ဉာဏစူးစမ်းလိုစိတ်နဲ့ နမူနာမေးခွန်း (၅)ခု

ဉာဏစူးစမ်းလိုစိတ်ကို အသက်မွေးဝမ်းကြောင်းမှာ ဘယ်လိုအသုံးချမလဲ။ အခုပြောတဲ့မေးခွန်းတွေက သင့်ရဲ့ဉာဏစူးစမ်းလိုစိတ်အတွက် ဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်စေပါတယ်။သိချင်စိတ်၊ စူးစမ်းလိုစိတ်တွေနဲ့ ဒီနမူနာမေးခွန်းတွေကို လေ့လာနိုင်ပါတယ်။

နောက်ထပ်မေးခွန်းများမေးပါ

အစပိုင်းမှာမေးခွန်းများမေးတာက သင့်လုပ်ဖော်ကိုင်ဖက်များထက် စွမ်းရည်နည်းတာဒါမှမဟုတ် အသိပညာနည်းပါးတယ်လို့ ခံစားရစေပါတယ်။ ဒါပေမဲ့ ဒါက ကိစ္စမဟုတ်ပါဘူး။အရေးမကြီးပါဘူး။ မေးခွန်းများများမေးတာက အကြောင်းအရာတခုအကြောင်းကိုပိုမိုသိရှိလာစေဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ သင်နားမလည်တဲ့အရာများဒါမှမဟုတ် သင့်မှာရှိတဲ့ အထင်အမြင်လွဲမှားမှုများကို မေးခွန်းတွေက ရှင်းလင်းပေးပါလိမ့်မယ်။မေးခွန်းတွေက တုံးအတဲ့ မေးခွန်းတွေဖြစ်နေပါစေ မေးဖို့မကြောက်ပါနဲ့။ တခြားလူတွေကမေးခွန်းမမေးတာက သူတို့အကုန်သိတယ်လို့ မဆိုလိုပါဘူး။ သူတို့မေးဖို့ ချိတုံချတုံဖြစ်နေတာဖြစ်နိုင်ပါတယ်။

တစ်ခုခုမသိကြောင်းဝန်ခံပါ

တစ်ခုခုကို မသိရင် ဟန်ဆောင်ဖို့ မကြိုးစားပါနဲ့။ တစ်ခုခုကို မသိကြောင်းကို ဝန်ခံပါ။အသိပညာကွာဟာချက်၊ အားနည်းချက်ကိုဝန်ခံလိုက်တဲ့အခါမှာကိုယ့်မှာသင်ယူစရာတခုခုရှိနေပြီဆိုတာ လက်ခံလာပါတယ်။ ဒါပေမဲ့ မသိတာကို သိနေသလိုဟန်ဆောင်လိုက်တာက ကိုယ့်အတွက်အကျိုးမဖြစ်စေပါဘူး။ ဒါကြောင့် အသိပညာကွာဟမှု၊လိုအပ်ချက်ကိုပြုပြင်ဖို့ အခွင့်အရေးကို ယူဖို့လိုပါတယ်။“ဒါကတော့ ကျနော်၊ ကျမ မသိဘူး၊ လေ့လာကြည့်ရအောင်” ဒါမှမဟုတ် “မသိဘူး၊ ဒါပေမယ့်လေ့လာချင်ပါတယ်” ဆိုတာမျိုးနဲ အခွင့်အရေးကို ဆုတ်ကိုင်ထားပါ။

ကိုယ်စိတ်ဝင်စားတဲ့အရာက ကိုယ့်ကိုဘယ်နေရာကိုရောက်စေသလဲကြည့်ပါ

ခြေလှမ်းတလှမ်းဆုတ်ပြီး ဘယ်အရာက သင့်ကိုစိတ်လှုပ်ရှားစေသလဲဆိုတာကိုယ့်ကိုယ်ကိုယ်မေးပါ။ ဘာကိုပိုနားလည်ချင်တာလဲ။ ကျရှုံးမှာကြောက်နေရင်‌တောင်ကိုယ်ရဲ့စိတ်ဝင်စားမှုနောက်ကိုလိုက်ပါ။ စိတ်အားထက်သန်မှုတခုခုနဲ့စတင်ဖို့လုပ်ဆောင်ပါ။သင့်ကိုဆုတ် ယုတ်သွားစေမယ့် အရာကိုဦးတည်တဲ့အလုပ်ကို အတင်းအကြပ်လုပ်မယ့်အစားကိုယ်စိတ်အားထက်သန်တာကို စတင်ဖို့လုပ်ဆောင်သင့်ပါတယ်။

