ပရမ်းပတာအခြေအနေမှာ ရှင်သန်နေတဲ့ ရာသီခွင် (၄) ခု

ပရမ်းပတာအခြေအနေမှာ ရှင်သန်နေတဲ့ ရာသီခွင်များကို သင်သိချင်ပါသလား။ သူတို့တွေကဘဝတွေဖရိုဖရဲဖြစ်တဲ့အခါမှာ တခြားသူတွေက ကမောက်ကမနဲ့ ဖိစီးမှုတွေခံစားရတတ်ပါတယ်။ ဒါပေမဲ့ ဒီရာသီခွင်တွေကတော့ ပရမ်းပတာအခြေအနေမှာတောက်ပနေကြပါတယ်။

Aries
ရဲရင့်တဲ့ခေါင်းဆောင်တွေဖြစ်ကြတဲ့ သူတို့တွေကတော့ မကြောက်မရွံ့သဘာဝကြောင့်လူသိများပါတယ်။ စိန်ခေါ်မှုများကိုမကြောက်ရွံဘဲ သူတို့က ပြေးတွေ့တတ်ပါတယ်။စိန်ခေါ်မှုတွေ ရှုပ်ထွေးမှုတွေက သူတို့အတွက် ကစားကွင်းသဖွယ်ဖြစ်တတ်ကြပါတယ်။ သူတို့ကအ တားအဆီးမှန်သမျှကို အနိုင်ယူနိုင်ကြပါတယ်။

Gemini
လိုက်လျောညီထွေရှိတဲ့ သူတို့တွေကတော့ လူမှုဆက်ဆံရေးမှာ ထူးချွန်ကြပါတယ်။ သူတို့တွေကတွေးတောနိုင်စွမ်းနဲ့ ဘက်စုံသုံးသပ်နိုင်မှုတွေကြောင့် လူသိများပါတယ်။ဖရိုဖရဲအခြေအနေတွေမှာ သူတို့တွေက မထိတ်လန့်တတ်ကြပါတယ်။ သူတို့ကအဲဒီရှုပ်ထွေးမှုတွေကိုဖြတ်ကျော်ဖို့အတွက် ဉာဏ်ပညာကိုအသုံးပြုကြပါတယ်။

Scorpio
ဒီရာသီခွင်တွေက ပရမ်းပတာအခြေအနေတွေမှာ ရှင်သန်နိုင်ကြပါတယ်။ သူတို့တွေကအမှောင်ကို မကြောက်တတ်ကြပါဘူး။ သူတို့က ပြာပုံထဲက ရုန်းထကြတဲ့ဖီးနစ်ငှက်လိုမျိုးဖြစ်ကြပါတယ်။ ပရမ်းပတာအခြေအနေရဲ့ အရင်းခံအမှန်တရားကို ရှာဖွေနိုင်တဲ့စွမ်းရည်နဲ့ ဒီအခြေအနေမှာ ရှင်သန်နိုင်တဲ့ စွမ်းရည်တွေရှိကြပါတယ်။

Sagittarius
စွန့်စားမှုနဲ့အကောင်းမြင်သမားတွေဖြစ်ကြတဲ့ သူတို့တွေကလည်းစိန်ခေါ်မှုကိုနှစ်သက်ကြပါတယ်။ ဖရိုဖရဲနဲ့ ပရမ်းပတာအခြေအနေတွေမှာ သူတို့တွေကစွန့်စားခန်းလို့ရှုမြင်ကြပြီး ဖြစ်နိုင်ချေအသစ်များကို စူးစမ်းရှာဖွေဖို့အတွက်အခွင့်အလမ်းလို့ထင်ကြပါတယ်။ သူတို့တွေက စွန့်စားမှုနဲ့လွတ်လပ်မှုကို ချစ်မြတ်နိုးတဲ့စိတ်ကြောင့် တုန်လှုပ်စရာအတားအဆီးဆိုတာထက် စိတ်လှုပ်ရှားစရာအဖြစ် ရှုမြင်ကြပါတယ်။

MYit

zawgyi


Aries

Gemini

Scorpio

Sagittarius

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*