ပြဿနာဖြေရှင်းခြင်းအတွက် အဆင့် (၅) ဆင့်

သင်ကိုင်တွယ်ဖြေရှင်းရန် လိုအပ်တဲ့ ပြဿနာတစ်ခု ရှိနေနိုင်ပါတယ်။ ဒါမှမဟုတ်နောက်တကြိမ်ကြုံလာရတဲ့အခါမှာ အဆင်သင့်ဖြစ်နေချင်လား။ ဘာပဲဖြစ်ဖြစ်ပြဿနာဖြေရှင်းတာနဲ့ပတ်သက်ပြီး ဒီအဆင့်ငါးဆင့်နဲ့ အကျွမ်းတဝင်ရှိနေတာကောင်းပါတယ်။

ပြဿနာကိုဖော်ထုတ်ပါ

ပထမအဆင့်မှာ ပြဿနာက ဘယ်ဟာလဲဆိုတာ သိနိုင်ဖို့ဖြစ်ပါတယ်။ တခါတလေမှာလည်းပြဿနာရဲ့အရင်းအမြစ်ကိုဖော်ထုတ်မှသာ ပြဿနာကဘာလဲဆိုတာကိုသေသေချာချာသိနိုင်ပြီး ဖြေရှင်းဖို့နည်းလမ်းရှာရတာမဟုတ်လား။ ဒါကြောင့်ပထမဆုံးအချက်ကတော့ ပြဿနာရဲ့မူလဇစ်မြစ်ကို ရှာဖွေဖို့လိုအပ်ပါတယ်။အကောင်းဆုံးလုပ်ဆောင်မှုကတော့ အချက်အလက်များကိုတတ်နိုင်သမျှစုဆောင်းဖို့ပဲဖြစ်ပါတယ်။ ပါဝင်ပတ်သက်သူများနဲ့ ဆွေးနွေးရန်နဲ့အချက်အလက်များ ထင်မြင်ယူဆက်ချက်များကို ခွဲထုတ်ဖို့ဖြစ်ပါတယ်။

ပြဿနာကို ခွဲခြားပါ

ပြဿနာကို ခွဲခြားသိမြင်ခြင်းက ဒါကိုဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ အချက်နဲ့ဘယ်လိုအဆင့်တွေလုပ်ဆောင်ရမလဲဆိုတာကို သိနိုင်ပါတယ်။ ပထမဦးစွာပြဿနာကိုဖြစ်စေတဲ့ အချက်များကိုခွဲလိုက်ပါ။ ပြီးနောက် ပြဿနာဖြေရှင်းရန်နဲ့အဆင့်တခုစီအတွက် ပြီးစီးမှုအချိန် ဇယားတခုချမှတ်ထားဖို့ပါ။

ဖြစ်နိုင်ချေရှိသော ဖြေရှင်းချက်များကို ဖန်တီးပါ

ဒီအဆင့်ရဲ့ရည်ရွယ်ချက်ကတော့ ဖြစ်နိုင်ချေရှိတဲ့ ဖြေရှင်းနည်းများကို အကဲဖြတ်ဖို့မဟုတ်ဘဲတတ်နိုင်သမျှ အကြံဉာဏ်များရရှိအောင်ဖန်တီးဖို့ပဲဖြစ်ပါတယ်။ကိုယ့်ရဲ့အဖွဲ့ဆီကနေ အကြံဉာဏ်တွေ၊ အတွေးအခေါ်တွေကိုထွက်ပေါ်လာစေဖို့ စိတ်ရှည်မှုနဲ့ခွန်အားပေးပါ။ အ ကောင်းဆုံးဖြေရှင်းချက်က ပထမဆုံးမဟုတ်သလိုအများကြိုက်လည်းမဟုတ်ရပါဘူး။မတူညီတဲ့ဗျူတခု ဒါမှမဟုတ် တခုထက်ပိုတဲ့ နည်းဗျူဟာတွေနဲ့ ဖြေရှင်းချက်များကိုဖန်တီးပါ။ပိုမိုဖန်တီးနိုင်လေကောင်းလေပါပဲ။

