အလုပ်အင်တာဗျူးအတွက် သင်မကြားဖူးသေးတဲ့အကြံပြုချက် ၅ ချက်

အလုပ်အင်တာဗျူးသွားဖြေတဲ့အခါ ဘယ်လိုပြင်ဆင်ရမယ်၊ ကိုယ်ဟန်အမူအရာဘယ်လိုရှိနေရမယ်၊ဘာတွေဝတ်စားသွားရမယ့် စတဲ့အကြောင်းအရာတွေကိုအများကြီးကြားဖူးထားမှာသေချာပါတယ်။ဒါပေမဲ့ အခုဖော်ပြမယ့်အကြံပြုချက် ၅ ချက်ကတော့ခဏခဏကြားဖူးနေမှာမဟုတ်တာသေချာပါတယ်။အဲဒါကဘာတွေလဲဆိုရင်တော့…

၁.ကိုယ့်ကိုအင်တာဗျူးမယ့်သူအကြောင်းလေ့လာပါ
အင်တာဗျူးမဝင်ခင် ကိုယ်အလုပ်လျှောက်မယ့် ကုမ္ပဏီအကြောင်းကိုလေ့လာရမယ်ဆိုတာကတော့သိရှိပြီးဖြစ်မှာပါ။ အဲဒီထက်ပိုပြီးလေ့လာနိုင်တာကတော့ ကိုယ့်ကိုအင်တာဗျူးမယ့်သူအကြောင်းပါပဲ။အင်တာဗျူးမယ့်သူက ဘယ်သူဆိုတာကိုသိရရင် သူ့အကြောင်းကို Linkedin နဲ့ တခြားသော Social Media တွေမှာပါလေ့လာထားနိုင်ပါတယ်။ ဒီလိုလေ့လာထားမယ်ဆိုရင် အင်တာဗျူးဖြေတဲ့အခါကိုယ်ကအရမ်းကြီးစိတ်လှုပ်ရှားနေတာမျိုးမရှိတော့ပါဘူး။ သူနဲ့ကိုယ်ကြား အကြိုက်တူတာလေးတွေ၊အတွေးအမြင်တူတာလေးတွေကိုပါပြောနိုင်တာမို့ ကိုယ့်ကိုလည်း စိတ်ဖိစီးမှုမများစေဘဲသက်သောင့်သက်သာဖြစ်စေပါတယ်။

၂. အရေးပေါ်ကိစ္စလေးတွေအတွက်ပြင်ဆင်ပါ
အင်တာဗျူးဖြေတဲ့အချိန်မှာ လူတိုင်းအနည်းနဲ့အများစိတ်လှုပ်ရှားတတ်ကြတာမို့ပြဿနာသေးသေးလေးတွေလည်းပေါ်လာတတ်ပါတယ်။ တစ်ခါတလေမှာကိုယ့်ကြောင့်မဟုတ်ပေမယ့်သူဌေးဘက်ကကိစ္စတစ်ခုခုကြောင့်နောက်ကျတတ်တာမျိုးရှိတာမို့စောင့်ဆိုင်းရချိန်တွေပိုကြာတတ်ပါတယ်။ဒါကြောင့် လူချင်းတွေ့ပြီးဖြေဆိုရမယ့်အင်တာဗျူးတွေဆိုရင် ဒါလေးတွေဆောင်သွားပါ။ဘောပင်နဲ့ မှတ်စုစာအုပ်ရေဗူးနဲ့မုန့်လေးအနည်းငယ်ပူရှိန်းငုံဆေးချိုင်းချွေးနံ့ပျောက်ဆေးဖုန်းအားသွင်းကြိုး တို့ဖြစ်ပါတယ်။Online ကနေတွေ့ရမယ့်အင်တာဗျူးမျိုးဆိုရင်တော့ကိုယ့်ရဲ့ Privacy၊ အင်တာနက် Connection ကောင်းကောင်း၊ မီးအလင်းရောင်၊ လိုရမယ်ရ Print ထုတ်ထားတဲ့သင့်ရဲ့CV တို့ကိုသတိပြုပြင်ဆင်သင့်ပါတယ်။

