ကောင်းမွန်တဲ့ အလုပ်ဆက်ဆံရေးကို စတင်ဖို့ အဆင်သင့်ဖြစ်ပြီလား။ယုံကြည်မှုတည်ဆောက်ဖို့နဲ့ ဝန်ထမ်းများနဲ့ထိတွေ့ဆက်ဆံမှုကို အားပေးဖို့ ဒီအကြံပြုချက် (၈)ချက်နဲ့ စတင်လိုက်ပါ။
သင့်လုပ်ဖော်ကိုင်ဖက်များဆီကနေ သင်လိုအပ်တာကိုသိပါ
မင်းရဲ့စံပြအဖွဲ့ က ဘယ်လိုပုံစံလဲ။ အလုပ်ပြီးတိုင်း ပျော်ရွှင်စရာအချိန်တွေကို ပုံမှန်လုပ်ရတာကိုနှစ်သက်ပါသလား။ တင်းကျပ်တဲ့ သတ် မှတ်ရက်များမှာ အတူတကွ လုပ်ဆောင်ရတာကိုသင်နှစ်သက်ပါသလား။ စကားပြောဆိုဖို့ အချိန်ပိုပေးတာမျိုး၊ ဒါမှမဟုတ်သင့်လုပ်ဖော် ကိုင်ဖက်တွေက သင့်ကိုကူညီပေးနိုင်တဲ့ အရည်အချင်းတွေ ရှိကောင်းရှိနိုင်ပါတယ်။နောက်ပြီး သင်က ဘယ်အရာတွေ ပြန်ပေးနိုင်သလဲ စဉ်းစားပါ။ ဒီအချက်ကမင်းရဲ့အားသာချက်တွေ၊ အားနည်းချက်တွေကိုနားလည်ဖို့လိုပါတယ်။ စားပွဲကိုသင်ဘာတွေယူဆောင်လာနိုင်သလဲနဲ့ တခြားသူများဆီကနေ ပံ့ပိုးကူညီမှုလိုအပ်တဲ့ နေရာကိုသင်သိထားသင့်ပါတယ်။
တက်ကြွစွာ နားထောင်မှုကို လေ့ကျင့်ပါ
ယုံကြည်မှုနဲ့ ကြီးမားတဲ့ ဆက်သွယ်မှုစွမ်းရည်များက ကျန်းမာတဲ့ ဆက်ဆံရေးတခုအတွက်အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ ဒီနှစ်ခုစလုံးအောင်မြင်ဖို့အကောင်းဆုံးနည်းလမ်းကတော့တက်ကြွစွာ နားထောင်တာပဲဖြစ်ပါတယ်။
သင့်လုပ်ဖော်ကိုင်ဖက်များအတွက် အချိန်ပေးပါ
နေ့စဉ် အလုပ်ထဲမှာ နစ်မြုပ်နေပြီး လုပ်ငန်းခွင်ဆက်ဆံရေးကို လျစ်လျူရှုဖို့က လွယ်ပါတယ်။သင့်လုပ်ဖော်ကိုင်ဖက်များအတွက်လည်း နေ့စဉ်အချိန်ပေးသင့်ပါတယ်။ ဥပမာကော်ဖီသောက်ရင်း စကားစမြည်ပြောတာပဲဖြစ်ဖြစ်ပါ။ ဒါကအလုပ်ဆက်ဆံရေးကောင်းဖို့အတွက် ဖန်တီးပေးပါလိမ့်မယ်။
သင်ရဲ့ ကတိကဝတ်များကို လိုက်နာပါ
တခြားသူများဆီကနေ မတောင်းဆိုမီ သင့်ကတိကဝတ်များကို လိုက်နာကြောင်း သေချာပါစေ။သတ်မှတ်ရက်အတွင်း အလုပ်တွေပြီး မြောက်အောင်လုပ်နိုင်တယ်လို့ လူတွေရဲ့ယုံကြည်မှုရဖို့လိုပါတယ်။ ယုံကြည်စိတ်ချရတဲ့ အသင်းဖော်တဦးအဖြစ် သင့်ကိုယ်သင်သက် သေပြတာကကောင်းမွန်တဲ့ အလုပ်ဆက်ဆံရေးကို တည်ဆောက်ရာမှာ လွယ်ကူစေပါတယ်။
