အိမ်ကနေအလုပ်လုပ်ရတဲ့သူတွေအတွက် ဆက်သွယ်ရေးအကြံပြုချက် (၅)ချက်

ဒါက Work from Home လုပ်ကိုင်နေရသူတွေအတွက် အကြံပြုချက်ပဲဖြစ်ပါတယ်။အိမ်ကအနေအလုပ်လုပ်ရတဲ့အခါ ဆက်သွယ်ရေးမှာ အားနည်းနေတယ်၊လစ်ဟာမှုတွေရှိနေတယ်လို့ ခံစားရနိုင်ပါတယ်။ ဥပမာ တယောက်နဲ့တယောက်အချိတ်အဆက်မမိတာ၊ အားနည်းတာတွေဖြစ်နိုင်ပါတယ်။ ဒီလိုတွေမဖြစ်ရအောင်ဒီအချက်တွေက အထောက်အကူဖြစ်စေဖို့ မျှော်လင့်ပါတယ်။

သင့်မန်နေဂျာများနဲ့ယုံကြည်မှုတည်ဆောက်တာ

အဓိကအချက်ကတော့ ဝန်ထမ်းများနဲ့ မန်နေဂျာများကြားမှာ ယုံကြည်မှုတည်ဆောက်ထားဖို့လိုပါတယ်။ တဦးနဲ့တဦး ယုံကြည်မှုလျော့ နည်းလာလေ တင်းမာမှုတွေ၊လစ်ဟာမှုတွေ တိုးလာစေပါတယ်။ မန်နေဂျာများက ဖြစ်နိုင်ချေရှိတဲ့ ပဋိပက္ခတွေကိုရှောင်ရှားလိုတာကနေ ဝန်ထမ်းများစိတ်အနှောင့်အယှက်ဖြစ်စေတာကို စိုးရိမ်တာအထိဝန်ထမ်းများကို တုံ့ပြန်ချက်ပေးဖို့ ကြောက်ရွံ့ကြပါတယ်။ ဒါပေမဲ့ ဝန် ထမ်းတွေဘက်ကလည်းတုံ့ပြန်ချက်ကို ပိုလိုချင်ကြပါတယ်။

များများပြောဆိုဆက်ဆံပါ

အိမ်မှာအလုပ်လုပ်တဲ့အခါ များများပြောဆိုဆက်ဆံတာက အမှားအယွင်းကင်းနိုင်ပါတယ်။တာဝန်များ၊ အသေးစိတ်များ၊ အစည်းအဝေးများနဲ့သင်မသေချာတဲ့အကြောင်းအရာများအတွက် ရှင်းလင်းချက်တောင်းဖို့ သေချာနေပါစေ။တကယ်လို့ သင်က Slack လိုမျိုး စာသားဆက်သွယ်ရေးပလက်ဖောင်တခုကိုအသုံးပြုပြီးတစုံတခုအကြောင်း မရှင်းလင်းပါက ဗီဒီယိုကွန်ဖရင့်ပြုလုပ်တာ၊ Zoom ခေါ်ဆိုတာတွေလုပ်သင့်ပါတယ်။ သင့်အဖွဲ့ကသင့်ရဲ့နားလည်သဘောပေါက်လိုစိတ်နဲ့အသေးစိတ်အချက်အလက်များအပေါ်သင့်ရဲ့အာရုံစိုက်မှုကို တန်ဖိုးထားပါလိမ့်မယ်။

