ဆုံးရှုံးသွားတဲ့အချစ်ကို ပြန်လည်ရယူနိုင်မယ့် Tarot နိမိတ်ကတ် (၅)ကတ်

ဆုံးရှုံးသွားတဲ့ အချစ်ကို ပြန်လည်အသက်သွင်းနိုင်မလား သင်တွေးဖူးသလား။ တချိန်ကပိတ်သွားတဲ့ အချစ်တံခါးတွေကို ပြန်လည်ဖွင့်လစ်ဖို့အတွက် သင်စဉ်းစားနေပါသလား။ဒီတားရော့ကတ်တွေကတော့ ဆုံးရှုံးသွားတဲ့အချစ်တွေကို ပြန်လည်ရရှိနိုင်တဲ့နိမိတ်တွေပဲဖြစ်ပါတယ်။

The Lover
ချစ်သူများကတ်က စည်းလုံးညီညွတ်မှုနဲ့ အပြန်အလှန်ဆွဲဆောင်မှုတို့အတွက် အားကောင်းတဲ့သင်္ကေတတခုဖြစ်ပါတယ်။ လူနှစ်ဦးကြားက ခိုင်မာတဲ့ စိတ်ဝိညာဉ်ချိတ်ဆက်မှုကို ညွှန်ပြပြီးအပြန်အလှန်လေးစားမှုနဲ့ နားလည်မှုအခြေခံတဲ့ ဆက်ဆံရေးကို ညွှန်ပြနေပါတယ်။
ဆုံးရှုံးသွားတဲ့ချစ်ခြင်းမေတ္တာအတွက် တားရော့ဖတ်ရှုတဲ့အခါ ဒီကတ်ပေါ်လာတယ်ဆိုရင်ရင်ကြားစေ့ရေးက ဖြစ်နိုင်တဲ့လက္ခဏာတခုဖြစ်ပါတယ်။

The Two of Cups
ဒီကတ်က အများအားဖြင့် လူနှစ်ဦးကြားက ခံစားချက်များ စီးဆင်းမှုကို ကိုယ်စားပြုပါတယ်။ဆုံးရှုံးသါားတဲ့ အချစ်တခုနဲ့ ဆက်ဆံရေးကို ပြန်လည်ရှင်သန်ဖို့ ကြိုးပမ်းနေတယ်ဆိုရင်ဒီကတ်ကျလာတဲ့အခါ အပြန်အလှန်ခံစားချက်များ ရှိနေတုန်းပဲဆိုတာကို ပြသနေပါတယ်။

The Star
ကြယ်စင်ကတ်က သင့်မျှော်လင့်ချက်အတွက် မီးရှူးတန်ဆောင်ဖြစ်ပါတယ်။အသစ်တဖန်ဖြစ်တည်လာမှု၊ လှုံ့ဆော်မှုနဲ့ ငြိမ်သက်ခြင်းတို့ကို ကိုယ်စားပြုပါတယ်။ဆုံးရှုံးသွားတဲ့ ချစ်ခြင်းအတွက် ဖတ်ရှုရာမှာ ဒီကတ်ကျလာရင် အတိတ်က နာကျင်စရာများပျောက်ကင်းစေပြီး အနာဂတ်ဆီကို အကောင်းမြင်စိတ်နဲ့ ကြည့်ရှုသင့်ပါတယ်။

The Empress
ဧကရီကတ်က ကြွယ်ဝခြင်း၊ ပြုစုပျိုးထောင်ခြင်းနဲ့ ချစ်ခြင်းမေတ္တာကို ပေးစွမ်းပါတယ်။ဆုံးရှုံးသွားတဲ့အချစ်ရေးမှာ ဒီကတ်က သင့်ခံစားချက်တွေကိုပွင့်လင်းစွာပြသဖို့အကြံပေးထားပါတယ်။ ကြင်နာမှု၊ နားလည်မှုတို့ကို မွေးမြူထားပြီးအချစ်တဖန်ပြန်လည်ရှင်သန်လာနိုင်တဲ့ နိမိတ်ပဲဖြစ်ပါတယ်။

Knight of Cups
ဒီသူရဲကောင်းကတ်က ဆုံးရှုံးသွားတဲ့ချစ်ခြင်းမေတ္တာအကြောင်းဖတ်ရှုရာမှာတစုံတဦးရဲ့နှလုံးသားကို ပြန်လည်အနိုင်ယူနိုင်ဖို့ ခမ်းနားတဲ့ စိတ်လှုပ်ရှားမှုအမူရာပြုလုပ်ဖို့လိုအပ်ကြောင်း အကြံပြုထားပါတယ်။ ဒီကတ်က သင့်နှလုံးသားကို လိုက်လျောရန်နဲ့သင့်ခံစားချက်များကို ပွင့်ပွင့်လင်းလင်းဖော်ပြဖို့ အားပေးထားပါတယ်။

MYit

zawgyi


The Lover

The Two of Cups

The Star

The Empress

Knight of Cups

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*