လှပမှုနဲ့အတူသရုပ်ဆောင်ကြေးမြင့်မားတဲ့အမျိုးသမီးထဲမှာပါဝင်တဲ့ Jennifer Anistonက သူမရဲ့ Relationship တွေ အဆင်မပြေရခြင်းအကြောင်းနဲ့အသည်းကွဲရခြင်းအကြောင်းအရင်းတွေကိုဖွင့်ဟခဲ့ပါတယ်။သူမဟာ Brad Pitt နဲ့ ၂၀၀၀ ခုနစ်က လက်ထပ်ခဲ့ပြီး ၂၀၀၅ ခုနစ်မှာကွာရှင်းခဲ့ပါတယ်။၂၀၁၁ ခုနစ်မှာ Justin Theroux နဲ့ထပ်မံအိမ်ထောင်ပြုခဲ့ပြီး ၂၀၁၇ ခုနစ်မှာကွာရှင်းပြတ်စဲခဲ့တာဖြစ်ပါတယ်။
Relationship နဲ့ပတ်သက်ပြီး ဒီလိုအဆင်မပြေမှုတွေဟာသူမရဲ့ငယ်ဘဝဖြတ်သန်းမှုတွေကြောင့်ဖြစ်တယ်လို့ သူမကသုံးသပ်ထားပါတယ်။သူမရဲ့အဖေနဲ့အမေဟာ သူမငယ်ငယ်လေးကတည်းကကွဲခဲ့ကြတာဖြစ်ပြီးသူမအနေနဲ့တစ်ယောက်တည်းနေရတာကိုပိုသဘောကျနှစ်ခြိုက်လာခဲ့တာဖြစ်ပါတယ်။အိမ်ထောင်ရေးမှာ သူမရဲ့မိဘတွေတုန်းကလိုမဖြစ်စေရဘူးလို့ဆုံးဖြတ်ထားပေမယ့် နောက်ဆုံးမှာတော့ကွာရှင်းဖြစ်သွားတာပါပဲလို့ သူမကအဆင်မပြေမှုတွေအကြောင်းကိုပြောခဲ့ပါတယ်။လက်ရှိမှာတော့ သူမဟာ ကိုယ့်ရဲ့လိုအပ်ချက်နဲ့လိုချင်တာတွေကိုသေသေချာချာသိရှိပြီးပျော်ပျော်ရွှင်ရွှင်နေထိုင်နေသလို Relationship ကိုတော့နည်းနည်းကြောက်ရွံ့မိတယ်လို့ WSJ မဂ္ဂဇင်းနဲ့အင်တာဗျူးမှာဖွင့်ဟခဲ့တာဖြစ်ပါတယ်။
Ju Ju
zawgyi
Ju Ju
Leave a Reply