Burnout ဘာကြောင့်ဖြစ်ရတာလဲ၊ ဘယ်လိုကာကွယ်နိုင်မလဲ

Business ပိုင်းမှာတော့ Burnout ဖြစ်တယ်ဆိုတာအလုပ်ကိုသဲကြီးမဲကြီးအားသွန်ခွန်စိုက်လုပ်ခဲ့ပြီးနောက်ပိုင်းမှာအလုပ်ကိုဘယ်လိုမှဆက်မလုပ်နိုင်တော့တာကိုခေါ်ပါတယ်။ အလုပ်လုပ်တဲ့သူတွေအနေနဲ့အလုပ်ဆိုတာကိုနောက်ထပ်အသံမကြားချင်လောက်အောင်ဖြစ်သွားတယ်၊အလုပ်လုပ်ဖို့ဘာခွန်အားမှမရှိတော့လောက်အောင်ဖြစ်သွားတယ်ဆိုတာကဆိုးရွားလွန်းတဲ့အခြေအနေတစ်ခုပါ။ ကြာကြာဝါးမယ့်သွားအရိုးကြည့်ရှောင်ဆိုသလိုပဲအသက်အရွယ်တစ်ခုရသည်အထိလုပ်နေရမယ့်အလုပ်ကို စောစောကတည်းကစိတ်ပျက်မသွားစေဖို့၊လမ်းခုလတ်မှာတင်လက်ပန်းကျမသွားစေဖို့ ကိုယ့်ကိုယ်ကိုယ်ညှာတာတတ်ဖို့ကလည်းအရေးကြီးပါတယ်။ဒါ့ကြောင့်လည်း ဘယ်လိုလူမျိုးတွေက Burnout ဖြစ်တတ်သလဲ၊ ဘယ်လိုကာကွယ်နိုင်မလဲ၊သူငယ်ချင်းတွေ၊ မိသားစုဝင်တွေထဲမှာဒီလိုဖြစ်လာခဲ့ရင်ဘယ်လိုကူ ညီပေးနိုင်မလဲဆိုတာလေးတွေကိုမျှဝေပေးလိုက်ပါတယ်။

Burnout ဖြစ်တတ်သူတွေထဲမှာ အထူးသဖြင့်အလုပ်နဲ့ပတ်သက်ရင် လောဘကြီးလွန်းသူတွေ၊သူများထက်ပိုပြီးအလုပ်လုပ်ချင်စိတ်များတဲ့သူတွေပါဝင်ပါတယ်။ ဒီလိုအလုပ်လောဘကြီးတဲ့စိတ်ကကိုယ့်ကိုယ်ကိုယ်အလုပ်တွေထပ်ထပ်ပြီးလုပ်ဖို့ တွန်းအားပေးမိနေတတ်ပါတယ်။အဲဒီနောက်ပိုင်းမှာတော့ သူဟာကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့မေ့လာပါတယ်။ ငြင်းခုန်ရတာတွေ၊ညှိနှိုင်းရတာတွေကိုလက်မခံနိုင်ဖြစ် လာပြီး တခြားလူမှုရေးကိစ္စတွေမှာလည်းလုံးဝလစ်ဟင်းသွားတာဖြစ်ပါတယ်။သူများကိုအပြစ်တင်တဲ့စိတ်များလာပြီးကိုယ့်အပြုအမူတွေကိုတာဝန်မယူတော့တဲ့သူအဖြစ်ရောက်ရှိလာပါတယ်။ တစ်ကိုယ်တည်းနေချင်လာပြီးသူ့ရဲ့အမူအကျင့်တွေဟာလည်း တခြားသူတစ်ယောက်လိုဖြစ်လာတတ်ပါတယ်။ဒီလိုအဆင့်တွေကနေ တဖြည်းဖြည်းနဲ့ ဘဝကဘာမှအဓိပ္ပါယ်မရှိတော့သလိုဖြစ်လာတာ၊စိတ်ဓာတ်ကျလာတာ၊ ခန္ဓာကိုယ်ရော စိတ်ပါလုံးဝလက်ပန်းကျအားကုန်သွားတဲ့အနေအထားအထိဖြစ်လာတတ်တာပါ။

