အလုပ်ထုတ်တဲ့အခါ မှားယွင်းတဲ့ အကြောင်းအရင်း (၄) ခု

အကြီးအကဲတယောက်က ဝန်ထမ်းတယောက်ကို အလုပ်ထုတ်တဲ့အခါ မှားယွင်းတဲ့အကြောင်းပြချက်တွေနဲ့လည်း အလုပ်ထုတ်ကြပါတယ်။ ဘယ်လိုမှားယွင်းတဲ့အကြောင်းပြချက်တွေလဲ။ ဒီလိုပြုလုပ်ဖို့အတွက် တရားမျှမှုမရှိတာ၊ ခွဲခြားဆက်ဆံတာ၊လေးစားမှုမရှိတဲ့အချက်တွေကို သိရှိထားဖို့လိုပါတယ်။

လူမျိုးရေး (သို့မဟုတ်) ဘာသာရေး ကွဲပြားမှု

တချို့အလုပ်တွေမှာ ဝန်ထမ်းတွေကို ဒီအချက်တွေကြောင့် တရားမျှမှုမရှိစွာအလုပ်ထုတ်ပစ်တတ်ကြပါတယ်။ ဒီအချက်ကြောင့် သင့်အနေနဲ့အလုပ်ထုတ်ခံရတဲ့အခါမှာဒါကမမျှတဘူးဆိုတာကို သိနားလည်ထားဖို့လိုပါတယ်။ လူတိုင်းကလွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ရှိကြပါတယ်။ ဒီအချက်ကြောင့်တော့ သင့်အနေနဲ့အလုပ်ထုတ်မခံရသင့်ပါဘူး။ နောက်တချက်က သင့်ရဲ့အလုပ် contract ကိုပြန်ကြည့်သင့်ပါတယ်။ သင်က ဒီစာချုပ်ပါအချက်အလက်တွေကိုဖောက်ဖျက်လို့အလုပ်ထုတ်ခံရတာမဟုတ်ဘဲ ဒီထဲမှာမပါဝင်တဲ့ အချက်တွေကြောင့်ဆိုရင်ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေးနဲ့၊ လူ့စွမ်းအားအရင်းအမြစ်ကတာဝန်ရှိသူတွေနဲ့စကားပြောဆိုသင့်ပါတယ်။

ကျား၊ မ လိင်စိတ်ခံယူမှုအပေါ်မှာ ဆုံးဖြတ်တာ

အလုပ်ထုတ်ဖို့အတွက် မှားယွင်းတဲ့အကြောင်းပြချက်တွေထဲမှာ လူတဦးစီရဲ့ ကျား၊ မလိင်စိတ်ခံယူမှုအပေါ်မှာ သက်ရောက်မှုရှိတဲ့အချက်ပါပဲ။ ဒီအလုပ်က လူတယောက်ရဲ့အခြေခံအခွင့်အရေးကို လျစ်လျူရှုနေသလားဆိုတဲ့ အချက်ကို ပြန်လည်မေးခွန်းထုတ်စရာရှိပါတယ်။ လူတဦးချင်းစီရဲ့အခြေခံလူ့အခွင့်အရေးကို လျစ်လျူရှုတဲ့ကုမ္ပဏီ၊ အဖွဲ့အစည်းကဝန်ထမ်းတွေရဲ့ အခွင့်အရေးကို လေးစားမှုရှိဖို့ဆိုတာ အင်မတန်ခက်ခဲနိုင်ပါတယ်။တချို့အလုပ်တွေက ဒီအချက်ပေါ် မူတည်ပြီး အလုပ်ထုတ်တတ်ကြပါတယ်။