ဖြစ်နိုင်ချေရှိသော ဖြေရှင်းချက်များကို အကဲဖြတ်ပါ

ဖြစ်နိုင်ချေရှိတဲ့ ဖြေရှင်းချက်များကို သင်ဖန်တီးပြီးတာနဲ့ ဒီအချက်တွေကိုဆန်ခါတင်ရွေးချယ်ဖို့လုပ်ပါ။ ပြီးတော့ ဆန်ခါတင်ထဲကနေအ ကောင်းဆုံးနည်းလမ်းကိုပြန်လည်ရွေးချယ်ပါ။ဒီနေရာမှာစဉ်းစားရမယ့်အချက်များစွာရှိပါတယ်။ ဒါကြောင့် အဖြေတခုကိုအကဲဖြတ်တဲ့အခါဒီမေးခွန်းတွေကို သင့်ကိုယ်သင်မေးကြည့်ပါ။ဒီဖြေရှင်းချက်က အဖွဲ့အစည်းဆိုင်ရာ ရည်မှန်းချက်နဲ့ ကိုက်ညီပါသလား။ ဖြေရှင်းချက်ကလိုချင်တဲ့ ရလဒ်များရရှိဖို့ အလားအလာရှိသလား။ ဖြေရှင်းချက်က လက်တွေ့ကျပြီးလက်ရှိအရင်းအမြစ်များနဲ့ ကန့်သတ်ချက်များဖြစ်နိုင်သလား။ နောက်ထပ်မလိုလားအပ်တဲ့ပြဿနာတွေမဖြစ်စေဘဲ ပြဿနာဖြေရှင်းနည်းက မှန်ကန်အောင်ဖြေရှင်းနိုင်မှာလားဆိုတဲ့မေး ခွန်းတွေပဲဖြစ်ပါတယ်။

ဖြေရှင်းချက်များကို အကောင်အထည်ဖော်ပြီး စောင့်ကြည့်ပါ

ဖြေရှင်းချက်တခုကိုအကောင်အထည်ဖော်ပြီးတာနဲ့ စောင့်ကြည့်ရပါမယ်။ ဒါပေမဲ့ အလုပ်ကအဲဒီမှာမရပ်ဘူး။ သင့်ဖြေရှင်းချက်က ပြ ဿနာကိုအမှန်တကယ်ဖြေရှင်းနိုင်မှာလားဆိုတာပါ။ပါဝင်တဲ့အဖွဲ့ဝင်များထံကနေ ပုံမှန်အကြံပြုချက်တောင်းခံပြီး တိုးတက်မှုကိုတိုင်းတာဖို့အတွက်စောင့်ကြည့်အကဲဖြတ်ဖို့ အစီအစဉ်တခုထားရှိပါ။ တကယ်လို့ ဖြေရှင်းချက်က သင်လိုချင်တဲ့ရလဒ်တွေ မအောင်မြင်ဘူးဆိုရင် ဒီလုပ်ငန်းစဉ်အဆင့်ဆင့်ကို ထပ်မံစတင်ပါ။ဒီအချက်ငါးချက်ကတော့ ပြဿနာတခုဖြေရှင်းဖို့အတွက် အဆင့်ငါးဆင့်ပဲဖြစ်ပါတယ်။ပြ ဿနာကြုံလာရတဲ့အခါမှာ မှန်ကန်စွာနဲ့ ဖြေရှင်းနိုင်ဖို့ အထောက်အကူဖြစ်မယ်လို့မျှော်လင့်မိပါတယ်။

MYit

zawgyi

သင္ကိုင္တြယ္ေျဖရွင္းရန္ လိုအပ္တဲ့ ျပႆနာတစ္ခု ရွိေနႏိုင္ပါတယ္။ ဒါမွမဟုတ္ေနာက္တႀကိမ္ႀကဳံလာရတဲ့အခါမွာ အဆင္သင့္ျဖစ္ေနခ်င္လား။ ဘာပဲျဖစ္ျဖစ္ျပႆနာေျဖရွင္းတာနဲ႔ပတ္သက္ၿပီး ဒီအဆင့္ငါးဆင့္နဲ႔ အကြၽမ္းတဝင္ရွိေနတာေကာင္းပါတယ္။