Recover ပြန်ဖြစ်ဖို့
ကိုယ့်အခြေအနေက အပေါ်မှာဖော်ပြခဲ့တဲ့အနေအထားအထိရောက်လာခဲ့ရင်မြန်မြန်ပြန်ကုစားဖို့လိုပါတယ်။ အလုပ်သင့်ဆုံးအရာတွေကတော့ ….အလုပ်တွေကိုတစ်ဝက်လောက်လျှော့လိုက်ပါ၊ လေ့ကျင့်ခန်းမဖြစ်မနေလုပ်ပါ၊သေသေချာချာလေးချက်ပြုတ်စားသောက်ပါ။ ကောင်းကောင်းစားပါ။ အိပ်ရေးဝဝအိပ်ပါ။ လိုအပ်ရင်စိတ်ကုဆရာဝန်နဲ့ တခြားသောဆရာဝန်တွေဆီပြသပြီး ဆေးသောက်နိုင်ပါတယ်။
မိသားစုနဲ့သူငယ်ချင်းတွေဆီက အကူအညီယူဖို့မတွန့်ဆုတ်ပါနဲ့နော်။

ကိုယ့်မိတ်တွေက Burnout ဖြစ်နေခဲ့ရင်
သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင်ထဲမှာ Burnout ဖြစ်လာခဲ့ရင်သူတို့ရင်ဖွင့်သမျှတွေကိုစိတ်ရှည်ရှည်နဲ့နားထောင်ပါ၊ သူတို့ခံစားနေရတဲ့ ခံစားချက်ကိုနာမည်တပ်ပေးပါ၊ “နင်စိတ်ကုန်နေတယ်၊ပင်ပန်းလွန်းနေတယ်ဆိုတာ ဖြစ်သင့်ပါတယ်။ တစ်နှစ်လုံးလည်းကောင်းကောင်းမနားရသေးဘူးလေ၊ခုပရောဂျက်ကိုမလုပ်နိုင်တော့ဘူးဆိုတာဖြစ်သင့်တယ်လေ” ဆိုတာမျိုးပြောဆိုပေးနိုင်ပါတယ်။ကိုယ်က ငါဘာလုပ်ပေးရမလဲ၊ ဘာကူညီရမလဲလို့မေးမယ့်အစား သူစားဖို့တစ်ခုခုဝယ်သွားပေးတာ၊အိမ်ခန်းကိုရှင်းပေးလိုက်တာ၊ စာအုပ်စင်ကိုရှင်းပေးလိုက်တာမျိုးက ပိုပြီးအကျိုးများစေပါတယ်။သူစိတ်ပင်ပန်းနေတာကိုသိရင် အဲဒီကာလမှာပန်းစည်းပို့ပေးတာ၊ အဓိပ္ပါယ်ရှိတဲ့မက်ဆေ့ချ်လေးတွေပို့တာမျိုးနဲ့ လောကကြီးမှာ သူတစ်ယောက်တည်းမဟုတ်ဘူးဆိုတာကို သိရှိစေသင့်ပါတယ်။မိသားစုဝင်အတွက်ဆိုရင် သူသက်သာစေဖို့ ကလေးထိန်းငှားပေးတာ၊ သန့်ရှင်းရေးဝန်ထမ်းငှားပေးတာ၊နှစ်သိမ့်ဆွေးနွေးခိုင်းတာမျိုးတွေလုပ်ပေးနိုင်ပါတယ်။လူ့ဘဝတိုတိုလေးမှာ အလုပ်တွေပိပြီးဘဝအဓိပ္ပါယ်ပျောက်ဆုံးမသွားစေဖို့၊ဘာကိုမှစိတ်မပါတော့တဲ့အထိ အလုပ်ကိုစိတ်ပျက်လက်ပျက်ဖြစ်မသွားစေဖို့
အလုပ်နဲ့ဘဝကိုဟန်ချက်ညီညီတည်ဆောက်နိုင်ကြပါစေ။