မသန်စွမ်းတာကြောင့် အလုပ်ထုတ်တာ

ကမ္ဘာကြီးရဲ့ လုပ်ငန်းခွင်တွေက ပြောင်းလဲနေပါတယ်။ အခုအခါ Corporate Level ကုမ္ပဏီကြီးတွေမှာ အားလုံးတန်းတူပါဝင်နိုင်ရေးဆိုတာကို ပေါ်လစီတခုအနေနဲ့ချမှတ်ပြီးလုပ်ဆောင်လာနေပါတယ်။ ဥပမာ ဘီဘီစီလို မီဒီယာအဖွဲ့အစည်းကြီးတခုအကြောင်းပြောပြချင်ပါတယ်။ အားလုံးတန်းတူပါဝင်နိုင်ရေးမှာ ဘီဘီစီက 50:20:12 target နဲ့သွားနေပါတယ်။ ကျား၊ မတန်းတူညီမျှမှုက ၅၀-၅၀အချိုးဖြစ်ရမယ်။ နောက်ပြီးတိုင်းရင်းသားလူမျိုးစုတွေပါဝင်နိုင်ရေးက ၂၀ရာခိုင်နှုန်းဖြစ်ပြီးမသန်စွမ်းသူတွေပါဝင်နိုင်နှုန်းကတော့ ၁၂ရာခိုင်နှုန်းဆိုတဲ့အချက်နဲ့ပါ။ ဘီဘီစီက အဲဒီ target နဲ့သွားနေတာဖြစ်ပါတယ်။ ဒါကြောင့်မသန်စွမ်းတာကြောင့်အလုပ်ထုတ်တာဆိုတဲ့အကြောင်းပြချက်က မှားယွင်းတဲ့အကြောင်းအရင်းဖြစ်ပါတယ်။

အလုပ်မှာ ဆွေမျိုးတွေရှိနေလို့ အလုပ်ထုတ်တာ

ဒီအချက်ကလည်း အလုပ်တော်တော်များများမှာ တရားဝင်စည်းကမ်းထုတ်ထားသလို၊တရားဝင်မထုတ်ထားပေမဲ့ လက်မခံတာမျိုးရှိကြပါတယ်။ အိမ်ထောင်သည်အချင်းချင်းဆိုအလုပ်တခုထဲမှာ မခန့်ထားတာ၊ ညီအစ်မတွေ၊ ညီအစ်ကိုတွေကို အလုပ်တခုထဲမှာ မခန့်တာ၊
အဲ့လိုသိပြီဆိုတာနဲ့ အလုပ်ကထုတ်ပစ်တာကလည်း မှားယွင်းတဲ့အကြောင်းအရင်းဖြစ်ပါတယ်။ဒါပေမဲ့ ဒီအချက်က အစကတည်းက ကုမ္ပဏီပေါ်လစီမှာ ထည့်သွင်းထားတဲ့အချက်ဆိုရင်တော့ဝန်ထမ်းက ပြန်လည်ချေပခွင့်မရှိပါဘူး။ ဘာကြောင့်လဲဆိုရင် အလုပ်စဝင်က တည်းက ကုမ္ပဏီရဲ့ပေါ်လစီတွေ၊ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပါမယ်ဆိုတာလက်မှတ်ထိုးထားပြီးဖြစ်နေလို့ပါ။

ဒီအချက်တွေအားလုံးကတော့ အလုပ်မှာ အလုပ်ထုတ်တဲ့အခါမှားယွင်းတဲ့အကြောင်းအရင်းတွေဖြစ်ပါတယ်။ ဝန်ထမ်းတယောက်က
စည်းမျဉ်းစည်းကမ်းမလိုက်နာတဲ့အခါ အလုပ်ထုတ်ခွင့်က ကုမ္ပဏီတိုင်း၊ အဖွဲ့အစည်းတိုင်း၊ခေါင်းဆောင်တိုင်းမှာရှိပါတယ်။ ဒါပေမဲ့ အခြေ ခံလူ့အခွင့်အရေးနဲ့ပတ်သက်တဲ့စံတန်ဖိုးတွေအပေါ်မှာတော့ ဆုံးဖြတ်ပိုင်ခွင့်မရှိပါဘူး။ဒီအပေါ်မှာဆုံးဖြတ်ပြီးအလုပ်ထုတ်မယ်ဆိုရင်တော့
မှားယွင်းတဲ့အကြောင်းအရင်းပဲဖြစ်စေပါလိမ့်မယ်။

