အထူးပရိသတ်တွေ့ဆုံပွဲကျင်းပမယ့် Park Min Young နဲ့ Kim Soo Hyun တို့

KCON LA 2024 မှာ အထူးပရိသတ်တွေနဲ့တွေ့ဆုံပွဲကျင်းပမယ်လို့ Park Min Young နဲ့ Kim Soo Hyun တို့ ကြေညာထားပါတယ်။
ဇွန်လ ၂၇ရက်နေ့မှာ CJ ENM မှ Kim Soo Hyun နဲ့ Park Min Young တို့က KCON LA 2024 မှာအထူးပရိသတ်တွေ့ဆုံပွဲကျင်းပမှာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ Park Min Young က ဇူလိုင် ၂၇ ရက်မှာ “Special Fan Meeting : Marry My Husband” မှာပါဝင်မှာဖြစ်ပြီး ဇူလိုင် ၂၈ရက်နေ့မှာတော့ “Queen of Tears” မင်းသား Kim Soo Hyunက သူ့ရဲ့ Fan Meeting “Behind the Scene: Kim Soo” ကို ကျင်းပမှာဖြစ်ပါတယ်။

ပွဲစဉ်နှစ်ခုစလုံးက LA Convention Center South Hall မှာရှိတဲ့ Meet&Greet Stage မှာကျင်းပမှာဖြစ်ပါတယ်။အထူးပရိသတ်တွေ့ဆုံပွဲများကို ပရိသတ်အားလုံးကို တက်ရောက်ခွင့်ရှိမှာဖြစ်ပြီး ပွဲတော်ကွင်းမှာလက်မှတ်ကိုင်ဆောင်သူအားလုံးအတွက် လွတ်လပ်စွာ ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ KCON LA 2024 ကို Crypto.com Arena နဲ့ LA Convention Center မှာ ဇူလိုင် ၂၆ရက်နေ့ကနေ ၂၈ရက်နေ့အထိ သုံးရက်ကြာကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

MYit

zawgyi

KCON LA 2024 မွာ အထူးပရိသတ္ေတြနဲ႔ေတြ႕ဆုံပြဲက်င္းပမယ္လို႔ Park Min Young နဲ႔ Kim Soo Hyun တို႔ ေၾကညာထားပါတယ္။
ဇြန္လ ၂၇ရက္ေန႔မွာ CJ ENM မွ Kim Soo Hyun နဲ႔ Park Min Young တို႔က KCON LA 2024 မွာအထူးပရိသတ္ေတြ႕ဆုံပြဲက်င္းပမွာျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ Park Min Young က ဇူလိုင္ ၂၇ ရက္မွာ “Special Fan Meeting : Marry My Husband” မွာပါဝင္မွာျဖစ္ၿပီး ဇူလိုင္ ၂၈ရက္ေန႔မွာေတာ့ “Queen of Tears” မင္းသား Kim Soo Hyunက သူ႔ရဲ႕ Fan Meeting “Behind the Scene: Kim Soo” ကို က်င္းပမွာျဖစ္ပါတယ္။

ပြဲစဥ္ႏွစ္ခုစလုံးက LA Convention Center South Hall မွာရွိတဲ့ Meet&Greet Stage မွာက်င္းပမွာျဖစ္ပါတယ္။အထူးပရိသတ္ေတြ႕ဆုံပြဲမ်ားကို ပရိသတ္အားလုံးကို တက္ေရာက္ခြင့္ရွိမွာျဖစ္ၿပီး ပြဲေတာ္ကြင္းမွာလက္မွတ္ကိုင္ေဆာင္သူအားလုံးအတြက္ လြတ္လပ္စြာ ဝင္ေရာက္ၾကည့္ရႈႏိုင္မွာျဖစ္ပါတယ္။ KCON LA 2024 ကို Crypto.com Arena နဲ႔ LA Convention Center မွာ ဇူလိုင္ ၂၆ရက္ေန႔ကေန ၂၈ရက္ေန႔အထိ သုံးရက္ၾကာက်င္းပျပဳလုပ္မွာျဖစ္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*