သီချင်းခိုးချတယ်လို့စွပ်စွဲခံနေရတဲ့ Jungkook

BTS အဖွဲ့ဝင် Jungkook ရဲ့ Seven သီချင်းဟာ တခြားသော K-pop အဖွဲ့တစ်ခုရဲ့သီချင်းကိုကူးယူးထားတယ်လို့ စွပ်စွဲခံနေရပါတယ်။ K-pop မျိုးဆက်ရဲ့ First Generation Producer ဖြစ်တဲ့ ယန်ဂျုံယောင်းဆိုသူက Jungkook ရဲ့ Seven ဟာ ပထမမျိုးဆက် K-pop girl group ဖြစ်တဲ့ Fin.K.L ရဲ့ Time of Mask သီချင်းကိုခိုးယူထားတယ်လို့ စွပ်စွဲခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ Seven သီချင်းဟာ ပြည်ပမှာရှိတဲ့ပရိုဂျူဆာကစီစဥ်ထုတ်လုပ်ခဲ့တာဖြစ်ပြီးတော့နားထောင်သူအများစုက ဒီသီချင်းနှစ်ခုဟာ တူညီနေတာမျိုးမရှိဘူးလို့ဆိုကြပါတယ်။

Fin.K.L ရဲ့ Time of Mask သီချင်းက ဂန္ထဝင်ပေါ့ပ်အဆိုတော်အဖွဲ့ Spice Girls ရဲ့ Say You’ll be there သီချင်းနဲ့တူညီနေတယ်လို့ဝေဖန်ထားကြပြန်ပါတယ်။ Spice Girls ရဲ့ ဒီသီချင်းဟာ Fin.K.L ရဲ့ Time of Mask သီချင်းမထွက်ခင် သုံးနှစ်လောက်ကကြိုပြီးထွက်ရှိထားတဲ့သီချင်းမို့သူတို့ကလည်းခိုးချတာဖြစ်နိုင်တယ်ဆိုပြီး ပြန်လည်ပြောဆိုထားကြတာပဲဖြစ်ပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*