ကိုယ်လုံးတီးနဲ့ရေကူးလေ့ရှိတဲ့ Nicole Kidman အကြောင်းဖော်ကောင်လုပ်လိုက်တဲ့ Meryl Streep

ဝါရင့်မင်းသမီးကြီးနှစ်လက်ဖြစ်တဲ့ Meryl Streep နဲ့ Nicole Kidman တို့ဟာ 2019 ကထွက်ရှိတဲ့ Big Little Lies ရိုက်ကူးစဥ်ကအတူ တူတွဲဖက်သရုပ်ဆောင်ရင်း ဆုံခဲ့ကြတာဖြစ်ပါတယ်။ပြီးခဲ့တဲ့စနေနေ့က လော့စ်အိန်ဂျလိစ်ရှိ Dolby ပြဇာတ်ရုံမှာပြုလုပ်တဲ့ American Film Institute Life Achievement Award Gala ပွဲမှာ Meryl Streep က သူမရဲ့လုပ်ဖော်ကိုင်ဖက် Nicole Kidman အကြောင်းကို ဟာသနှောပြီးပြောခဲ့တာဖြစ်ပါတယ်။ Big Little Lies ရိုက်ကူးရေးမစခင် မနက်တိုင်း Nicole Kidman ကကိုယ်လုံးတီးနဲ့ပင်လယ်ထဲမှာ
ရေသွားစိမ်လေ့ရှိတယ်လို့ Meryl Streep ကပြောခဲ့တာပါ။

“အဲဒီသတင်းကို Reese Witherspoon ကကျွန်မကိုလာပြောပြတာ၊ Nicole က မနက် 5 နာရီအိပ်ရာကထ နေမထွက်ခင် ဟိုတယ်နောက်ဘက်ကပင်လယ်ထဲမှာဘာမှမဝတ်ထားဘဲ ရေသွားသွားစိမ်တာလို့ လာပြောတယ်။ဆောင်းတွင်းဆိုရေတွေခဲတဲ့အချိန်ကြီးလေ” လို့သူမက ဖွင့်ဟခဲ့တာဖြစ်ပါတယ်။ဒါကိုပဲ Nicole Kidman က “ဟုတ်တယ်လေ၊ ကျွန်မကအဲလိုရေအေးထဲစိမ်ရတာကို သဘောကျတာ”လို့ပြန် ပြောခဲ့တာတွေ့ရပါတယ်။အအေးလွန်ကဲတာကိုကြိုက်တဲ့ Nicole ရဲ့ဝါသနာကိုသူမအံ့သြခဲ့ရကြောင်းနဲ့ Nicole Kidman ကတကယ့်ကိုမက်မောလောက်စရာသရုပ်ဆောင်စွမ်းရည်ရှိတယ်၊ ပြိုင်မြင်းတစ်ကောင်လို၊သားရဲတစ်ကောင်လို အရိုင်းဆန်တဲ့အရည်အချင်းမျိုး၊ စိတ် ဓာတ်ကလည်းဘယ်တော့မှမပြိုလဲဘူး၊သရုပ်ဆောင်မှော်ဆရာတစ်ပါးလို့ မင်းသမီးကြီး Meryl Streep ကချီးကျူးခဲ့ပါသေးတယ်။

Ju Ju

zawgyi

ဝါရင့္မင္းသမီးႀကီးႏွစ္လက္ျဖစ္တဲ့ Meryl Streep နဲ႔ Nicole Kidman တို႔ဟာ 2019 ကထြက္ရွိတဲ့ Big Little Lies ႐ိုက္ကူးစဥ္ကအတူ တူတြဲဖက္သ႐ုပ္ေဆာင္ရင္း ဆုံခဲ့ၾကတာျဖစ္ပါတယ္။ၿပီးခဲ့တဲ့စေနေန႔က ေလာ့စ္အိန္ဂ်လိစ္ရွိ Dolby ျပဇာတ္႐ုံမွာျပဳလုပ္တဲ့ American Film Institute Life Achievement Award Gala ပြဲမွာ Meryl Streep က သူမရဲ႕လုပ္ေဖာ္ကိုင္ဖက္ Nicole Kidman အေၾကာင္းကို ဟာသေႏွာၿပီးေျပာခဲ့တာျဖစ္ပါတယ္။ Big Little Lies ႐ိုက္ကူးေရးမစခင္ မနက္တိုင္း Nicole Kidman ကကိုယ္လုံးတီးနဲ႔ပင္လယ္ထဲမွာ
ေရသြားစိမ္ေလ့ရွိတယ္လို႔ Meryl Streep ကေျပာခဲ့တာပါ။

“အဲဒီသတင္းကို Reese Witherspoon ကကြၽန္မကိုလာေျပာျပတာ၊ Nicole က မနက္ 5 နာရီအိပ္ရာကထ ေနမထြက္ခင္ ဟိုတယ္ေနာက္ဘက္ကပင္လယ္ထဲမွာဘာမွမဝတ္ထားဘဲ ေရသြားသြားစိမ္တာလို႔ လာေျပာတယ္။ေဆာင္းတြင္းဆိုေရေတြခဲတဲ့အခ်ိန္ႀကီးေလ” လို႔သူမက ဖြင့္ဟခဲ့တာျဖစ္ပါတယ္။ဒါကိုပဲ Nicole Kidman က “ဟုတ္တယ္ေလ၊ ကြၽန္မကအဲလိုေရေအးထဲစိမ္ရတာကို သေဘာက်တာ”လို႔ျပန္ ေျပာခဲ့တာေတြ႕ရပါတယ္။အေအးလြန္ကဲတာကိုႀကိဳက္တဲ့ Nicole ရဲ႕ဝါသနာကိုသူမအံ့ၾသခဲ့ရေၾကာင္းနဲ႔ Nicole Kidman ကတကယ့္ကိုမက္ေမာေလာက္စရာသ႐ုပ္ေဆာင္စြမ္းရည္ရွိတယ္၊ ၿပိဳင္ျမင္းတစ္ေကာင္လို၊သားရဲတစ္ေကာင္လို အ႐ိုင္းဆန္တဲ့အရည္အခ်င္းမ်ိဳး၊ စိတ္ ဓာတ္ကလည္းဘယ္ေတာ့မွမၿပိဳလဲဘူး၊သ႐ုပ္ေဆာင္ေမွာ္ဆရာတစ္ပါးလို႔ မင္းသမီးႀကီး Meryl Streep ကခ်ီးက်ဴးခဲ့ပါေသးတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*