သားဖြစ်သူပါဝင်ထားတဲ့ ဒရိတ်ခ်ရဲ့ MV အသစ်

ဒရိတ်ခ်ရဲ့သီချင်းသစ်ဖြစ်တဲ့ 8 AM in Charlotte ဟာ မကြာသေးခင်ကပဲ Music Video အနေနဲ့ထွက်ရှိလာခဲ့ပါပြီ။ ဒီသီချင်းမှာ ဒရိတ်ခ်ရဲ့သားဖြစ်သူ Adonis လည်းပါဝင်ထားတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ဗီဒီယိုအဖွင့်မှာ သားဖြစ်သူရဲ့ပုံဆွဲထားတဲ့စာရွက်လေးကိုပြထားပြီးဒါကပုံပြင်လေးတစ်ပုဒ်လိုပါပဲ၊ဒီပန်းချီထဲမှာ ဆိတ်တစ်ကောင်ပုံဆွဲထားပြီး ဒယ်ဒီ့နာမည်ရေးထားတယ်။ဒရိတ်ခ်ကမေးတဲ့အခါ ဖေဖေဆိတ်လို့ Adonis ကဖြေတဲ့ပုံနဲ့စထားပါတယ်။ဒရိတ်ခ်သီချင်းဆိုနေစဉ်မှာလည်း Adonis ကဘေးကနေအကနဲ့ပံ့ပိုးပေးတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။

ဒီသီချင်းဟာ အောက်တိုဘာလ ၆ ရက်နေ့မှာထွက်ရှိမယ့် For all the dogs ဆိုတဲ့ Album ထဲမှာပါဝင်လာမှာဖြစ်ပါတယ်။ အစကဒီတေးအယ်လ်ဘမ်ကို စက်တင်ဘာလ ၂၂ ရက်နေ့ကထွက်ရှိဖို့မှန်းထားခဲ့ပေမယ့် သူ့ရဲ့ Music Tour ကိုအာရုံစိုက်နေရတာကြောင့်နောက်ကျသွားခဲ့တာဖြစ်ပါတယ်။ ဒရိတ်ခ်ရဲ့ Tour ဟာ အောက်တိုဘာလ ၉ ရက်နေ့မှပြီးဆုံးမှာဖြစ်ပါတယ်။အသက် ၆ နှစ်ရှိပြီဖြစ်တဲ့ Adonis ဟာ ဒရိတ်ခ်နဲ့ ပြင်သစ်သူဆိုဖီဘရပ်ဆဲလ်တို့ရဲ့သားဖြစ်ပြီးလက်ရှိမှာတော့ ဒရိတ်ခ်နဲ့ဆိုဖီတို့ဟာသီးခြားစီနေထိုင်ကြတာ နှစ်အနည်းငယ်ကြာခဲ့ပြီဖြစ်ပါတယ်။ဒီအယ်လ်ဘမ်ထဲမှာပါဝင်မယ့် Slime You Out သီချင်း Audio ကိုလည်းပြီးခဲ့တဲ့နှစ်ပတ်ကဖြန့်ချိခဲ့ပါသေးတယ်။ဒီသီချင်းဟာဒရိတ်ခ်နဲ့ SZA တို့ပထမဆုံးတွဲဖက်သီဆိုတဲ့သီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။

Ju Ju

zawgyi

ဒရိတ္ခ္ရဲ႕သီခ်င္းသစ္ျဖစ္တဲ့ 8 AM in Charlotte ဟာ မၾကာေသးခင္ကပဲ Music Video အေနနဲ႔ထြက္ရွိလာခဲ့ပါၿပီ။ ဒီသီခ်င္းမွာ ဒရိတ္ခ္ရဲ႕သားျဖစ္သူ Adonis လည္းပါဝင္ထားတာကိုေတြ႕ျမင္ရမွာျဖစ္ပါတယ္။ဗီဒီယိုအဖြင့္မွာ သားျဖစ္သူရဲ႕ပုံဆြဲထားတဲ့စာ႐ြက္ေလးကိုျပထားၿပီးဒါကပုံျပင္ေလးတစ္ပုဒ္လိုပါပဲ၊ဒီပန္းခ်ီထဲမွာ ဆိတ္တစ္ေကာင္ပုံဆြဲထားၿပီး ဒယ္ဒီ့နာမည္ေရးထားတယ္။ဒရိတ္ခ္ကေမးတဲ့အခါ ေဖေဖဆိတ္လို႔ Adonis ကေျဖတဲ့ပုံနဲ႔စထားပါတယ္။ဒရိတ္ခ္သီခ်င္းဆိုေနစဥ္မွာလည္း Adonis ကေဘးကေနအကနဲ႔ပံ့ပိုးေပးတာကိုေတြ႕ျမင္ရမွာပဲျဖစ္ပါတယ္။

ဒီသီခ်င္းဟာ ေအာက္တိုဘာလ ၆ ရက္ေန႔မွာထြက္ရွိမယ့္ For all the dogs ဆိုတဲ့ Album ထဲမွာပါဝင္လာမွာျဖစ္ပါတယ္။ အစကဒီေတးအယ္လ္ဘမ္ကို စက္တင္ဘာလ ၂၂ ရက္ေန႔ကထြက္ရွိဖို႔မွန္းထားခဲ့ေပမယ့္ သူ႔ရဲ႕ Music Tour ကိုအာ႐ုံစိုက္ေနရတာေၾကာင့္ေနာက္က်သြားခဲ့တာျဖစ္ပါတယ္။ ဒရိတ္ခ္ရဲ႕ Tour ဟာ ေအာက္တိုဘာလ ၉ ရက္ေန႔မွၿပီးဆုံးမွာျဖစ္ပါတယ္။အသက္ ၆ ႏွစ္ရွိၿပီျဖစ္တဲ့ Adonis ဟာ ဒရိတ္ခ္နဲ႔ ျပင္သစ္သူဆိုဖီဘရပ္ဆဲလ္တို႔ရဲ႕သားျဖစ္ၿပီးလက္ရွိမွာေတာ့ ဒရိတ္ခ္နဲ႔ဆိုဖီတို႔ဟာသီးျခားစီေနထိုင္ၾကတာ ႏွစ္အနည္းငယ္ၾကာခဲ့ၿပီျဖစ္ပါတယ္။ဒီအယ္လ္ဘမ္ထဲမွာပါဝင္မယ့္ Slime You Out သီခ်င္း Audio ကိုလည္းၿပီးခဲ့တဲ့ႏွစ္ပတ္ကျဖန႔္ခ်ိခဲ့ပါေသးတယ္။ဒီသီခ်င္းဟာဒရိတ္ခ္နဲ႔ SZA တို႔ပထမဆုံးတြဲဖက္သီဆိုတဲ့သီခ်င္းတစ္ပုဒ္လည္းျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*