၃. ကိုယ့်ရဲ့ Soft Skills တွေကိုလည်းမမေ့ပါနဲ့
အင်တာဗျူးဖြေတဲ့အခါ များသောအားဖြင့် ဘယ်ကျောင်းကပြီးပါတယ်၊ဘာတွေလုပ်နိုင်ပါတယ်ဆိုတာကိုပဲ အဓိကထားဖြေဆိုမိတတ်ကြပါတယ်။ တကယ်တော့ကိုယ့်ရဲ့အသင်းအဖွဲ့စိတ်ဓာတ်၊ ရင်းနှီးခင်မင်လွယ်တာ၊ မြန်မြန်သင်ယူနိုင်တာ၊ ညှိနှိုင်းပြောဆိုနိုင်တာစတဲ့အချက်တွေကိုလည်းသိအောင်ထည့်ပြောပေးဖို့လိုပါတယ်။ Hard Skills တွေဟာသင်ကြားတတ်မြောက်နိုင်ပေမယ့် ပင်ကိုဗီဇနဲ့အများကြီးသက်ဆိုင်တဲ့ Soft Skills တွေကသင်ကြားရုံနဲ့မရနိုင်တာမို့ပါ။

၄. ကိုယ်အမူအရာအတွက်လက်တွေ့လေ့ကျင့်ပါ
အင်တာဗျူးဖြေရမယ့်ခုံမှာထိုင်ရင် ခန္ဓာကိုယ်အနေအထားကို ဘယ်လိုထားရမယ်ဆိုတာကိုစာထဲမှာသိရှိမှတ်သားပြီးမှာဖြစ်ပေမယ့်လက်တွေ့အနေနဲ့သုံး၊လေးကြိမ်လေ့ကျင့်ထားတာကအကောင်းဆုံးပါပဲ။တစ်ခါတလေမှာ စိတ်လှုပ်ရှားမှုကြောင့် ဦးနှောက်ကသတင်းပို့ဖို့နောက်ကျတတ်ပါတယ်။ ဒါကြောင့်အိမ်မှာလက်တွေ့ပြုမူလေ့ကျင့်ထားမယ်ဆိုရင်တော့ ဦးနှောက်နဲ့ခန္ဓာကိုယ်တစ်သားတည်းကျပြီးအမှားအယွင်းမရှိနိုင်တော့ပါဘူး။

၅. ကိုယ့်ဘက်ကလည်းမေးခွန်းတွေပြင်ဆင်ထားပါ
တကယ်တော့အင်တာဗျူးဖြေတယ်ဆိုတာ နှစ်လမ်းသွားပါ။ အင်တာဗျူးမေးသူကလည်းကိုယ့်ကိုသူတို့ကုမ္ပဏီအတွက် သင့်တော်၊မတော်အကဲခတ်တာဖြစ်သလို ကိုယ်ကလည်း ဒီကုမ္ပဏီဟာကိုယ့်အတွက်သင့်တော်ရဲ့လားဆိုတာကို ဆုံးဖြတ်ရမှာပဲဖြစ်ပါတယ်။ဒါကြောင့်ကိုယ်မေးချင်တာလေးတွေ၊ ‌တောင်းဆိုညှိနှိုင်းချင်တာတွေ၊အလုပ်သမားအခွင့်အရေးနဲ့ပတ်သက်တာတွေစသဖြင့်မေးခွန်းလေးတွေကြိုတင်ပြင်ဆင်သွားသင့်ပါတယ်။ ကိုယ့်ဘက်ကဘာမှမေးစရာမရှိဘူးဆိုပြီးမမေးတဲ့အခါ အင်တာဗျူးသူကဒီအလုပ်အပေါ်စိတ်ဝင်စားမှုူနည်းတယ်ဆိုတာမျိုးယူဆသွားတတ်ပါတယ်။ ဒါကြောင့်မဖြစ်မနေမေးခွန်းမေးသင့်ပါတယ်။

