်ိန္ထိေကာင္းမြန္တဲ့ဆက္ဆံေရးတစ္ခု ဘာ့ေၾကာင့္ရွိေနတယ္ဆိုတာကို Call Her Daddy Podcast မွာရင္ဖြင့္ခဲ့တာပဲျဖစ္ပါတယ္။

သူက “ကိုယ့္ရင္ထဲမွာရွိေနတဲ့တစ္စုံတစ္ေယာက္ကို ခင္ဗ်ားကေလးစားတယ္ဆိုရင္သူ႔ကိုစြန႔္လႊတ္ႏိုင္သြားတယ္၊ ခြင့္လႊတ္ႏိုင္သြားတယ္၊ ပုံစံတစ္မ်ိဳးနဲ႔ခ်စ္ႏိုင္သြားတယ္။ကြၽန္ေတာ္တို႔ႏွစ္ေယာက္လုံးကအဲလိုမ်ိဳး သေဘာထားႀကီးႏိုင္ခဲ့ၾကတယ္။ ကြၽန္ေတာ္တို႔ခ်စ္ခဲ့တုန္းကအ ရမ္းကိုအသက္ငယ္ပါေသးတယ္။ ကြၽန္ေတာ္က ၁၈၊ သူက ၂၀၊ ၂၁ ေပါ့။အဲဒီအခ်ိန္ကြၽန္ေတာ္တို႔ျပတ္ခဲ့ေပမယ့္လည္း ခုနကေျပာခဲ့သလိုစိတ္ထားမ်ိဳးနဲ႔သူငယ္ခ်င္းေကာင္းအျဖစ္ဆက္ရွိေနႏိုင္ၾကတာပါ”လို႔ ေျပာခဲ့တာျဖစ္ပါတယ္။ၿပီးခဲ့တဲ့ဇူလိုင္လကထြက္ရွိတဲ့ ေတလာဆြပ္ဖ္ရဲ႕ I Can See You သီခ်င္း MV မွာ ေတလာေလာ့တ္နာကသူခိုးဓားျမအျဖစ္ ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါေသးတယ္။ သူဟာ ၿပီးခဲ့တဲ့ႏွစ္ႏိုဝင္ ဘာလက Taylor Dome လို႔နာမည္ရတဲ့သူ႔ရဲ႕ခ်စ္သူနဲ႔လက္ထပ္လိုက္ၿပီျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*