လုပ်ငန်းခွင်မှာ Creative က ဘာကြောင့်အရေးကြီးတာလဲ

လုပ်ငန်းခွင်မှာ တီထွင်ဖန်တီးနိုင်မှု တိုးလာခြင်းက အပြုသဘောဆောင်တဲ့ ရလဒ်တွေကိုဖြစ်ပေါ်စေတယ်။ ဒီအချက်တွေမှာ အလုပ်အ ကိုင်ကျေနပ်မှုတိုးလာတာနဲ့ အလုပ်ပျက်ကွက်တာလျှော့ချတာလိုမျိုး အရာတွေပါဝင်လာပါတယ်။ဒါပေမဲ့ တချို့အသက်မွေးဝမ်းကျောင်းနယ်ပယ်များမှာ နေ့စဉ်လုပ်ငန်းဆောင်တာများကိုတီထွင်ဖန်တီနိုင်စွမ်းကို ဘယ်လိုထည့်သွင်းအသုံးချမလဲဆိုတာကို မြင်တွေ့ဖို့ ခက်ခဲနိုင်ပါတယ်။တကယ်လို့ သင်က စာရင်းကိုင် ဒါမှမဟုတ် လုံခြုံရေးအစောင့်တဦးဖြစ်နိုင်ပါတယ်။ဒီအသက်မွေးဝမ်းကြောင်းလုပ်ငန်းအမျိုးအစားအတွက် တီထွင်ဖန်တီးနိုင်စွမ်းကိုဘယ်လိုစတင်နိုင်မလဲ။တီထွင်ဖန်တီးမှုက ပန်းချီဆွဲတာ၊ ဝတ္တုရေးတာစတဲ့အရာတွေသာ ပါဝင်တာမဟုတ်ပါဘူး။အလုပ်အမျိုးအစားတိုင်းနီးပါးအတွက် တီထွင်ဖန်တီနိုင်စွမ်းကိုတိုးမြှင့်ဖို့နည်းလမ်းတွေရှိပါတယ်။

ဒီနေ့မှာတော့ လုပ်ငန်းခွင်မှာ တီထွင်ဖန်တီးမှုက ဘာကြောင့်အရေးကြီးသလဲဆိုတာကိုမျှဝေပေးသွားချင်ပါတယ်။အချို့လုပ်ငန်းခွင်များအတွက် သူတို့လုပ်ငန်းတွေမှာ တီထွင်ဖန်တီးနိုင်စွမ်းကိုဘယ်လိုထည့်သွင်းနိုင်မလဲဆိုတာ ချက်ခြင်းမသိသာနိုင်ပါဘူး။ ဒါပေမဲ့ လုပ်ငန်းခွင်မှာတီထွင်ဖန်တီးနိုင်မှုက သင်ထင်ထားတာထက် ပိုအရေးကြီးပါတယ်။တကယ်တော့ အလုပ်ခန့်ထားရေးမန်နေဂျာများရဲ့ ၉၄ရာခိုင်နှုန်းက
အလုပ်လျှောက်ထားသူများကို အကဲဖြတ်ရမှာ တီထွင်ဖန်တီးနိုင်စွမ်းကိုထည့်သွင်းစဉ်းစားဖို့အရေးကြီးတယ်လို့ ဆိုကြပါတယ်။

ဒါဆို လုပ်ငန်းခွင်မှာ တီထွင်ဖန်တီးနိုင်မှုဆိုတာ ဘယ်လိုမျိုးလဲ၊တီထွင်ဖန်တီးမှုကို စိတ်ကူးကြည့်တဲ့အခါ ဂီတ၊ အနုပညာလက်ရာ ဒါမှမဟုတ် ပုံပြင်များစတဲ့အရာများကို သင်စဉ်းစားမိပါလိမ့်မယ်။ ဒါပေမယ့် အဲဒါထက် အများကြီး ပိုပါတယ်။တီထွင်ဖန်တီးနိုင်စွမ်းက အ တွေးအမြင်တစ်ခုဖြစ်ပါတယ်။တီထွင်ဖန်တီးမှုဆိုတာ ဘောင်အပြင်ဘက်မှာ တွေးခေါ်တာ၊ အရင်းအမြစ်များကိုနည်းလမ်းသစ်များဖြင့် ပေါင်းစပ်တာနဲ့ အခြားသူများ မသိသာနိုင်တဲ့ အကြံဥာဏ်များဒါမှမဟုတ် ဖြေရှင်းချက်များ ထွက်ပေါ်လာခြင်းတို့ကို ဆိုလိုပါတယ်။

