IU ရဲ့ပထမဆုံး Fan Concert ကိုစက်တင်ဘာလထဲပြုလုပ်မယ်

I + UN1VER5E လို့နာမည်ပေးထားတဲ့ IU ရဲ့ ပထမဆုံး Fan Concert ကိုစက်တင်ဘာလထဲမှာကျင်းပသွားမယ်လို့သိရပါတယ်။ ဒီ Concert နာမည်ဟာ I + Universe ကိုရည်ညွှန်းတာဖြစ်ပြီး IU နဲ့ IU ရဲ့ Official Fandom Name ဖြစ်တဲ့ UAENAs ကိုရည်ညွှန်းပါတယ်။ IU နဲ့ IU ကိုထောက်ခံအားပေးသူတွေဟာ အတိတ်၊ပစ္စုပ္ပါန်မှာလည်းမခွဲအတူရှိသလို အနာဂတ်အထိအခုလိုမျိုးဆက်လက်တည်ရှိနေဦးမယ်ဆိုတာကို အဓိကဖော်ကျူးတာဖြစ်ပါတယ်။IU လို့စတင်ပွဲထွက်လာချိန်ကနေ လက်ရှိအချိန်ထိ သူမနဲ့သူမရဲ့ Fan တွေကြားခိုင်မာတဲ့ဆက်ဆံရေးတည်ရှိခဲ့ခြင်းအမှတ်တရအဖြစ်ဒီပွဲကိုလုပ်ဆောင်တာဖြစ်တယ်လို့ဆိုထားပါတယ်။ပွဲရဲ့ပုံစံကတော့ Fan Meeting နဲ့ Concert ရောနှောပြီးနွေးထွေးပျော်ရွှင်စရာကောင်းအောင်ဖန်တီးမယ်လို့ သိရပါတယ်။ဒီ Concert ကို စက်တင်ဘာလ ၂၃ နဲ့ ၂၄ ရက်နေ့တွေမှာ ဆိုးလ်မှာရှိတဲ့ KSPO Dome မှာကျင်းပမှာဖြစ်ပြီး လက်မှတ်တွေကိုတော့ စက်တင်ဘာလ ၄ရက်နေ့မှာစတင်ရောင်းချမယ်လို့သိရပါတယ်။

Ju Ju

zawgyi

I + UN1VER5E လို႔နာမည္ေပးထားတဲ့ IU ရဲ႕ ပထမဆုံး Fan Concert ကိုစက္တင္ဘာလထဲမွာက်င္းပသြားမယ္လို႔သိရပါတယ္။ ဒီ Concert နာမည္ဟာ I + Universe ကိုရည္ၫႊန္းတာျဖစ္ၿပီး IU နဲ႔ IU ရဲ႕ Official Fandom Name ျဖစ္တဲ့ UAENAs ကိုရည္ၫႊန္းပါတယ္။ IU နဲ႔ IU ကိုေထာက္ခံအားေပးသူေတြဟာ အတိတ္၊ပစၥဳပၸါန္မွာလည္းမခြဲအတူရွိသလို အနာဂတ္အထိအခုလိုမ်ိဳးဆက္လက္တည္ရွိေနဦးမယ္ဆိုတာကို အဓိကေဖာ္က်ဴးတာျဖစ္ပါတယ္။IU လို႔စတင္ပြဲထြက္လာခ်ိန္ကေန လက္ရွိအခ်ိန္ထိ သူမနဲ႔သူမရဲ႕ Fan ေတြၾကားခိုင္မာတဲ့ဆက္ဆံေရးတည္ရွိခဲ့ျခင္းအမွတ္တရအျဖစ္ဒီပြဲကိုလုပ္ေဆာင္တာျဖစ္တယ္လို႔ဆိုထားပါတယ္။ပြဲရဲ႕ပုံစံကေတာ့ Fan Meeting နဲ႔ Concert ေရာေႏွာၿပီးေႏြးေထြးေပ်ာ္႐ႊင္စရာေကာင္းေအာင္ဖန္တီးမယ္လို႔ သိရပါတယ္။ဒီ Concert ကို စက္တင္ဘာလ ၂၃ နဲ႔ ၂၄ ရက္ေန႔ေတြမွာ ဆိုးလ္မွာရွိတဲ့ KSPO Dome မွာက်င္းပမွာျဖစ္ၿပီး လက္မွတ္ေတြကိုေတာ့ စက္တင္ဘာလ ၄ရက္ေန႔မွာစတင္ေရာင္းခ်မယ္လို႔သိရပါတယ္။

Ju Ju

 

Be the first to comment

Leave a Reply

Your email address will not be published.


*