Green Flag တွေအဖြစ် တောက်ပတဲ့ ရာသီခွင် (၄)ခု
Relationship မှာ Green flag နဲ့ Red flag ဆိုပြီး ရှိတာကိုတော့ အားလုံးသိပြီးဖြစ်မှာပါ။အစိမ်းရောင်အလံကတော့ ချစ်ဆက်ဆံရေးမှာ သစ္စာခိုင်တည်တယ်၊ရေရှည်တည်မြဲတဲ့ဆက်ဆံရေးဖြစ်တယ်ဆိုပြီး သိကြပါတယ်။ အခုကတော့အစိမ်းရောင်အလံလေးတွေက ဘယ်ရာသီခွင်ဖြစ်မလဲဆိုတာ ဖတ်ကြည့်ကြရအောင်ပါ။
Taurus: April 20-May 20
တည်ကြည်တဲ့ ရာသီခွင်အဖြစ် Taurus လေးတွေက ရှိနေပါတယ်။ သူတို့ကအစိမ်းရောင်အလံလေးတွေအဖြစ် တောက်ပနေကြပါတယ်။ တည်ငြိမ်မှုနဲ့ ယုံကြည်စိတ်ချရမှုကိုကိုယ်စားပြုကြပါတယ်။ ချစ်ဆက်ဆံရေးမှာ ခိုင်မာတဲ့အခြေခံအုတ်မြစ်ကို ပံ့ပိုးပေးနိုင်ပြီးစိတ်လုံခြုံမှုပေးနိုင်တဲ့သူတွေဖြစ်ပါတယ်။ လက်တွေ့ကျတဲ့ ချဉ်းကပ်မှု၊ ကတိကဝတ်များကသူတို့ကို ယုံကြည်ထိုက်တဲ့ လက်တွဲဖော်များအဖြစ်ကိုရောက်ရှိစေပါတယ်။ ဒါကြောင့်ချစ်သူရွေးမယ်ဆိုရင် ဒီရာသီခွင်လေးတွေကလည်း ထည့်သွင်းစဉ်းစားသင့်တဲ့ထိပ်ဆုံးမှာရှိနေတဲ့ရာသီခွင်လေးတွေဖြစ်ကြပါတယ်။
Cancer: June 21-July 22
ဒီရာသီဖွားတွေက ကရုဏာနဲ့ စာနာမှုကိုဖော်ညွှန်းကြပါတယ်။ ဒါကြောင့်လည်းအစိမ်းရောင်အလံအုပ်စုထဲ ပါဝင်လာတာြဖစ်ပါတယ်။ သူတို့တွေကချစ်သူကိုဂရုစိုက်ချစ်ခင်တတ်ကြသူတွေဖြစ်ပါတယ်။ စိတ်ခံစားချက်တွေကိုနားလည်လွယ်တာကြောင့် ချစ်ဆက်ဆံရေးမှာ အစိမ်းရောင်အလံလေးတောက်ပစေပါတယ်။သူတို့ရဲ့ စိတ်ရင်းအမှန်နဲ့ ချစ်ခြင်းမေတ္တာတွေက အနာဂတ်လမ်းအတွက် တောက်ပတဲ့
အလင်းရောင်းဖြစ်စေပါတယ်။ ဒါကြောင့်ပဲ Cancer တွေက ချစ်မေတ္တာဆက်ဆံရေးမှာအစိမ်းရောင်အလံပိုင်ဆိုင်ထားကြသူတွေဖြစ်ပါတယ်။
Libra: September 23-October 22
ဒီရာသီဖွားလေးတွေကတော့ သဟဇာတနဲ့ တရားမျှတမှုကို ကိုယ်စားပြုတာကြောင့်သူတို့နဲ့ချစ်သူဖြစ်တဲ့အခါမှာလည်း အမြဲတမ်းကိုယ်ချင်းစာစိတ်နဲ့တွေးတောလုပ်ဆောင်တတ်တာကြောင့် အစိမ်းရောင်အလံကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ပဋိပက္ခတွေဖြေရှင်းရာမှာကျွမ်း ကျင်ပြီးတော့ ငြိမ်းချမ်းရေးသမားများလည်းဖြစ်ကြပါတယ်။လက်တွဲဖော်ကိုတန်ဖိုးထားပြီး ဆက်ဆံရေးတခုကို မျှခြေညီဖို့ ကြိုးပမ်းတတ်ကြပါတယ်။ဒါကြောင့်ပဲ အစိမ်းရောင်အလံတလူလူလွှင့်နိုင်ကြသူတွေဖြစ်ပါတယ်။
Pisces: February 19-March 20
ဒီရာသီဖွားလေးတွေကလည်း စိတ်ခံစားချက်များကို နက်နက်ရှိုင်းရှိုင်းနားလည်ခံစားတတ်ကြပြီး မယိုင်းယိမ်တဲ့ ပံ့ပိုးမှုများနဲ့ ချစ်သူအပေါ်မှာဖြည့်ဆည်းပေးတတ်ကြပါတယ်။ သူတို့ရဲ့သနားကြင်နာမှုနဲ့ အနုပညာခံစားမှုတွေကချစ်မေတ္တာရေးရာ အစိမ်းရောင်အလံအဖြစ်သတ် မှတ်ခံရတာဖြစ်ပါတယ်။
MYit
zawgyi
Taurus: April 20-May 20
Cancer: June 21-July 22
MYit
Be the first to comment
Leave a Reply
Your email address will not be published.
*