တီထွင်ဖန်တီးသူများက အမြဲလိုလို မေးခွန်းများမေးကြပြီး ပိုမိုကောင်းမွန်တဲ့နည်းလမ်းသစ်များကို ရှာဖွေကြပါတယ်။ဖန်တီးမှုစိတ်ကူးများက သမားရိုးကျမဟုတ်ပါဘူး။ အဲဒါကြောင့် လူတချို့က စိတ်မသက်မသာဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ ဆန်းသစ်တဲ့ အတွေးအမြင်တွေနဲ့ အရာတခုကိုကြည့်တဲ့နည်းက လုပ်ငန်းခွင်မှာ သင်လိုအပ်တဲ့အရာပါ။အပြိုင်အဆိုင်လုပ်ငန်းများမှာ တီထွင်ဖန်တီးနိုင်စွမ်းက သင့်ကုမ္ပဏီကို ရှေ့ကိုရောက်စေမယ့်တခုတည်းသောနည်းလမ်းလည်းဖြစ်ပါတယ်။

MYit

zawgyi

လုပ္ငန္းခြင္မွာ တီထြင္ဖန္တီးႏိုင္မႈ တိုးလာျခင္းက အျပဳသေဘာေဆာင္တဲ့ ရလဒ္ေတြကိုျဖစ္ေပၚေစတယ္။ ဒီအခ်က္ေတြမွာ အလုပ္အ ကိုင္ေက်နပ္မႈတိုးလာတာနဲ႔ အလုပ္ပ်က္ကြက္တာေလွ်ာ့ခ်တာလိုမ်ိဳး အရာေတြပါဝင္လာပါတယ္။ဒါေပမဲ့ တခ်ိဳ႕အသက္ေမြးဝမ္းေက်ာင္းနယ္ပယ္မ်ားမွာ ေန႔စဥ္လုပ္ငန္းေဆာင္တာမ်ားကိုတီထြင္ဖန္တီႏိုင္စြမ္းကို ဘယ္လိုထည့္သြင္းအသုံးခ်မလဲဆိုတာကို ျမင္ေတြ႕ဖို႔ ခက္ခဲႏိုင္ပါတယ္။တကယ္လို႔ သင္က စာရင္းကိုင္ ဒါမွမဟုတ္ လုံၿခဳံေရးအေစာင့္တဦးျဖစ္ႏိုင္ပါတယ္။ဒီအသက္ေမြးဝမ္းေၾကာင္းလုပ္ငန္းအမ်ိဳးအစားအတြက္ တီထြင္ဖန္တီးႏိုင္စြမ္းကိုဘယ္လိုစတင္ႏိုင္မလဲ။တီထြင္ဖန္တီးမႈက ပန္းခ်ီဆြဲတာ၊ ဝတၱဳေရးတာစတဲ့အရာေတြသာ ပါဝင္တာမဟုတ္ပါဘူး။အလုပ္အမ်ိဳးအစားတိုင္းနီးပါးအတြက္ တီထြင္ဖန္တီႏိုင္စြမ္းကိုတိုးျမႇင့္ဖို႔နည္းလမ္းေတြရွိပါတယ္။