Ju Ju

zawgyi

Business ပိုင္းမွာေတာ့ Burnout ျဖစ္တယ္ဆိုတာအလုပ္ကိုသဲႀကီးမဲႀကီးအားသြန္ခြန္စိုက္လုပ္ခဲ့ၿပီးေနာက္ပိုင္းမွာအလုပ္ကိုဘယ္လိုမွဆက္မလုပ္ႏိုင္ေတာ့တာကိုေခၚပါတယ္။ အလုပ္လုပ္တဲ့သူေတြအေနနဲ႔အလုပ္ဆိုတာကိုေနာက္ထပ္အသံမၾကားခ်င္ေလာက္ေအာင္ျဖစ္သြားတယ္၊အလုပ္လုပ္ဖို႔ဘာခြန္အားမွမရွိေတာ့ေလာက္ေအာင္ျဖစ္သြားတယ္ဆိုတာကဆိုး႐ြားလြန္းတဲ့အေျခအေနတစ္ခုပါ။ ၾကာၾကာဝါးမယ့္သြားအ႐ိုးၾကည့္ေရွာင္ဆိုသလိုပဲအသက္အ႐ြယ္တစ္ခုရသည္အထိလုပ္ေနရမယ့္အလုပ္ကို ေစာေစာကတည္းကစိတ္ပ်က္မသြားေစဖို႔၊လမ္းခုလတ္မွာတင္လက္ပန္းက်မသြားေစဖို႔ ကိုယ့္ကိုယ္ကိုယ္ညႇာတာတတ္ဖို႔ကလည္းအေရးႀကီးပါတယ္။ဒါ့ေၾကာင့္လည္း ဘယ္လိုလူမ်ိဳးေတြက Burnout ျဖစ္တတ္သလဲ၊ ဘယ္လိုကာကြယ္ႏိုင္မလဲ၊သူငယ္ခ်င္းေတြ၊ မိသားစုဝင္ေတြထဲမွာဒီလိုျဖစ္လာခဲ့ရင္ဘယ္လိုကူ ညီေပးႏိုင္မလဲဆိုတာေလးေတြကိုမွ်ေဝေပးလိုက္ပါတယ္။

Burnout ျဖစ္တတ္သူေတြထဲမွာ အထူးသျဖင့္အလုပ္နဲ႔ပတ္သက္ရင္ ေလာဘႀကီးလြန္းသူေတြ၊သူမ်ားထက္ပိုၿပီးအလုပ္လုပ္ခ်င္စိတ္မ်ားတဲ့သူေတြပါဝင္ပါတယ္။ ဒီလိုအလုပ္ေလာဘႀကီးတဲ့စိတ္ကကိုယ့္ကိုယ္ကိုယ္အလုပ္ေတြထပ္ထပ္ၿပီးလုပ္ဖို႔ တြန္းအားေပးမိေနတတ္ပါတယ္။အဲဒီေနာက္ပိုင္းမွာေတာ့ သူဟာကိုယ့္ကိုယ္ကိုယ္ဂ႐ုစိုက္ဖို႔ေမ့လာပါတယ္။ ျငင္းခုန္ရတာေတြ၊ညႇိႏႈိင္းရတာေတြကိုလက္မခံႏိုင္ျဖစ္ လာၿပီး တျခားလူမႈေရးကိစၥေတြမွာလည္းလုံးဝလစ္ဟင္းသြားတာျဖစ္ပါတယ္။သူမ်ားကိုအျပစ္တင္တဲ့စိတ္မ်ားလာၿပီးကိုယ့္အျပဳအမူေတြကိုတာဝန္မယူေတာ့တဲ့သူအျဖစ္ေရာက္ရွိလာပါတယ္။ တစ္ကိုယ္တည္းေနခ်င္လာၿပီးသူ႔ရဲ႕အမူအက်င့္ေတြဟာလည္း တျခားသူတစ္ေယာက္လိုျဖစ္လာတတ္ပါတယ္။ဒီလိုအဆင့္ေတြကေန တျဖည္းျဖည္းနဲ႔ ဘဝကဘာမွအဓိပၸါယ္မရွိေတာ့သလိုျဖစ္လာတာ၊စိတ္ဓာတ္က်လာတာ၊ ခႏၶာကိုယ္ေရာ စိတ္ပါလုံးဝလက္ပန္းက်အားကုန္သြားတဲ့အေနအထားအထိျဖစ္လာတတ္တာပါ။