လုပ်ဖော်ကိုင်ဖက်များနဲ့ ဆက်ဆံရေးကို ပြုစုပျိုးထောင်တာ

အလုပ်ခွင်မှာ သင်လုပ်မယ့် တူညီတဲ့ ဓလေ့ထုံးစံတွေကို လုပ်ဖို့က အိမ်မှာအလုပ်လုပ်တဲ့အခါမှာပိုအရေးကြီးပါတယ်။ သင့်လုပ်ဖော် ကိုင်ဖက်များနဲ့ ဆက်ဆံရေးကို ပြုစုပျိုးထောင်ပေးတာကမရှိမဖြစ်လိုအပ်တဲ့အစိတ်အပိုင်းတခုဖြစ်ပါတယ်။ အွန်လိုင်းစကားဝိုင်းများ၊ ဂရုများနဲ့တဦးချင်းစကားပြောဆိုမှုက တစိတ်တပိုင်းဖြစ်ပါတယ်။ သင့်တော်တဲ့အချိန်မှာအလွတ်သဘောဖြစ်စေ၊ အလုပ်သဘောဖြစ်စေ လုပ်သင့်ပါတယ်။တဖက်လူရဲ့မျက်နှာကို သင်မမြင်ရတဲ့အချိန်နဲ့ မြင်ရတဲ့အချိန်မှာ စကားဝိုင်းတွေကကွဲပြားသွားနိုင်ပါတယ်။ ဒါကြောင့် Virtual Face to Facet Catch-ups ကိုအချိန်ဖယ်ပေးသင့်ပါတယ်။

တုံ့ပြန်မှုရှိတာ

သင်က အဝေးကနေ အလုပ်လုပ်ရတဲ့အခါ အရေးကြီးတဲ့မက်ဆေ့ချ်များကိုအချိန်မဆိုင်းတုံ့ပြန်မှုကလည်း အရေးကြီးပါတယ်။

ထိရောက်တဲ့ ဆက်သွယ်မှု အလေ့အထကို တည်ဆောက်တာ

သင့်အဖွဲ့နဲ့ ပြောဆိုဆက်ဆံရာမှာ တွေးခေါ်မြော်မြင်မှု၊ ထောက်ထားစာနာမှုနဲ့ ဖြေရှင်းချက်ကိုအာရုံစိုက်ပါ။ ပွင့်လင်းမြင်သာမှုရှိခြင်းနဲ့ ထိထိရောက်ရောက်ဆက်သွယ်ခြင်းက ပြဿနာများကိုထိရောက်စွာဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းများထဲမှ တစ်ခုဖြစ်ပါတယ်။

MYit

zawgyi

ဒါက Work from Home လုပ္ကိုင္ေနရသူေတြအတြက္ အႀကံျပဳခ်က္ပဲျဖစ္ပါတယ္။အိမ္ကအေနအလုပ္လုပ္ရတဲ့အခါ ဆက္သြယ္ေရးမွာ အားနည္းေနတယ္၊လစ္ဟာမႈေတြရွိေနတယ္လို႔ ခံစားရႏိုင္ပါတယ္။ ဥပမာ တေယာက္နဲ႔တေယာက္အခ်ိတ္အဆက္မမိတာ၊ အားနည္းတာေတြျဖစ္ႏိုင္ပါတယ္။ ဒီလိုေတြမျဖစ္ရေအာင္ဒီအခ်က္ေတြက အေထာက္အကူျဖစ္ေစဖို႔ ေမွ်ာ္လင့္ပါတယ္။

သင့္မန္ေနဂ်ာမ်ားနဲ႔ယုံၾကည္မႈတည္ေဆာက္တာ

အဓိကအခ်က္ကေတာ့ ဝန္ထမ္းမ်ားနဲ႔ မန္ေနဂ်ာမ်ားၾကားမွာ ယုံၾကည္မႈတည္ေဆာက္ထားဖို႔လိုပါတယ္။ တဦးနဲ႔တဦး ယုံၾကည္မႈေလ်ာ့ နည္းလာေလ တင္းမာမႈေတြ၊လစ္ဟာမႈေတြ တိုးလာေစပါတယ္။ မန္ေနဂ်ာမ်ားက ျဖစ္ႏိုင္ေခ်ရွိတဲ့ ပဋိပကၡေတြကိုေရွာင္ရွားလိုတာကေန ဝန္ထမ္းမ်ားစိတ္အေႏွာင့္အယွက္ျဖစ္ေစတာကို စိုးရိမ္တာအထိဝန္ထမ္းမ်ားကို တုံ႔ျပန္ခ်က္ေပးဖို႔ ေၾကာက္႐ြံ႕ၾကပါတယ္။ ဒါေပမဲ့ ဝန္ ထမ္းေတြဘက္ကလည္းတုံ႔ျပန္ခ်က္ကို ပိုလိုခ်င္ၾကပါတယ္။

