သူ့အတွက်မဖြစ်မနေအလိုအပ်ဆုံးသောအရာကိုဖွင့်ဟလိုက်တဲ့ လေဒီဂါဂါ

သီချင်းတွေတင်သာမက အပြင်အဆင်နဲ့ Performance တွေကိုလည်းအံ့မခန်းဖန်တီးပြနိုင်တဲ့လေဒီဂါဂါက သူမအတွက်တကယ့်ကိုမရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုကို E! News နဲ့အင်တာဗျူးမှာဖွင့်ဟခဲ့ပါတယ်။သူမရဲ့စိတ်ခံစားချက်ကိုဖော်ပြဖို့အတွက်ရော၊ သူမရဲ့ Confidence ကိုတိုးစေဖို့အတွက်ပါမိတ်ကပ်ကမရှိမဖြစ်ပါလို့ဆိုထားပါတယ်။

ဆယ်ကျော်သက်အရွယ်ကတည်းက သူမဟာရုပ်ရည်နဲ့ပတ်သက်ပြီးကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလျော့ပါးခဲ့ပေမယ့် မိတ်ကပ်လိမ်းလိုက်တဲ့အခါမှာတော့ယုံကြည်မှုကိုရရှိခဲ့တယ်လို့ပြောပြခဲ့တာဖြစ်ပါတယ်။သူမရဲ့စိတ်ခံစားမှုကိုသိချင်ရင် သူမပြင်ဆင်ထားတဲ့ Makeup Look ကနေတဆင့်သိနိုင်တယ်လို့ပြောပါသေးတယ်။လူတိုင်းမှာသူတို့နဲ့လိုက်ဖက်တဲ့မိတ်ကပ်စတိုင်လ်ဆိုတာ သီးသန့်တည်ရှိနေတာပါ။ ဒါကြောင့်မို့ဘယ်သူနဲ့တူချင်တယ်ဆိုတာမျိုးလိုက်မလုပ်ဘဲ ကိုယ်နဲ့အလိုက်ဖက်ဆုံးပြင်ဆင်မှုကိုသာ အမြဲရှာဖွေပါလို့အလှအပရေးရာအတွက် အကြံပြုခဲ့ပါတယ်။၂၀၁၉ ခုနစ်မှာ သူမဟာ HAUS Labs By Lady Ga Ga ဆိုပြီး အလှအပရေးရာထုတ်ကုန်တွေကိုစတင်ထုတ်လုပ်ရောင်းချခဲ့တာဖြစ်ပါတယ်။

Ju Ju

zawgyi

သီခ်င္းေတြတင္သာမက အျပင္အဆင္နဲ႔ Performance ေတြကိုလည္းအံ့မခန္းဖန္တီးျပႏိုင္တဲ့ေလဒီဂါဂါက သူမအတြက္တကယ့္ကိုမရွိမျဖစ္လိုအပ္တဲ့အရာတစ္ခုကို E! News နဲ႔အင္တာဗ်ဴးမွာဖြင့္ဟခဲ့ပါတယ္။သူမရဲ႕စိတ္ခံစားခ်က္ကိုေဖာ္ျပဖို႔အတြက္ေရာ၊ သူမရဲ႕ Confidence ကိုတိုးေစဖို႔အတြက္ပါမိတ္ကပ္ကမရွိမျဖစ္ပါလို႔ဆိုထားပါတယ္။

ဆယ္ေက်ာ္သက္အ႐ြယ္ကတည္းက သူမဟာ႐ုပ္ရည္နဲ႔ပတ္သက္ၿပီးကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈေလ်ာ့ပါးခဲ့ေပမယ့္ မိတ္ကပ္လိမ္းလိုက္တဲ့အခါမွာေတာ့ယုံၾကည္မႈကိုရရွိခဲ့တယ္လို႔ေျပာျပခဲ့တာျဖစ္ပါတယ္။သူမရဲ႕စိတ္ခံစားမႈကိုသိခ်င္ရင္ သူမျပင္ဆင္ထားတဲ့ Makeup Look ကေနတဆင့္သိႏိုင္တယ္လို႔ေျပာပါေသးတယ္။လူတိုင္းမွာသူတို႔နဲ႔လိုက္ဖက္တဲ့မိတ္ကပ္စတိုင္လ္ဆိုတာ သီးသန႔္တည္ရွိေနတာပါ။ ဒါေၾကာင့္မို႔ဘယ္သူနဲ႔တူခ်င္တယ္ဆိုတာမ်ိဳးလိုက္မလုပ္ဘဲ ကိုယ္နဲ႔အလိုက္ဖက္ဆုံးျပင္ဆင္မႈကိုသာ အၿမဲရွာေဖြပါလို႔အလွအပေရးရာအတြက္ အႀကံျပဳခဲ့ပါတယ္။၂၀၁၉ ခုနစ္မွာ သူမဟာ HAUS Labs By Lady Ga Ga ဆိုၿပီး အလွအပေရးရာထုတ္ကုန္ေတြကိုစတင္ထုတ္လုပ္ေရာင္းခ်ခဲ့တာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*