Recover ျပန္ျဖစ္ဖို႔
ကိုယ့္အေျခအေနက အေပၚမွာေဖာ္ျပခဲ့တဲ့အေနအထားအထိေရာက္လာခဲ့ရင္ျမန္ျမန္ျပန္ကုစားဖို႔လိုပါတယ္။ အလုပ္သင့္ဆုံးအရာေတြကေတာ့ ….အလုပ္ေတြကိုတစ္ဝက္ေလာက္ေလွ်ာ့လိုက္ပါ၊ ေလ့က်င့္ခန္းမျဖစ္မေနလုပ္ပါ၊ေသေသခ်ာခ်ာေလးခ်က္ျပဳတ္စားေသာက္ပါ။ ေကာင္းေကာင္းစားပါ။ အိပ္ေရးဝဝအိပ္ပါ။ လိုအပ္ရင္စိတ္ကုဆရာဝန္နဲ႔ တျခားေသာဆရာဝန္ေတြဆီျပသၿပီး ေဆးေသာက္ႏိုင္ပါတယ္။
မိသားစုနဲ႔သူငယ္ခ်င္းေတြဆီက အကူအညီယူဖို႔မတြန႔္ဆုတ္ပါနဲ႔ေနာ္။

ကိုယ့္မိတ္ေတြက Burnout ျဖစ္ေနခဲ့ရင္
သူငယ္ခ်င္း ဒါမွမဟုတ္ မိသားစုဝင္ထဲမွာ Burnout ျဖစ္လာခဲ့ရင္သူတို႔ရင္ဖြင့္သမွ်ေတြကိုစိတ္ရွည္ရွည္နဲ႔နားေထာင္ပါ၊ သူတို႔ခံစားေနရတဲ့ ခံစားခ်က္ကိုနာမည္တပ္ေပးပါ၊ “နင္စိတ္ကုန္ေနတယ္၊ပင္ပန္းလြန္းေနတယ္ဆိုတာ ျဖစ္သင့္ပါတယ္။ တစ္ႏွစ္လုံးလည္းေကာင္းေကာင္းမနားရေသးဘူးေလ၊ခုပေရာဂ်က္ကိုမလုပ္ႏိုင္ေတာ့ဘူးဆိုတာျဖစ္သင့္တယ္ေလ” ဆိုတာမ်ိဳးေျပာဆိုေပးႏိုင္ပါတယ္။ကိုယ္က ငါဘာလုပ္ေပးရမလဲ၊ ဘာကူညီရမလဲလို႔ေမးမယ့္အစား သူစားဖို႔တစ္ခုခုဝယ္သြားေပးတာ၊အိမ္ခန္းကိုရွင္းေပးလိုက္တာ၊ စာအုပ္စင္ကိုရွင္းေပးလိုက္တာမ်ိဳးက ပိုၿပီးအက်ိဳးမ်ားေစပါတယ္။သူစိတ္ပင္ပန္းေနတာကိုသိရင္ အဲဒီကာလမွာပန္းစည္းပို႔ေပးတာ၊ အဓိပၸါယ္ရွိတဲ့မက္ေဆ့ခ်္ေလးေတြပို႔တာမ်ိဳးနဲ႔ ေလာကႀကီးမွာ သူတစ္ေယာက္တည္းမဟုတ္ဘူးဆိုတာကို သိရွိေစသင့္ပါတယ္။မိသားစုဝင္အတြက္ဆိုရင္ သူသက္သာေစဖို႔ ကေလးထိန္းငွားေပးတာ၊ သန႔္ရွင္းေရးဝန္ထမ္းငွားေပးတာ၊ႏွစ္သိမ့္ေဆြးေႏြးခိုင္းတာမ်ိဳးေတြလုပ္ေပးႏိုင္ပါတယ္။လူ႔ဘဝတိုတိုေလးမွာ အလုပ္ေတြပိၿပီးဘဝအဓိပၸါယ္ေပ်ာက္ဆုံးမသြားေစဖို႔၊ဘာကိုမွစိတ္မပါေတာ့တဲ့အထိ အလုပ္ကိုစိတ္ပ်က္လက္ပ်က္ျဖစ္မသြားေစဖို႔
အလုပ္နဲ႔ဘဝကိုဟန္ခ်က္ညီညီတည္ေဆာက္ႏိုင္ၾကပါေစ။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*