Ju Ju

zawgyi

အလုပ္အင္တာဗ်ဴးသြားေျဖတဲ့အခါ ဘယ္လိုျပင္ဆင္ရမယ္၊ ကိုယ္ဟန္အမူအရာဘယ္လိုရွိေနရမယ္၊ဘာေတြဝတ္စားသြားရမယ့္ စတဲ့အေၾကာင္းအရာေတြကိုအမ်ားႀကီးၾကားဖူးထားမွာေသခ်ာပါတယ္။ဒါေပမဲ့ အခုေဖာ္ျပမယ့္အႀကံျပဳခ်က္ ၅ ခ်က္ကေတာ့ခဏခဏၾကားဖူးေနမွာမဟုတ္တာေသခ်ာပါတယ္။အဲဒါကဘာေတြလဲဆိုရင္ေတာ့…

၁.ကိုယ့္ကိုအင္တာဗ်ဴးမယ့္သူအေၾကာင္းေလ့လာပါ
အင္တာဗ်ဴးမဝင္ခင္ ကိုယ္အလုပ္ေလွ်ာက္မယ့္ ကုမၸဏီအေၾကာင္းကိုေလ့လာရမယ္ဆိုတာကေတာ့သိရွိၿပီးျဖစ္မွာပါ။ အဲဒီထက္ပိုၿပီးေလ့လာႏိုင္တာကေတာ့ ကိုယ့္ကိုအင္တာဗ်ဴးမယ့္သူအေၾကာင္းပါပဲ။အင္တာဗ်ဴးမယ့္သူက ဘယ္သူဆိုတာကိုသိရရင္ သူ႔အေၾကာင္းကို Linkedin နဲ႔ တျခားေသာ Social Media ေတြမွာပါေလ့လာထားႏိုင္ပါတယ္။ ဒီလိုေလ့လာထားမယ္ဆိုရင္ အင္တာဗ်ဴးေျဖတဲ့အခါကိုယ္ကအရမ္းႀကီးစိတ္လႈပ္ရွားေနတာမ်ိဳးမရွိေတာ့ပါဘူး။ သူနဲ႔ကိုယ္ၾကား အႀကိဳက္တူတာေလးေတြ၊အေတြးအျမင္တူတာေလးေတြကိုပါေျပာႏိုင္တာမို႔ ကိုယ့္ကိုလည္း စိတ္ဖိစီးမႈမမ်ားေစဘဲသက္ေသာင့္သက္သာျဖစ္ေစပါတယ္။

၂. အေရးေပၚကိစၥေလးေတြအတြက္ျပင္ဆင္ပါ
အင္တာဗ်ဴးေျဖတဲ့အခ်ိန္မွာ လူတိုင္းအနည္းနဲ႔အမ်ားစိတ္လႈပ္ရွားတတ္ၾကတာမို႔ျပႆနာေသးေသးေလးေတြလည္းေပၚလာတတ္ပါတယ္။ တစ္ခါတေလမွာကိုယ့္ေၾကာင့္မဟုတ္ေပမယ့္သူေဌးဘက္ကကိစၥတစ္ခုခုေၾကာင့္ေနာက္က်တတ္တာမ်ိဳးရွိတာမို႔ေစာင့္ဆိုင္းရခ်ိန္ေတြပိုၾကာတတ္ပါတယ္။ဒါေၾကာင့္ လူခ်င္းေတြ႕ၿပီးေျဖဆိုရမယ့္အင္တာဗ်ဴးေတြဆိုရင္ ဒါေလးေတြေဆာင္သြားပါ။ေဘာပင္နဲ႔ မွတ္စုစာအုပ္ေရဗူးနဲ႔မုန႔္ေလးအနည္းငယ္ပူရွိန္းငုံေဆးခ်ိဳင္းေခြၽးနံ႔ေပ်ာက္ေဆးဖုန္းအားသြင္းႀကိဳး တို႔ျဖစ္ပါတယ္။Online ကေနေတြ႕ရမယ့္အင္တာဗ်ဴးမ်ိဳးဆိုရင္ေတာ့ကိုယ့္ရဲ႕ Privacy၊ အင္တာနက္ Connection ေကာင္းေကာင္း၊ မီးအလင္းေရာင္၊ လိုရမယ္ရ Print ထုတ္ထားတဲ့သင့္ရဲ႕CV တို႔ကိုသတိျပဳျပင္ဆင္သင့္ပါတယ္။

