အလုပ်ရှာဖို့အတွက် အရေးကြီးတဲ့ မေးခွန်း (၅)ခု

အလုပ်ရှာတော့မယ်ဆိုရင် ဒီမေးခွန်း ၅ခုကိုကိုယ့်ကိုယ်ကိုယ်အရင်မေးဖို့လိုပါတယ်။ အလုပ်ကကိုယ့်ဘဝအတွက်အရေးကြီးအစိတ်အ ပိုင်းတခုလည်းဖြစ်တာကြောင့်အလုပ်တခုခုကိုရှာတော့မယ်၊ လုပ်တော့မယ်ဆိုရင် ဒီမေးခွန်း ငါးခုကို မဖြစ်မနေကိုယ့်ကိုယ်ပြန်မေးသင့်ပါတယ်။ မဟုတ်ရင်တော့ တနေ့ကို နေ့စဉ်ပုံမှန် ၈နာရီလောက် လုပ်ရမယ့်လုပ်ငန်းခွင်တခုက သင့်အတွက်အိပ်မက်ဆိုးဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ အလုပ်သွားဖို့ကြောက်နေတာ၊အလုပ်ဖွင့်ရက်တွေက ကိုယ့်အတွက် ပင်ပန်းပြီး စိတ်ဖိစီးတယ်လို့နေ့စဉ်ခံစားနေရမှာဖြစ်ပါတယ်။ ဒါတွေကို မဖြစ်ရအောင် အလုပ်ရှာမယ်၊အလုပ်လျှောက်တော့မယ်ဆိုရင် ဒီမေးခွန်းငါးခုကို အရင်ဆုံးကိုယ့်ကိုယ်ကိုယ်မေးရပါမယ်။

ဘာလုပ်ရတာကြိုက်လဲ
ကိုယ်က အလုပ်နဲ့ပတ်သက်ရင် ဘာလုပ်ရတာ ကြိုက်သလဲ။ ကိုယ့်ရဲ့စိတ်ကူးယဉ်ထားတဲ့ အလုပ်အကိုင်က ဘာလဲ။ ကိုယ့်ရဲ့အားလပ်ချိန်တိုင်းမှာကိုယ်အမြဲတွေးနေမိတဲ့ အလုပ်နဲ့ပတ်သက်တဲ့အချက်က ဘာလဲ။ ဒါတွေကိုအရင်ဆုံးသိအောင်လုပ်ရပါမယ်။ ကျနော်၊ ကျမကတော့ဘာမှလုပ်ရတာမကြိုက်ပါဘူးဆိုတဲ့ သူတွေလည်း ရှိနိုင်တာပေါ့။လူငယ်တော်တော်များများက ကိုယ်ဘာလုပ်ရမယ်မှန်း၊ဘာဝါသ နာပါသလဲမသိနိုင်ဘဲ တခါတလေလမ်းပျောက်နိုင်ပါတယ်။ ဒါကဖြစ်ရိုးဖြစ်စဉ်အခြေအနေတခုမို့လို့ စိတ်ဓာတ်မကျစေချင်ပါဘူး။ တခါတလေအလုပ်တခုကိုလုပ်နေရင်းနဲ့ ဒီအလုပ်အပေါ်မှာ စိတ်ပါဝင်စားလာတာမျိုး၊ဒီအလုပ်ကိုချစ်လာတာမျိုးလည်း ကြုံရနိုင်ပါတယ်။ ဒါကြောင့်ပထမဆုံးအလုပ်မရှာခင်မှာကိုယ့်ရဲ့စိတ်ဝင်စားမှုနဲ့ကိုက်ညီတဲ့အလုပ်ဖြစ်ဖို့လိုသလို၊တကယ်လို့ကိုယ့်မှာအဲဒီလိုစိတ်တင်စားတမျိုး လည်း မရှိဘူးဆိုရင်တော့ခုနအပေါ်မှာပြောခဲ့သလိုပဲ အလုပ်တခုကိုစမ်းပြီးလုပ်ရင်းနဲ့ အဲဒီအလုပ်မှာစိတ်ပါဝင်စားသွားပြီး ဝါသနာပါသွားတာမျိုးလည်းရှိနိုင်ပါတယ်။ တနေ့ ၈နာရီလုပ်နေရတဲ့အလုပ်ကို ဝါသနာလည်းမပါ၊ စိတ်လည်းမဝင်စားဘူးဆိုရင်တော့စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်ညူးမှုတွေက နေ့စဉ်လိုလိုရင်ဆိုင်ရနိုင်ပါတယ်။