ျပႆနာကိုေဖာ္ထုတ္ပါ

ပထမအဆင့္မွာ ျပႆနာက ဘယ္ဟာလဲဆိုတာ သိႏိုင္ဖို႔ျဖစ္ပါတယ္။ တခါတေလမွာလည္းျပႆနာရဲ႕အရင္းအျမစ္ကိုေဖာ္ထုတ္မွသာ ျပႆနာကဘာလဲဆိုတာကိုေသေသခ်ာခ်ာသိႏိုင္ၿပီး ေျဖရွင္းဖို႔နည္းလမ္းရွာရတာမဟုတ္လား။ ဒါေၾကာင့္ပထမဆုံးအခ်က္ကေတာ့ ျပႆနာရဲ႕မူလဇစ္ျမစ္ကို ရွာေဖြဖို႔လိုအပ္ပါတယ္။အေကာင္းဆုံးလုပ္ေဆာင္မႈကေတာ့ အခ်က္အလက္မ်ားကိုတတ္ႏိုင္သမွ်စုေဆာင္းဖို႔ပဲျဖစ္ပါတယ္။ ပါဝင္ပတ္သက္သူမ်ားနဲ႔ ေဆြးေႏြးရန္နဲ႔အခ်က္အလက္မ်ား ထင္ျမင္ယူဆက္ခ်က္မ်ားကို ခြဲထုတ္ဖို႔ျဖစ္ပါတယ္။

ျပႆနာကို ခြဲျခားပါ

ျပႆနာကို ခြဲျခားသိျမင္ျခင္းက ဒါကိုဘယ္လိုေျဖရွင္းရမလဲဆိုတဲ့ အခ်က္နဲ႔ဘယ္လိုအဆင့္ေတြလုပ္ေဆာင္ရမလဲဆိုတာကို သိႏိုင္ပါတယ္။ ပထမဦးစြာျပႆနာကိုျဖစ္ေစတဲ့ အခ်က္မ်ားကိုခြဲလိုက္ပါ။ ၿပီးေနာက္ ျပႆနာေျဖရွင္းရန္နဲ႔အဆင့္တခုစီအတြက္ ၿပီးစီးမႈအခ်ိန္ ဇယားတခုခ်မွတ္ထားဖို႔ပါ။

ျဖစ္ႏိုင္ေခ်ရွိေသာ ေျဖရွင္းခ်က္မ်ားကို ဖန္တီးပါ

ဒီအဆင့္ရဲ႕ရည္႐ြယ္ခ်က္ကေတာ့ ျဖစ္ႏိုင္ေခ်ရွိတဲ့ ေျဖရွင္းနည္းမ်ားကို အကဲျဖတ္ဖို႔မဟုတ္ဘဲတတ္ႏိုင္သမွ် အႀကံဉာဏ္မ်ားရရွိေအာင္ဖန္တီးဖို႔ပဲျဖစ္ပါတယ္။ကိုယ့္ရဲ႕အဖြဲ႕ဆီကေန အႀကံဉာဏ္ေတြ၊ အေတြးအေခၚေတြကိုထြက္ေပၚလာေစဖို႔ စိတ္ရွည္မႈနဲ႔ခြန္အားေပးပါ။ အ ေကာင္းဆုံးေျဖရွင္းခ်က္က ပထမဆုံးမဟုတ္သလိုအမ်ားႀကိဳက္လည္းမဟုတ္ရပါဘူး။မတူညီတဲ့ဗ်ဴတခု ဒါမွမဟုတ္ တခုထက္ပိုတဲ့ နည္းဗ်ဴဟာေတြနဲ႔ ေျဖရွင္းခ်က္မ်ားကိုဖန္တီးပါ။ပိုမိုဖန္တီးႏိုင္ေလေကာင္းေလပါပဲ။