အခြားသူများထံကနေ သင်ယူပါ

သင့်ကို အလင်းပေးမယ့် အရာတစ်ခုကို သင်ရှာတွေ့ပြီးတာနဲ့ တခြားသူတွေဆီကနေသင်ယူနိုင်တဲ့ အခွင့်အလမ်းတွေကို ရှာဖွေပါ။ လူအများထံက သင်ယူခြင်းကသင့်ကိုနောက်ဆက်တွဲမေးခွန်းများ များများမေးနိုင်ဖို့ အခွင့်အရေးရစေပါတယ်။အဲဒီမေးခွန်းရဲ့အဖြေကတဆင့် လုပ်ဆောင်ချက်ကို သင်ယူနိုင်၊ မြင်နိုင်မှာဖြစ်ပါတယ်။အတွေ့အကြုံကနေ သင်ယူနိုင်ပါတယ်။ သင်တို့နဲ့ဆွေးနွေးမှုကနေ သင်ယူနိုင်ပါတယ်။မတူညီတဲ့ရှုထောင်များကနေ သင်ယူဖို့ ကြိုးစားသင့်ပါတယ်။

သင်ရဲ့စိတ်ဝင်စားမှုများကို ကွဲပြားအောင်ပြုလုပ်ပါ

သင်စိတ်ဝင်စားတဲ့ အကြောင်းအရာအချို့ကို သင်သိနိုင်ပါတယ်။ အခြားအကြောင်းအရာများကိုသင်လုံးဝစိတ်မဝင်စားတာမျိုးက သဘာဝပါပဲ။ ဒါပေမယ့် မင်းရဲ့သိချင်စိတ်ကိုလှုံ့ဆော်ပေးဖို့အတွက် တခြားစိတ်ဝင်စားမှုတွေကို စူးစမ်းကြည့်သင့်ပါတယ်။စာကြည့်တိုက်ကိုသွားပြီး စာအုပ်တအုပ်ကို ကြုံသလိုရွေးချယ်လိုက်တာမျိုးပါ။ ဒါမမဟုတ်လုပ်ဖော်ကိုင်ဖက်တွေထဲက သူတို့လုပ်ဆောင်ချက်တွေကို သိရှိနိုင်ဖို့ သူတို့စားပွဲကိုသွားကြည့်တာမျိုးပါ။ အရေးကြီးတာက ကိုယ့်ရဲ့စိတ်ဝင်စားမှုကို ကွဲပြားအောင်အမြဲလုပ်ဆောင်ဖို့ပါပဲ။ အသစ်အဆန်းများကိုလေ့လာဖို့အတွက်သက်သောင့်သက်သာအခြေအနေကိုကျော်လွန်သွားနိုင်ကြောင်း ပြသဖို့လိုပါတယ်။

MYit

zawgyi

ဉာဏစူးစမ္းလိုစိတ္ကို အသက္ေမြးဝမ္းေၾကာင္းမွာ ဘယ္လိုအသုံးခ်မလဲ။ အခုေျပာတဲ့ေမးခြန္းေတြက သင့္ရဲ႕ဉာဏစူးစမ္းလိုစိတ္အတြက္ ဖြံ႕ၿဖိဳးတိုးတက္မႈကိုျဖစ္ေစပါတယ္။သိခ်င္စိတ္၊ စူးစမ္းလိုစိတ္ေတြနဲ႔ ဒီနမူနာေမးခြန္းေတြကို ေလ့လာႏိုင္ပါတယ္။

ေနာက္ထပ္ေမးခြန္းမ်ားေမးပါ

အစပိုင္းမွာေမးခြန္းမ်ားေမးတာက သင့္လုပ္ေဖာ္ကိုင္ဖက္မ်ားထက္ စြမ္းရည္နည္းတာဒါမွမဟုတ္ အသိပညာနည္းပါးတယ္လို႔ ခံစားရေစပါတယ္။ ဒါေပမဲ့ ဒါက ကိစၥမဟုတ္ပါဘူး။အေရးမႀကီးပါဘူး။ ေမးခြန္းမ်ားမ်ားေမးတာက အေၾကာင္းအရာတခုအေၾကာင္းကိုပိုမိုသိရွိလာေစဖို႔အတြက္ အေထာက္အကူျဖစ္ေစပါတယ္။ သင္နားမလည္တဲ့အရာမ်ားဒါမွမဟုတ္ သင့္မွာရွိတဲ့ အထင္အျမင္လြဲမွားမႈမ်ားကို ေမးခြန္းေတြက ရွင္းလင္းေပးပါလိမ့္မယ္။ေမးခြန္းေတြက တုံးအတဲ့ ေမးခြန္းေတြျဖစ္ေနပါေစ ေမးဖို႔မေၾကာက္ပါနဲ႔။ တျခားလူေတြကေမးခြန္းမေမးတာက သူတို႔အကုန္သိတယ္လို႔ မဆိုလိုပါဘူး။ သူတို႔ေမးဖို႔ ခ်ိတုံခ်တုံျဖစ္ေနတာျဖစ္ႏိုင္ပါတယ္။