ကိုယ့်ရဲ့ကျွမ်းကျင်မှုက ဘာလဲ
ဒုတိယမေးခွန်းကတော့ ကိုယ်က ဘာကိုကျွမ်းကျင်သလဲ။ ကိုယ့်မှာဘာအရည်အချင်းရှိသလဲ။ ကိုယ့်မှာဘာထူးခြားချက်ရှိသလဲဆိုတဲ့မေး ခွန်းပါ။ဒီအချက်ကို အလုပ်မရှာခင်မှာ ကိုယ့်ကိုယ်တိုင် လေ့လာဆန်းစစ်သင့်ပါတယ်။ကိုယ့်အကြောင်းကို သေချာသိမှ အလုပ်ရှာတဲ့အခါမှာ လွယ်ကူမြန်ဆန်နိုင်မှာပါ။ဒါကြောင့် သူများမမေးခင်မှာ ကိုယ့်ကိုယ်ကိုယ်မညှာမတာမေးပါ။ဘာတွေလုပ်တတ်လဲ၊ ဘာတွေကျွမ်းကျင်လဲ၊ ဘာတွေအိုင်ဒီယာရှိလဲစသဖြင့်ကိုယ့်ရဲ့ကျွမ်းကျင်မှုကို ကိုယ်တိုင်အရင်ရှာဖွေသင့်ပါတယ်။ဒါကြောင့်အလုပ်မရှာခင်မှာ ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်တွေကိုကိုယ်ကိုယ်တိုင်သေချာသိအောင်လုပ်ပြီးမှ အလုပ်ရှာဖွေတာကအကောင်းဆုံးပါပဲ။

ဘယ်အရာကကိုယ့်အတွက်အရေးကြီးတဲ့ စံတန်ဖိုးလဲ
လူတိုင်းမှာ စံတန်ဖိုးတွေ မတူနိုင်ကြပါဘူး။ ကိုယ့်ရဲ့ပါဆင်နယ်စံတန်ဖိုးတွေကလူတိုင်းမှာရှိနိုင်ပါတယ်။ ကိုယ်ကကိုယ့်ရဲ့တန်ဖိုးထားရတဲ့စံတန်ဖိုးကိုသေချာသိမယ်ဆိုရင် အလုပ်ရှာဖွေတဲ့အခါမှာ ကိုယ်နဲ့စံတန်ဖိုးချင်းတူတဲ့ ကုမ္ပဏီ၊အလုပ်ဌာနတွေကိုသေသေချာချာရွေးချယ်နိုင်ပါလိမ့်မယ်။ ဒီလိုကိုက်ညီမှသာကုမ္ပဏီကလည်း ကိုယ့်ကိုလေးစားတန်ဖိုးထားသလို၊ ကိုယ့်ဘက်ကလည်းကုမ္ပဏီအပေါ်မှာ တန်ဖိုးထားမှုရှိနိုင်မှာဖြစ်ပါတယ်။ ဒီအချက်ကပိုက်ဆံဘယ်လောက်ရသလဲဆိုတဲ့အချက်နဲ့ မတူညီပါဘူး။ တခါတလေမှာပိုက်ဆံအများကြီးရနေတဲ့အ လုပ်က ကိုယ့်အတွက်လေးစားစရာ၊တန်ဖိုးထားစရာအလုပ်တခုဖြစ်နေမယ်ဆိုရင်လည်းကိုယ့်အတွက်အပြည့်အဝမပျော်ရွှင်နိုင်ပါဘူး။