MYit

zawgyi

အႀကီးအကဲတေယာက္က ဝန္ထမ္းတေယာက္ကို အလုပ္ထုတ္တဲ့အခါ မွားယြင္းတဲ့အေၾကာင္းျပခ်က္ေတြနဲ႔လည္း အလုပ္ထုတ္ၾကပါတယ္။ ဘယ္လိုမွားယြင္းတဲ့အေၾကာင္းျပခ်က္ေတြလဲ။ ဒီလိုျပဳလုပ္ဖို႔အတြက္ တရားမွ်မႈမရွိတာ၊ ခြဲျခားဆက္ဆံတာ၊ေလးစားမႈမရွိတဲ့အခ်က္ေတြကို သိရွိထားဖို႔လိုပါတယ္။

လူမ်ိဳးေရး (သို႔မဟုတ္) ဘာသာေရး ကြဲျပားမႈ

တခ်ိဳ႕အလုပ္ေတြမွာ ဝန္ထမ္းေတြကို ဒီအခ်က္ေတြေၾကာင့္ တရားမွ်မႈမရွိစြာအလုပ္ထုတ္ပစ္တတ္ၾကပါတယ္။ ဒီအခ်က္ေၾကာင့္ သင့္အေနနဲ႔အလုပ္ထုတ္ခံရတဲ့အခါမွာဒါကမမွ်တဘူးဆိုတာကို သိနားလည္ထားဖို႔လိုပါတယ္။ လူတိုင္းကလြတ္လပ္စြာကိုးကြယ္ယုံၾကည္ခြင့္ရွိၾကပါတယ္။ ဒီအခ်က္ေၾကာင့္ေတာ့ သင့္အေနနဲ႔အလုပ္ထုတ္မခံရသင့္ပါဘူး။ ေနာက္တခ်က္က သင့္ရဲ႕အလုပ္ contract ကိုျပန္ၾကည့္သင့္ပါတယ္။ သင္က ဒီစာခ်ဳပ္ပါအခ်က္အလက္ေတြကိုေဖာက္ဖ်က္လို႔အလုပ္ထုတ္ခံရတာမဟုတ္ဘဲ ဒီထဲမွာမပါဝင္တဲ့ အခ်က္ေတြေၾကာင့္ဆိုရင္ဝန္ထမ္းစည္းကမ္းထိန္းသိမ္းေရးနဲ႔၊ လူ႔စြမ္းအားအရင္းအျမစ္ကတာဝန္ရွိသူေတြနဲ႔စကားေျပာဆိုသင့္ပါတယ္။

က်ား၊ မ လိင္စိတ္ခံယူမႈအေပၚမွာ ဆုံးျဖတ္တာ

အလုပ္ထုတ္ဖို႔အတြက္ မွားယြင္းတဲ့အေၾကာင္းျပခ်က္ေတြထဲမွာ လူတဦးစီရဲ႕ က်ား၊ မလိင္စိတ္ခံယူမႈအေပၚမွာ သက္ေရာက္မႈရွိတဲ့အခ်က္ပါပဲ။ ဒီအလုပ္က လူတေယာက္ရဲ႕အေျခခံအခြင့္အေရးကို လ်စ္လ်ဴရႈေနသလားဆိုတဲ့ အခ်က္ကို ျပန္လည္ေမးခြန္းထုတ္စရာရွိပါတယ္။ လူတဦးခ်င္းစီရဲ႕အေျခခံလူ႔အခြင့္အေရးကို လ်စ္လ်ဴရႈတဲ့ကုမၸဏီ၊ အဖြဲ႕အစည္းကဝန္ထမ္းေတြရဲ႕ အခြင့္အေရးကို ေလးစားမႈရွိဖို႔ဆိုတာ အင္မတန္ခက္ခဲႏိုင္ပါတယ္။တခ်ိဳ႕အလုပ္ေတြက ဒီအခ်က္ေပၚ မူတည္ၿပီး အလုပ္ထုတ္တတ္ၾကပါတယ္။