ဒီေန႔မွာေတာ့ လုပ္ငန္းခြင္မွာ တီထြင္ဖန္တီးမႈက ဘာေၾကာင့္အေရးႀကီးသလဲဆိုတာကိုမွ်ေဝေပးသြားခ်င္ပါတယ္။အခ်ိဳ႕လုပ္ငန္းခြင္မ်ားအတြက္ သူတို႔လုပ္ငန္းေတြမွာ တီထြင္ဖန္တီးႏိုင္စြမ္းကိုဘယ္လိုထည့္သြင္းႏိုင္မလဲဆိုတာ ခ်က္ျခင္းမသိသာႏိုင္ပါဘူး။ ဒါေပမဲ့ လုပ္ငန္းခြင္မွာတီထြင္ဖန္တီးႏိုင္မႈက သင္ထင္ထားတာထက္ ပိုအေရးႀကီးပါတယ္။တကယ္ေတာ့ အလုပ္ခန႔္ထားေရးမန္ေနဂ်ာမ်ားရဲ႕ ၉၄ရာခိုင္ႏႈန္းက
အလုပ္ေလွ်ာက္ထားသူမ်ားကို အကဲျဖတ္ရမွာ တီထြင္ဖန္တီးႏိုင္စြမ္းကိုထည့္သြင္းစဥ္းစားဖို႔အေရးႀကီးတယ္လို႔ ဆိုၾကပါတယ္။

ဒါဆို လုပ္ငန္းခြင္မွာ တီထြင္ဖန္တီးႏိုင္မႈဆိုတာ ဘယ္လိုမ်ိဳးလဲ၊တီထြင္ဖန္တီးမႈကို စိတ္ကူးၾကည့္တဲ့အခါ ဂီတ၊ အႏုပညာလက္ရာ ဒါမွမဟုတ္ ပုံျပင္မ်ားစတဲ့အရာမ်ားကို သင္စဥ္းစားမိပါလိမ့္မယ္။ ဒါေပမယ့္ အဲဒါထက္ အမ်ားႀကီး ပိုပါတယ္။တီထြင္ဖန္တီးႏိုင္စြမ္းက အ ေတြးအျမင္တစ္ခုျဖစ္ပါတယ္။တီထြင္ဖန္တီးမႈဆိုတာ ေဘာင္အျပင္ဘက္မွာ ေတြးေခၚတာ၊ အရင္းအျမစ္မ်ားကိုနည္းလမ္းသစ္မ်ားျဖင့္ ေပါင္းစပ္တာနဲ႔ အျခားသူမ်ား မသိသာႏိုင္တဲ့ အႀကံဥာဏ္မ်ားဒါမွမဟုတ္ ေျဖရွင္းခ်က္မ်ား ထြက္ေပၚလာျခင္းတို႔ကို ဆိုလိုပါတယ္။

တီထြင္ဖန္တီးသူမ်ားက အၿမဲလိုလို ေမးခြန္းမ်ားေမးၾကၿပီး ပိုမိုေကာင္းမြန္တဲ့နည္းလမ္းသစ္မ်ားကို ရွာေဖြၾကပါတယ္။ဖန္တီးမႈစိတ္ကူးမ်ားက သမား႐ိုးက်မဟုတ္ပါဘူး။ အဲဒါေၾကာင့္ လူတခ်ိဳ႕က စိတ္မသက္မသာျဖစ္ေစႏိုင္ပါတယ္။ ဒါေပမယ့္ တစ္ခါတေလမွာ ဆန္းသစ္တဲ့ အေတြးအျမင္ေတြနဲ႔ အရာတခုကိုၾကည့္တဲ့နည္းက လုပ္ငန္းခြင္မွာ သင္လိုအပ္တဲ့အရာပါ။အၿပိဳင္အဆိုင္လုပ္ငန္းမ်ားမွာ တီထြင္ဖန္တီးႏိုင္စြမ္းက သင့္ကုမၸဏီကို ေရွ႕ကိုေရာက္ေစမယ့္တခုတည္းေသာနည္းလမ္းလည္းျဖစ္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*