ကိုယ့်မှာဘယ်လိုကိုယ်ရည်ကိုယ်သွေးတွေ၊ နေထိုင်မှုပုံစံတွေရှိသလဲ
ဒီမေးခွန်းကလည်း အရေးကြီးပါတယ်။ အလုပ်တခုရှာဖွေတဲ့အခါမှာကိုယ်နဲ့ကိုယ်ရည်ကိုယ်သွေးကိုက်ညီတဲ့အလုပ်ဖြစ်ဖို့လိုပါတယ်။ ဥ ပမာကိုယ်ကဈေးကွက်အကြောင်းကိုစိတ်ဝင်စားပြီးလူတွေနဲ့ပြောဆိုဆက်ဆံရတာကြိုက်တဲ့သူလား။ ဒါမှမဟုတ် ကိုယ်ကလူတွေကိုစီမံခန်ခွဲရတာကို ပျော်တဲ့သူလား။ ဒါမှမဟုတ်ရင်လည်း ဂဏန်းတွေနဲ့အလုပ်လုပ်ရတာကို စိတ်ဝင်စားတဲ့သူလား။ ဒီအချက်တွေကိုသေသေ ချာချာသိပြီးမှ ကိုယ်က ဘယ်အလုပ်အကိုင်ကိုတော့ဖြင့်ရွေးချယ်ပြီးလျှောက်သင့်တယ်ဆိုတာကို ပိုပြီးနားလည်လာနိုင်မှာဖြစ်ပါတယ်။
ကိုယ့်နဲ့ကိုက်ညီတဲ့နေထိုင်မှုပုံစံ၊ကိုယ်ရည်ကိုယ်သွေးရှိတဲ့အလုပ်ကိုရွေးချယ်နိုင်တာက နေ့စဉ် ၈နာရီဖြတ်သန်းရမယ့်အလုပ်မှာ ပျော်ရွှင်ချမ်းမြေ့နိုင်မှာဖြစ်ပါတယ်။

ဘာကိုလုပ်ရတာ မကြိုက်ဘူးလဲ
ဒီမေးခွန်းကတော့ နောက်ဆုံးအရေးကြီးတဲ့မေးခွန်းပါ။ ကိုယ်ဘာလုပ်ရတာကြိုက်သလဲဆိုတာကို မသိရင်တောင်၊ ဘာလုပ်ရတာကိုမ ကြိုက်သလဲဆိုတာကို သိသေးတယ်ဆိုရင် အခြေအနေမဆိုးသေးဘူးလို့ပြောလို့ရပါတယ်။ကိုယ်ဘာမကြိုက်ဘူးလဲဆိုတာကိုတော့သေ သေချာချာသိထားသင့်ပါတယ်။ကိုယ်ကတော့ စာရင်းဇယားတွေလုပ်ရတာ ခေါင်းကိုက်တယ်ဆိုရင်တော့သေချာပါတယ်…စာရင်းကိုင်အလုပ်ကို မလျှောက်သင့်ပါဘူး။ ဒါကဥပမာပေးတာပါ။ အလုပ်လျှောက်မယ့်အခါ ကိုယ်ဘာမလုပ်ချင်ဘူးလဲဆိုတာကိုသေသေချာချာသိထားရင်တော့ အကောင်းဆုံးပါပဲ။ဒီမေးခွန်းငါးခုလုံးကို ကိုယ့်ကိုယ်ကိုယ်ပြန်မေးပြီးရင်တော့ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်အကိုင်တခုကို မှန်မှန်ကန်ကန်နဲ့ ရွေးချယ်နိုင်မယ်လို့မျှော်လင့်ပါတယ်။