တစ္ခုခုမသိေၾကာင္းဝန္ခံပါ

တစ္ခုခုကို မသိရင္ ဟန္ေဆာင္ဖို႔ မႀကိဳးစားပါနဲ႔။ တစ္ခုခုကို မသိေၾကာင္းကို ဝန္ခံပါ။အသိပညာကြာဟာခ်က္၊ အားနည္းခ်က္ကိုဝန္ခံလိုက္တဲ့အခါမွာကိုယ့္မွာသင္ယူစရာတခုခုရွိေနၿပီဆိုတာ လက္ခံလာပါတယ္။ ဒါေပမဲ့ မသိတာကို သိေနသလိုဟန္ေဆာင္လိုက္တာက ကိုယ့္အတြက္အက်ိဳးမျဖစ္ေစပါဘူး။ ဒါေၾကာင့္ အသိပညာကြာဟမႈ၊လိုအပ္ခ်က္ကိုျပဳျပင္ဖို႔ အခြင့္အေရးကို ယူဖို႔လိုပါတယ္။“ဒါကေတာ့ က်ေနာ္၊ က်မ မသိဘူး၊ ေလ့လာၾကည့္ရေအာင္” ဒါမွမဟုတ္ “မသိဘူး၊ ဒါေပမယ့္ေလ့လာခ်င္ပါတယ္” ဆိုတာမ်ိဳးနဲ အခြင့္အေရးကို ဆုတ္ကိုင္ထားပါ။

ကိုယ္စိတ္ဝင္စားတဲ့အရာက ကိုယ့္ကိုဘယ္ေနရာကိုေရာက္ေစသလဲၾကည့္ပါ

ေျခလွမ္းတလွမ္းဆုတ္ၿပီး ဘယ္အရာက သင့္ကိုစိတ္လႈပ္ရွားေစသလဲဆိုတာကိုယ့္ကိုယ္ကိုယ္ေမးပါ။ ဘာကိုပိုနားလည္ခ်င္တာလဲ။ က်ရႈံးမွာေၾကာက္ေနရင္‌ေတာင္ကိုယ္ရဲ႕စိတ္ဝင္စားမႈေနာက္ကိုလိုက္ပါ။ စိတ္အားထက္သန္မႈတခုခုနဲ႔စတင္ဖို႔လုပ္ေဆာင္ပါ။သင့္ကိုဆုတ္ ယုတ္သြားေစမယ့္ အရာကိုဦးတည္တဲ့အလုပ္ကို အတင္းအၾကပ္လုပ္မယ့္အစားကိုယ္စိတ္အားထက္သန္တာကို စတင္ဖို႔လုပ္ေဆာင္သင့္ပါတယ္။

အျခားသူမ်ားထံကေန သင္ယူပါ

သင့္ကို အလင္းေပးမယ့္ အရာတစ္ခုကို သင္ရွာေတြ႕ၿပီးတာနဲ႔ တျခားသူေတြဆီကေနသင္ယူႏိုင္တဲ့ အခြင့္အလမ္းေတြကို ရွာေဖြပါ။ လူအမ်ားထံက သင္ယူျခင္းကသင့္ကိုေနာက္ဆက္တြဲေမးခြန္းမ်ား မ်ားမ်ားေမးႏိုင္ဖို႔ အခြင့္အေရးရေစပါတယ္။အဲဒီေမးခြန္းရဲ႕အေျဖကတဆင့္ လုပ္ေဆာင္ခ်က္ကို သင္ယူႏိုင္၊ ျမင္ႏိုင္မွာျဖစ္ပါတယ္။အေတြ႕အႀကဳံကေန သင္ယူႏိုင္ပါတယ္။ သင္တို႔နဲ႔ေဆြးေႏြးမႈကေန သင္ယူႏိုင္ပါတယ္။မတူညီတဲ့ရႈေထာင္မ်ားကေန သင္ယူဖို႔ ႀကိဳးစားသင့္ပါတယ္။

သင္ရဲ႕စိတ္ဝင္စားမႈမ်ားကို ကြဲျပားေအာင္ျပဳလုပ္ပါ

သင္စိတ္ဝင္စားတဲ့ အေၾကာင္းအရာအခ်ိဳ႕ကို သင္သိႏိုင္ပါတယ္။ အျခားအေၾကာင္းအရာမ်ားကိုသင္လုံးဝစိတ္မဝင္စားတာမ်ိဳးက သဘာဝပါပဲ။ ဒါေပမယ့္ မင္းရဲ႕သိခ်င္စိတ္ကိုလႈံ႕ေဆာ္ေပးဖို႔အတြက္ တျခားစိတ္ဝင္စားမႈေတြကို စူးစမ္းၾကည့္သင့္ပါတယ္။စာၾကည့္တိုက္ကိုသြားၿပီး စာအုပ္တအုပ္ကို ႀကဳံသလိုေ႐ြးခ်ယ္လိုက္တာမ်ိဳးပါ။ ဒါမမဟုတ္လုပ္ေဖာ္ကိုင္ဖက္ေတြထဲက သူတို႔လုပ္ေဆာင္ခ်က္ေတြကို သိရွိႏိုင္ဖို႔ သူတို႔စားပြဲကိုသြားၾကည့္တာမ်ိဳးပါ။ အေရးႀကီးတာက ကိုယ့္ရဲ႕စိတ္ဝင္စားမႈကို ကြဲျပားေအာင္အၿမဲလုပ္ေဆာင္ဖို႔ပါပဲ။ အသစ္အဆန္းမ်ားကိုေလ့လာဖို႔အတြက္သက္ေသာင့္သက္သာအေျခအေနကိုေက်ာ္လြန္သြားႏိုင္ေၾကာင္း ျပသဖို႔လိုပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*