ဇာတ်ကားထူးချွန်ဆုတွေရခဲ့တဲ့ Reborn Rich ၊ Twenty Five, Twenty One နဲ့ Yumi Cells 2

စက်တင်ဘာလ(၁၁)ရက်နေ့မှာ Korea Communications Commission Broadcasting ကကိုရီးယားအနုပညာလောကရဲ့ အကောင်းဆုံးဇာတ်လမ်းတွဲတွေကိုရွေးချယ်ပြီးဆုချီးမြှင့်ပေးခဲ့ပါတယ်။ဒီအခမ်း အနားကို ဆိုးလ်မှာရှိတဲ့ Lotte Hotel မှာကျင်းပခဲ့တာဖြစ်ပါတယ်။ ၂၀၀၉ခုနစ်ကတည်းကစတင်ကျင်းပခဲ့တဲ့ ဒီဆုပေးပွဲကနေ အကောင်းဆုံးရုပ်သံထုတ်လွှင့်မှုဆု၊အကောင်းဆုံးဇာတ်လမ်းတွဲနဲ့ပရိုဂရမ်တွေကို ရွေးချယ်ပြီးဆုပေးခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ပရောဂျက်ပေါင်း ၂၆၆ ခုထဲကမှ SBS ရဲ့ Documentary ဖြစ်တဲ့ Guardians of Tundra ကအ မြင့်ဆုံး Grand Prize ဆုကိုဆွတ်ခူးခဲ့တယ်လို့သိရပါတယ်။ JTBC ကထုတ်လွှင့်ပြီး Song Joong Ki ၊ Lee Sung Min နဲ့ Shin Hyan Been တို့ပါဝင်ထားတဲ့ Reborn Rich ဇာတ်လမ်းတွဲက Top Excellence Award ကိုရရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ ၂၀၂၂ ခုနစ်အတွင်းထွက်ရှိခဲ့တဲ့ဇာတ် လမ်းတွဲတွေအနက် ပေါက်ခဲ့တဲ့ဇာတ်လမ်းတွဲဖြစ်ပြီး နေရာဒေသပေါင်း ၁၇၀ အထိရောက်ရှိပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။Kim Tae Ri နဲ့ Nam Joo Hyuk တို့ရဲ့လွမ်းမောဖွယ်ဆယ်ကျော်သက်အချစ်ဇာတ်လမ်းဖြစ်တဲ့ Twenty Five, Twenty One ကလည်း Excellence Award ကိုရရှိခဲ့ပါတယ်။ မင်းသမီး Kim Go Eun နဲ့ GOT7 က Jinyoung တို့ပါဝင်ထားတဲ့ Yumi Cells 2 ကတော့ Web and App Content ကဏ္ဍကနေ Excellence Award ကိုရရှိခဲ့တယ်လို့သိရပါတယ်။

Ju Ju

zawgyi

စက္တင္ဘာလ(၁၁)ရက္ေန႔မွာ Korea Communications Commission Broadcasting ကကိုရီးယားအႏုပညာေလာကရဲ႕ အေကာင္းဆုံးဇာတ္လမ္းတြဲေတြကိုေ႐ြးခ်ယ္ၿပီးဆုခ်ီးျမႇင့္ေပးခဲ့ပါတယ္။ဒီအခမ္း အနားကို ဆိုးလ္မွာရွိတဲ့ Lotte Hotel မွာက်င္းပခဲ့တာျဖစ္ပါတယ္။ ၂၀၀၉ခုနစ္ကတည္းကစတင္က်င္းပခဲ့တဲ့ ဒီဆုေပးပြဲကေန အေကာင္းဆုံး႐ုပ္သံထုတ္လႊင့္မႈဆု၊အေကာင္းဆုံးဇာတ္လမ္းတြဲနဲ႔ပ႐ိုဂရမ္ေတြကို ေ႐ြးခ်ယ္ၿပီးဆုေပးခဲ့တာျဖစ္ပါတယ္။

ဒီပြဲမွာ ပေရာဂ်က္ေပါင္း ၂၆၆ ခုထဲကမွ SBS ရဲ႕ Documentary ျဖစ္တဲ့ Guardians of Tundra ကအ ျမင့္ဆုံး Grand Prize ဆုကိုဆြတ္ခူးခဲ့တယ္လို႔သိရပါတယ္။ JTBC ကထုတ္လႊင့္ၿပီး Song Joong Ki ၊ Lee Sung Min နဲ႔ Shin Hyan Been တို႔ပါဝင္ထားတဲ့ Reborn Rich ဇာတ္လမ္းတြဲက Top Excellence Award ကိုရရွိခဲ့ပါတယ္။ ဒီဇာတ္လမ္းတြဲဟာ ၂၀၂၂ ခုနစ္အတြင္းထြက္ရွိခဲ့တဲ့ဇာတ္ လမ္းတြဲေတြအနက္ ေပါက္ခဲ့တဲ့ဇာတ္လမ္းတြဲျဖစ္ၿပီး ေနရာေဒသေပါင္း ၁၇၀ အထိေရာက္ရွိပ်ံ႕ႏွံ႔ခဲ့တာျဖစ္ပါတယ္။Kim Tae Ri နဲ႔ Nam Joo Hyuk တို႔ရဲ႕လြမ္းေမာဖြယ္ဆယ္ေက်ာ္သက္အခ်စ္ဇာတ္လမ္းျဖစ္တဲ့ Twenty Five, Twenty One ကလည္း Excellence Award ကိုရရွိခဲ့ပါတယ္။ မင္းသမီး Kim Go Eun နဲ႔ GOT7 က Jinyoung တို႔ပါဝင္ထားတဲ့ Yumi Cells 2 ကေတာ့ Web and App Content က႑ကေန Excellence Award ကိုရရွိခဲ့တယ္လို႔သိရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*