၃. ကိုယ့္ရဲ႕ Soft Skills ေတြကိုလည္းမေမ့ပါနဲ႔
အင္တာဗ်ဴးေျဖတဲ့အခါ မ်ားေသာအားျဖင့္ ဘယ္ေက်ာင္းကၿပီးပါတယ္၊ဘာေတြလုပ္ႏိုင္ပါတယ္ဆိုတာကိုပဲ အဓိကထားေျဖဆိုမိတတ္ၾကပါတယ္။ တကယ္ေတာ့ကိုယ့္ရဲ႕အသင္းအဖြဲ႕စိတ္ဓာတ္၊ ရင္းႏွီးခင္မင္လြယ္တာ၊ ျမန္ျမန္သင္ယူႏိုင္တာ၊ ညႇိႏႈိင္းေျပာဆိုႏိုင္တာစတဲ့အခ်က္ေတြကိုလည္းသိေအာင္ထည့္ေျပာေပးဖို႔လိုပါတယ္။ Hard Skills ေတြဟာသင္ၾကားတတ္ေျမာက္ႏိုင္ေပမယ့္ ပင္ကိုဗီဇနဲ႔အမ်ားႀကီးသက္ဆိုင္တဲ့ Soft Skills ေတြကသင္ၾကား႐ုံနဲ႔မရႏိုင္တာမို႔ပါ။

၄. ကိုယ္အမူအရာအတြက္လက္ေတြ႕ေလ့က်င့္ပါ
အင္တာဗ်ဴးေျဖရမယ့္ခုံမွာထိုင္ရင္ ခႏၶာကိုယ္အေနအထားကို ဘယ္လိုထားရမယ္ဆိုတာကိုစာထဲမွာသိရွိမွတ္သားၿပီးမွာျဖစ္ေပမယ့္လက္ေတြ႕အေနနဲ႔သုံး၊ေလးႀကိမ္ေလ့က်င့္ထားတာကအေကာင္းဆုံးပါပဲ။တစ္ခါတေလမွာ စိတ္လႈပ္ရွားမႈေၾကာင့္ ဦးေႏွာက္ကသတင္းပို႔ဖို႔ေနာက္က်တတ္ပါတယ္။ ဒါေၾကာင့္အိမ္မွာလက္ေတြ႕ျပဳမူေလ့က်င့္ထားမယ္ဆိုရင္ေတာ့ ဦးေႏွာက္နဲ႔ခႏၶာကိုယ္တစ္သားတည္းက်ၿပီးအမွားအယြင္းမရွိႏိုင္ေတာ့ပါဘူး။

၅. ကိုယ့္ဘက္ကလည္းေမးခြန္းေတြျပင္ဆင္ထားပါ
တကယ္ေတာ့အင္တာဗ်ဴးေျဖတယ္ဆိုတာ ႏွစ္လမ္းသြားပါ။ အင္တာဗ်ဴးေမးသူကလည္းကိုယ့္ကိုသူတို႔ကုမၸဏီအတြက္ သင့္ေတာ္၊မေတာ္အကဲခတ္တာျဖစ္သလို ကိုယ္ကလည္း ဒီကုမၸဏီဟာကိုယ့္အတြက္သင့္ေတာ္ရဲ႕လားဆိုတာကို ဆုံးျဖတ္ရမွာပဲျဖစ္ပါတယ္။ဒါေၾကာင့္ကိုယ္ေမးခ်င္တာေလးေတြ၊ ‌ေတာင္းဆိုညႇိႏႈိင္းခ်င္တာေတြ၊အလုပ္သမားအခြင့္အေရးနဲ႔ပတ္သက္တာေတြစသျဖင့္ေမးခြန္းေလးေတြႀကိဳတင္ျပင္ဆင္သြားသင့္ပါတယ္။ ကိုယ့္ဘက္ကဘာမွေမးစရာမရွိဘူးဆိုၿပီးမေမးတဲ့အခါ အင္တာဗ်ဴးသူကဒီအလုပ္အေပၚစိတ္ဝင္စားမႈူနည္းတယ္ဆိုတာမ်ိဳးယူဆသြားတတ္ပါတယ္။ ဒါေၾကာင့္မျဖစ္မေနေမးခြန္းေမးသင့္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*