MYit

zawgyi

အလုပ္ရွာေတာ့မယ္ဆိုရင္ ဒီေမးခြန္း ၅ခုကိုကိုယ့္ကိုယ္ကိုယ္အရင္ေမးဖို႔လိုပါတယ္။ အလုပ္ကကိုယ့္ဘဝအတြက္အေရးႀကီးအစိတ္အ ပိုင္းတခုလည္းျဖစ္တာေၾကာင့္အလုပ္တခုခုကိုရွာေတာ့မယ္၊ လုပ္ေတာ့မယ္ဆိုရင္ ဒီေမးခြန္း ငါးခုကို မျဖစ္မေနကိုယ့္ကိုယ္ျပန္ေမးသင့္ပါတယ္။ မဟုတ္ရင္ေတာ့ တေန႔ကို ေန႔စဥ္ပုံမွန္ ၈နာရီေလာက္ လုပ္ရမယ့္လုပ္ငန္းခြင္တခုက သင့္အတြက္အိပ္မက္ဆိုးျဖစ္ေကာင္းျဖစ္ေနႏိုင္ပါတယ္။ အလုပ္သြားဖို႔ေၾကာက္ေနတာ၊အလုပ္ဖြင့္ရက္ေတြက ကိုယ့္အတြက္ ပင္ပန္းၿပီး စိတ္ဖိစီးတယ္လို႔ေန႔စဥ္ခံစားေနရမွာျဖစ္ပါတယ္။ ဒါေတြကို မျဖစ္ရေအာင္ အလုပ္ရွာမယ္၊အလုပ္ေလွ်ာက္ေတာ့မယ္ဆိုရင္ ဒီေမးခြန္းငါးခုကို အရင္ဆုံးကိုယ့္ကိုယ္ကိုယ္ေမးရပါမယ္။

ဘာလုပ္ရတာႀကိဳက္လဲ
ကိုယ္က အလုပ္နဲ႔ပတ္သက္ရင္ ဘာလုပ္ရတာ ႀကိဳက္သလဲ။ ကိုယ့္ရဲ႕စိတ္ကူးယဥ္ထားတဲ့ အလုပ္အကိုင္က ဘာလဲ။ ကိုယ့္ရဲ႕အားလပ္ခ်ိန္တိုင္းမွာကိုယ္အၿမဲေတြးေနမိတဲ့ အလုပ္နဲ႔ပတ္သက္တဲ့အခ်က္က ဘာလဲ။ ဒါေတြကိုအရင္ဆုံးသိေအာင္လုပ္ရပါမယ္။ က်ေနာ္၊ က်မကေတာ့ဘာမွလုပ္ရတာမႀကိဳက္ပါဘူးဆိုတဲ့ သူေတြလည္း ရွိႏိုင္တာေပါ့။လူငယ္ေတာ္ေတာ္မ်ားမ်ားက ကိုယ္ဘာလုပ္ရမယ္မွန္း၊ဘာဝါသ နာပါသလဲမသိႏိုင္ဘဲ တခါတေလလမ္းေပ်ာက္ႏိုင္ပါတယ္။ ဒါကျဖစ္႐ိုးျဖစ္စဥ္အေျခအေနတခုမို႔လို႔ စိတ္ဓာတ္မက်ေစခ်င္ပါဘူး။ တခါတေလအလုပ္တခုကိုလုပ္ေနရင္းနဲ႔ ဒီအလုပ္အေပၚမွာ စိတ္ပါဝင္စားလာတာမ်ိဳး၊ဒီအလုပ္ကိုခ်စ္လာတာမ်ိဳးလည္း ႀကဳံရႏိုင္ပါတယ္။ ဒါေၾကာင့္ပထမဆုံးအလုပ္မရွာခင္မွာကိုယ့္ရဲ႕စိတ္ဝင္စားမႈနဲ႔ကိုက္ညီတဲ့အလုပ္ျဖစ္ဖို႔လိုသလို၊တကယ္လို႔ကိုယ့္မွာအဲဒီလိုစိတ္တင္စားတမ်ိဳး လည္း မရွိဘူးဆိုရင္ေတာ့ခုနအေပၚမွာေျပာခဲ့သလိုပဲ အလုပ္တခုကိုစမ္းၿပီးလုပ္ရင္းနဲ႔ အဲဒီအလုပ္မွာစိတ္ပါဝင္စားသြားၿပီး ဝါသနာပါသြားတာမ်ိဳးလည္းရွိႏိုင္ပါတယ္။ တေန႔ ၈နာရီလုပ္ေနရတဲ့အလုပ္ကို ဝါသနာလည္းမပါ၊ စိတ္လည္းမဝင္စားဘူးဆိုရင္ေတာ့စိတ္ဖိစီးမႈေတြ၊ စိတ္ညစ္ညဴးမႈေတြက ေန႔စဥ္လိုလိုရင္ဆိုင္ရႏိုင္ပါတယ္။