မ်ားမ်ားေျပာဆိုဆက္ဆံပါ

အိမ္မွာအလုပ္လုပ္တဲ့အခါ မ်ားမ်ားေျပာဆိုဆက္ဆံတာက အမွားအယြင္းကင္းႏိုင္ပါတယ္။တာဝန္မ်ား၊ အေသးစိတ္မ်ား၊ အစည္းအေဝးမ်ားနဲ႔သင္မေသခ်ာတဲ့အေၾကာင္းအရာမ်ားအတြက္ ရွင္းလင္းခ်က္ေတာင္းဖို႔ ေသခ်ာေနပါေစ။တကယ္လို႔ သင္က Slack လိုမ်ိဳး စာသားဆက္သြယ္ေရးပလက္ေဖာင္တခုကိုအသုံးျပဳၿပီးတစုံတခုအေၾကာင္း မရွင္းလင္းပါက ဗီဒီယိုကြန္ဖရင့္ျပဳလုပ္တာ၊ Zoom ေခၚဆိုတာေတြလုပ္သင့္ပါတယ္။ သင့္အဖြဲ႕ကသင့္ရဲ႕နားလည္သေဘာေပါက္လိုစိတ္နဲ႔အေသးစိတ္အခ်က္အလက္မ်ားအေပၚသင့္ရဲ႕အာ႐ုံစိုက္မႈကို တန္ဖိုးထားပါလိမ့္မယ္။

လုပ္ေဖာ္ကိုင္ဖက္မ်ားနဲ႔ ဆက္ဆံေရးကို ျပဳစုပ်ိဳးေထာင္တာ

အလုပ္ခြင္မွာ သင္လုပ္မယ့္ တူညီတဲ့ ဓေလ့ထုံးစံေတြကို လုပ္ဖို႔က အိမ္မွာအလုပ္လုပ္တဲ့အခါမွာပိုအေရးႀကီးပါတယ္။ သင့္လုပ္ေဖာ္ ကိုင္ဖက္မ်ားနဲ႔ ဆက္ဆံေရးကို ျပဳစုပ်ိဳးေထာင္ေပးတာကမရွိမျဖစ္လိုအပ္တဲ့အစိတ္အပိုင္းတခုျဖစ္ပါတယ္။ အြန္လိုင္းစကားဝိုင္းမ်ား၊ ဂ႐ုမ်ားနဲ႔တဦးခ်င္းစကားေျပာဆိုမႈက တစိတ္တပိုင္းျဖစ္ပါတယ္။ သင့္ေတာ္တဲ့အခ်ိန္မွာအလြတ္သေဘာျဖစ္ေစ၊ အလုပ္သေဘာျဖစ္ေစ လုပ္သင့္ပါတယ္။တဖက္လူရဲ႕မ်က္ႏွာကို သင္မျမင္ရတဲ့အခ်ိန္နဲ႔ ျမင္ရတဲ့အခ်ိန္မွာ စကားဝိုင္းေတြကကြဲျပားသြားႏိုင္ပါတယ္။ ဒါေၾကာင့္ Virtual Face to Facet Catch-ups ကိုအခ်ိန္ဖယ္ေပးသင့္ပါတယ္။

တုံ႔ျပန္မႈရွိတာ

သင္က အေဝးကေန အလုပ္လုပ္ရတဲ့အခါ အေရးႀကီးတဲ့မက္ေဆ့ခ်္မ်ားကိုအခ်ိန္မဆိုင္းတုံ႔ျပန္မႈကလည္း အေရးႀကီးပါတယ္။

ထိေရာက္တဲ့ ဆက္သြယ္မႈ အေလ့အထကို တည္ေဆာက္တာ

သင့္အဖြဲ႕နဲ႔ ေျပာဆိုဆက္ဆံရာမွာ ေတြးေခၚေျမာ္ျမင္မႈ၊ ေထာက္ထားစာနာမႈနဲ႔ ေျဖရွင္းခ်က္ကိုအာ႐ုံစိုက္ပါ။ ပြင့္လင္းျမင္သာမႈရွိျခင္းနဲ႔ ထိထိေရာက္ေရာက္ဆက္သြယ္ျခင္းက ျပႆနာမ်ားကိုထိေရာက္စြာေျဖရွင္းရန္ အေကာင္းဆုံးနည္းလမ္းမ်ားထဲမွ တစ္ခုျဖစ္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*