မသန္စြမ္းတာေၾကာင့္ အလုပ္ထုတ္တာ

ကမာၻႀကီးရဲ႕ လုပ္ငန္းခြင္ေတြက ေျပာင္းလဲေနပါတယ္။ အခုအခါ Corporate Level ကုမၸဏီႀကီးေတြမွာ အားလုံးတန္းတူပါဝင္ႏိုင္ေရးဆိုတာကို ေပၚလစီတခုအေနနဲ႔ခ်မွတ္ၿပီးလုပ္ေဆာင္လာေနပါတယ္။ ဥပမာ ဘီဘီစီလို မီဒီယာအဖြဲ႕အစည္းႀကီးတခုအေၾကာင္းေျပာျပခ်င္ပါတယ္။ အားလုံးတန္းတူပါဝင္ႏိုင္ေရးမွာ ဘီဘီစီက 50:20:12 target နဲ႔သြားေနပါတယ္။ က်ား၊ မတန္းတူညီမွ်မႈက ၅၀-၅၀အခ်ိဳးျဖစ္ရမယ္။ ေနာက္ၿပီးတိုင္းရင္းသားလူမ်ိဳးစုေတြပါဝင္ႏိုင္ေရးက ၂၀ရာခိုင္ႏႈန္းျဖစ္ၿပီးမသန္စြမ္းသူေတြပါဝင္ႏိုင္ႏႈန္းကေတာ့ ၁၂ရာခိုင္ႏႈန္းဆိုတဲ့အခ်က္နဲ႔ပါ။ ဘီဘီစီက အဲဒီ target နဲ႔သြားေနတာျဖစ္ပါတယ္။ ဒါေၾကာင့္မသန္စြမ္းတာေၾကာင့္အလုပ္ထုတ္တာဆိုတဲ့အေၾကာင္းျပခ်က္က မွားယြင္းတဲ့အေၾကာင္းအရင္းျဖစ္ပါတယ္။

အလုပ္မွာ ေဆြမ်ိဳးေတြရွိေနလို႔ အလုပ္ထုတ္တာ

ဒီအခ်က္ကလည္း အလုပ္ေတာ္ေတာ္မ်ားမ်ားမွာ တရားဝင္စည္းကမ္းထုတ္ထားသလို၊တရားဝင္မထုတ္ထားေပမဲ့ လက္မခံတာမ်ိဳးရွိၾကပါတယ္။ အိမ္ေထာင္သည္အခ်င္းခ်င္းဆိုအလုပ္တခုထဲမွာ မခန႔္ထားတာ၊ ညီအစ္မေတြ၊ ညီအစ္ကိုေတြကို အလုပ္တခုထဲမွာ မခန႔္တာ၊
အဲ့လိုသိၿပီဆိုတာနဲ႔ အလုပ္ကထုတ္ပစ္တာကလည္း မွားယြင္းတဲ့အေၾကာင္းအရင္းျဖစ္ပါတယ္။ဒါေပမဲ့ ဒီအခ်က္က အစကတည္းက ကုမၸဏီေပၚလစီမွာ ထည့္သြင္းထားတဲ့အခ်က္ဆိုရင္ေတာ့ဝန္ထမ္းက ျပန္လည္ေခ်ပခြင့္မရွိပါဘူး။ ဘာေၾကာင့္လဲဆိုရင္ အလုပ္စဝင္က တည္းက ကုမၸဏီရဲ႕ေပၚလစီေတြ၊ စည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာပါမယ္ဆိုတာလက္မွတ္ထိုးထားၿပီးျဖစ္ေနလို႔ပါ။

ဒီအခ်က္ေတြအားလုံးကေတာ့ အလုပ္မွာ အလုပ္ထုတ္တဲ့အခါမွားယြင္းတဲ့အေၾကာင္းအရင္းေတြျဖစ္ပါတယ္။ ဝန္ထမ္းတေယာက္က
စည္းမ်ဥ္းစည္းကမ္းမလိုက္နာတဲ့အခါ အလုပ္ထုတ္ခြင့္က ကုမၸဏီတိုင္း၊ အဖြဲ႕အစည္းတိုင္း၊ေခါင္းေဆာင္တိုင္းမွာရွိပါတယ္။ ဒါေပမဲ့ အေျခ ခံလူ႔အခြင့္အေရးနဲ႔ပတ္သက္တဲ့စံတန္ဖိုးေတြအေပၚမွာေတာ့ ဆုံးျဖတ္ပိုင္ခြင့္မရွိပါဘူး။ဒီအေပၚမွာဆုံးျဖတ္ၿပီးအလုပ္ထုတ္မယ္ဆိုရင္ေတာ့
မွားယြင္းတဲ့အေၾကာင္းအရင္းပဲျဖစ္ေစပါလိမ့္မယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*