ကိုယ့္ရဲ႕ကြၽမ္းက်င္မႈက ဘာလဲ
ဒုတိယေမးခြန္းကေတာ့ ကိုယ္က ဘာကိုကြၽမ္းက်င္သလဲ။ ကိုယ့္မွာဘာအရည္အခ်င္းရွိသလဲ။ ကိုယ့္မွာဘာထူးျခားခ်က္ရွိသလဲဆိုတဲ့ေမး ခြန္းပါ။ဒီအခ်က္ကို အလုပ္မရွာခင္မွာ ကိုယ့္ကိုယ္တိုင္ ေလ့လာဆန္းစစ္သင့္ပါတယ္။ကိုယ့္အေၾကာင္းကို ေသခ်ာသိမွ အလုပ္ရွာတဲ့အခါမွာ လြယ္ကူျမန္ဆန္ႏိုင္မွာပါ။ဒါေၾကာင့္ သူမ်ားမေမးခင္မွာ ကိုယ့္ကိုယ္ကိုယ္မညႇာမတာေမးပါ။ဘာေတြလုပ္တတ္လဲ၊ ဘာေတြကြၽမ္းက်င္လဲ၊ ဘာေတြအိုင္ဒီယာရွိလဲစသျဖင့္ကိုယ့္ရဲ႕ကြၽမ္းက်င္မႈကို ကိုယ္တိုင္အရင္ရွာေဖြသင့္ပါတယ္။ဒါေၾကာင့္အလုပ္မရွာခင္မွာ ကိုယ့္ရဲ႕အားသာခ်က္၊ အားနည္းခ်က္ေတြကိုကိုယ္ကိုယ္တိုင္ေသခ်ာသိေအာင္လုပ္ၿပီးမွ အလုပ္ရွာေဖြတာကအေကာင္းဆုံးပါပဲ။

ဘယ္အရာကကိုယ့္အတြက္အေရးႀကီးတဲ့ စံတန္ဖိုးလဲ
လူတိုင္းမွာ စံတန္ဖိုးေတြ မတူႏိုင္ၾကပါဘူး။ ကိုယ့္ရဲ႕ပါဆင္နယ္စံတန္ဖိုးေတြကလူတိုင္းမွာရွိႏိုင္ပါတယ္။ ကိုယ္ကကိုယ့္ရဲ႕တန္ဖိုးထားရတဲ့စံတန္ဖိုးကိုေသခ်ာသိမယ္ဆိုရင္ အလုပ္ရွာေဖြတဲ့အခါမွာ ကိုယ္နဲ႔စံတန္ဖိုးခ်င္းတူတဲ့ ကုမၸဏီ၊အလုပ္ဌာနေတြကိုေသေသခ်ာခ်ာေ႐ြးခ်ယ္ႏိုင္ပါလိမ့္မယ္။ ဒီလိုကိုက္ညီမွသာကုမၸဏီကလည္း ကိုယ့္ကိုေလးစားတန္ဖိုးထားသလို၊ ကိုယ့္ဘက္ကလည္းကုမၸဏီအေပၚမွာ တန္ဖိုးထားမႈရွိႏိုင္မွာျဖစ္ပါတယ္။ ဒီအခ်က္ကပိုက္ဆံဘယ္ေလာက္ရသလဲဆိုတဲ့အခ်က္နဲ႔ မတူညီပါဘူး။ တခါတေလမွာပိုက္ဆံအမ်ားႀကီးရေနတဲ့အ လုပ္က ကိုယ့္အတြက္ေလးစားစရာ၊တန္ဖိုးထားစရာအလုပ္တခုျဖစ္ေနမယ္ဆိုရင္လည္းကိုယ့္အတြက္အျပည့္အဝမေပ်ာ္႐ႊင္ႏိုင္ပါဘူး။