အကူအညီတောင်းရမယ့်အချိန်ကို သိပါ
အချိန်တန်ရင် ဘယ်လိုအကူအညီတောင်းရမလဲဆိုတာ သိဖို့လိုပါတယ်။ အရာရာတိုင်းကိုတစ်ယောက်တည်းလုပ်ရင် အသင်းကစားသ မားတစ်ယောက်အနေနဲ့ မင်းရဲ့ယုံကြည်ကိုးစားမှုကိုထိခိုက်စေလိမ့်မယ်။ ညံ့ဖျင်းသောရလဒ်များကို ထုတ်ပေးနိုင်ပါတယ်။ အကူအညီတောင်းခြင်းဒါမှမဟုတ် တာဝန်လွှဲအပ်တာက သင့်ဝတ္တရားများကို ပြည့်မီစေပြီး တစ်စုံတစ်ဦးနဲ့တဦးချင်းလုပ်ဆောင်နိုင်စေဖို့ တံခါးဖွင့်ပေးနိုင်ပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုက သင့်ကိုပိုမိုခိုင်မာတဲ့ ဆက်ဆ့ရေးတခုတည်ဆောက်ဖို့ ကူညီပေးနိုင်ပါတယ်။
ရှင်းလင်းတဲ့ နယ်နိမိတ်များ သတ်မှတ်ပါ
ကျန်းမာတဲ့ ဆက်ဆံရေးနယ်နိမိတ်များက လုပ်ငန်းခွင်အတွင်းခင်မင်ရင်းနှီးမှုတည်ဆောက်ရာမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတခုဖြစ်ပါတယ်။ “ကျန်းမာတဲ့အလုပ်ဆက်ဆံရေး”နဲ့ “အလွန်အကျွံ လူမှုဆက်ဆံရေး” အကြား မျှတအောင်ထိန်းထားဖို့အရေးကြီးပါတယ်။
ကျေးဇူးတင်ကြောင်းပြသပါ
မင်းရဲ့အသင်းဖော်တွေကို ကျေးဇူးတင်ကြောင်းပြဖို့က ခရီးရှည်တခုသွားရသလိုပါပဲ။ တခါထဲပြောရုံနဲ့ မလုံလောက်ဘူးလို့ ပြောချင်တာပါ။ သူတို့ရဲ့အလုပ်အတွက် ချီးကူးပါ။ကျေးဇူးတင်ကြောင်း မှတ်စုများ ပေးပို့ပါ။
အတင်းအဖျင်းကို ကျော်လိုက်ပါ
အတင်းအဖျင်းနဲ့ ရုံးတွင်းနိုင်ငံရေးက လုပ်ငန်းခွင်မှာ ယုံကြည်မှု ပျက်ပြားစေပါတယ်။လူတွေရဲ့နောက်ကွယ်မှာ စကားပြောတာကို ရှောင်ပါ။ ပြဿနာရှိရင် သူတို့နဲ့တိုက်ရိုက်ရင်ဆိုင်ပါ။ ဒီအချက်က ပွင့်လင်းတဲ့ ဆက်သွယ်ရေးလမ်းကြောင်းကိုထိန်းထားနိုင်မှာဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ အလုပ်ပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးပါလိမ့်မယ်။ဒီအချက် (၈)ချက်ကတော့ လုပ်ငန်းခွင်အတွင်းမှာ ဆက်ဆံရေးတခုတည်ဆောက်ဖို့အတွက်ကောင်းမွန်တဲ့ အကြံဉာဏ်တွေပဲဖြစ်ပါတယ်။
MYit
zawgyi
MYit
Leave a Reply