ျဖစ္ႏိုင္ေခ်ရွိေသာ ေျဖရွင္းခ်က္မ်ားကို အကဲျဖတ္ပါ

ျဖစ္ႏိုင္ေခ်ရွိတဲ့ ေျဖရွင္းခ်က္မ်ားကို သင္ဖန္တီးၿပီးတာနဲ႔ ဒီအခ်က္ေတြကိုဆန္ခါတင္ေ႐ြးခ်ယ္ဖို႔လုပ္ပါ။ ၿပီးေတာ့ ဆန္ခါတင္ထဲကေနအ ေကာင္းဆုံးနည္းလမ္းကိုျပန္လည္ေ႐ြးခ်ယ္ပါ။ဒီေနရာမွာစဥ္းစားရမယ့္အခ်က္မ်ားစြာရွိပါတယ္။ ဒါေၾကာင့္ အေျဖတခုကိုအကဲျဖတ္တဲ့အခါဒီေမးခြန္းေတြကို သင့္ကိုယ္သင္ေမးၾကည့္ပါ။ဒီေျဖရွင္းခ်က္က အဖြဲ႕အစည္းဆိုင္ရာ ရည္မွန္းခ်က္နဲ႔ ကိုက္ညီပါသလား။ ေျဖရွင္းခ်က္ကလိုခ်င္တဲ့ ရလဒ္မ်ားရရွိဖို႔ အလားအလာရွိသလား။ ေျဖရွင္းခ်က္က လက္ေတြ႕က်ၿပီးလက္ရွိအရင္းအျမစ္မ်ားနဲ႔ ကန႔္သတ္ခ်က္မ်ားျဖစ္ႏိုင္သလား။ ေနာက္ထပ္မလိုလားအပ္တဲ့ျပႆနာေတြမျဖစ္ေစဘဲ ျပႆနာေျဖရွင္းနည္းက မွန္ကန္ေအာင္ေျဖရွင္းႏိုင္မွာလားဆိုတဲ့ေမး ခြန္းေတြပဲျဖစ္ပါတယ္။

ေျဖရွင္းခ်က္မ်ားကို အေကာင္အထည္ေဖာ္ၿပီး ေစာင့္ၾကည့္ပါ

ေျဖရွင္းခ်က္တခုကိုအေကာင္အထည္ေဖာ္ၿပီးတာနဲ႔ ေစာင့္ၾကည့္ရပါမယ္။ ဒါေပမဲ့ အလုပ္ကအဲဒီမွာမရပ္ဘူး။ သင့္ေျဖရွင္းခ်က္က ျပ ႆနာကိုအမွန္တကယ္ေျဖရွင္းႏိုင္မွာလားဆိုတာပါ။ပါဝင္တဲ့အဖြဲ႕ဝင္မ်ားထံကေန ပုံမွန္အႀကံျပဳခ်က္ေတာင္းခံၿပီး တိုးတက္မႈကိုတိုင္းတာဖို႔အတြက္ေစာင့္ၾကည့္အကဲျဖတ္ဖို႔ အစီအစဥ္တခုထားရွိပါ။ တကယ္လို႔ ေျဖရွင္းခ်က္က သင္လိုခ်င္တဲ့ရလဒ္ေတြ မေအာင္ျမင္ဘူးဆိုရင္ ဒီလုပ္ငန္းစဥ္အဆင့္ဆင့္ကို ထပ္မံစတင္ပါ။ဒီအခ်က္ငါးခ်က္ကေတာ့ ျပႆနာတခုေျဖရွင္းဖို႔အတြက္ အဆင့္ငါးဆင့္ပဲျဖစ္ပါတယ္။ျပ ႆနာႀကဳံလာရတဲ့အခါမွာ မွန္ကန္စြာနဲ႔ ေျဖရွင္းႏိုင္ဖို႔ အေထာက္အကူျဖစ္မယ္လို႔ေမွ်ာ္လင့္မိပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*