ကိုယ့္မွာဘယ္လိုကိုယ္ရည္ကိုယ္ေသြးေတြ၊ ေနထိုင္မႈပုံစံေတြရွိသလဲ
ဒီေမးခြန္းကလည္း အေရးႀကီးပါတယ္။ အလုပ္တခုရွာေဖြတဲ့အခါမွာကိုယ္နဲ႔ကိုယ္ရည္ကိုယ္ေသြးကိုက္ညီတဲ့အလုပ္ျဖစ္ဖို႔လိုပါတယ္။ ဥ ပမာကိုယ္ကေဈးကြက္အေၾကာင္းကိုစိတ္ဝင္စားၿပီးလူေတြနဲ႔ေျပာဆိုဆက္ဆံရတာႀကိဳက္တဲ့သူလား။ ဒါမွမဟုတ္ ကိုယ္ကလူေတြကိုစီမံခန္ခြဲရတာကို ေပ်ာ္တဲ့သူလား။ ဒါမွမဟုတ္ရင္လည္း ဂဏန္းေတြနဲ႔အလုပ္လုပ္ရတာကို စိတ္ဝင္စားတဲ့သူလား။ ဒီအခ်က္ေတြကိုေသေသ ခ်ာခ်ာသိၿပီးမွ ကိုယ္က ဘယ္အလုပ္အကိုင္ကိုေတာ့ျဖင့္ေ႐ြးခ်ယ္ၿပီးေလွ်ာက္သင့္တယ္ဆိုတာကို ပိုၿပီးနားလည္လာႏိုင္မွာျဖစ္ပါတယ္။
ကိုယ့္နဲ႔ကိုက္ညီတဲ့ေနထိုင္မႈပုံစံ၊ကိုယ္ရည္ကိုယ္ေသြးရွိတဲ့အလုပ္ကိုေ႐ြးခ်ယ္ႏိုင္တာက ေန႔စဥ္ ၈နာရီျဖတ္သန္းရမယ့္အလုပ္မွာ ေပ်ာ္႐ႊင္ခ်မ္းေျမ့ႏိုင္မွာျဖစ္ပါတယ္။

ဘာကိုလုပ္ရတာ မႀကိဳက္ဘူးလဲ
ဒီေမးခြန္းကေတာ့ ေနာက္ဆုံးအေရးႀကီးတဲ့ေမးခြန္းပါ။ ကိုယ္ဘာလုပ္ရတာႀကိဳက္သလဲဆိုတာကို မသိရင္ေတာင္၊ ဘာလုပ္ရတာကိုမ ႀကိဳက္သလဲဆိုတာကို သိေသးတယ္ဆိုရင္ အေျခအေနမဆိုးေသးဘူးလို႔ေျပာလို႔ရပါတယ္။ကိုယ္ဘာမႀကိဳက္ဘူးလဲဆိုတာကိုေတာ့ေသ ေသခ်ာခ်ာသိထားသင့္ပါတယ္။ကိုယ္ကေတာ့ စာရင္းဇယားေတြလုပ္ရတာ ေခါင္းကိုက္တယ္ဆိုရင္ေတာ့ေသခ်ာပါတယ္…စာရင္းကိုင္အလုပ္ကို မေလွ်ာက္သင့္ပါဘူး။ ဒါကဥပမာေပးတာပါ။ အလုပ္ေလွ်ာက္မယ့္အခါ ကိုယ္ဘာမလုပ္ခ်င္ဘူးလဲဆိုတာကိုေသေသခ်ာခ်ာသိထားရင္ေတာ့ အေကာင္းဆုံးပါပဲ။ဒီေမးခြန္းငါးခုလုံးကို ကိုယ့္ကိုယ္ကိုယ္ျပန္ေမးၿပီးရင္ေတာ့ကိုယ္နဲ႔ကိုက္ညီတဲ့အလုပ္အကိုင္တခုကို မွန္မွန္ကန္ကန္နဲ႔ ေ႐ြးခ်ယ္ႏိုင္မယ္လို႔ေမွ်ာ္လင့္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*