Jennie ရဲ့ ဘရန်း Gentle Monster နဲ့ပတ်သက်ပြီး ဒီဇိုင်းခိုးချတယ်ဆိုတဲ့ကောလဟာလများရှိနေ

BLACKPINK Jennie ရဲ့မျက်မှန်ဘရန်းတခုဖြစ်တဲ့ Gentle Monster နဲ့ပတ်သက်ပြီးဒီဇိုင်းခိုးယူတယ်ဆိုတဲ့ စွပ်စွဲချက်တွေရှိနေပါတယ် မကြာသေးမီက JENTLE SALON လို့ခေါ်တဲ့ပစ္စည်းအသစ်တခုကို ထုတ်လုပ်ခဲ့တာနဲ့ပတ်သက်ပြီး ဒီလိုနောက်ဆက်တွဲစွပ်စွဲချက်တွေပေါ်ထွက်လာတာပဲဖြစ်ပါတယ်။ သူမရဲ့ collection မှာ ချစ်စရာကောင်းတဲ့ capybara mascot အပြင် အသည်းပုံလေးတွေနဲ့ကြယ်လေးတွေအစရှိတဲ့ ချစ်စရာကောင်းတဲ့ ပစ္စည်းလေးတွေအဲဒီမျက်မှန်မှာပါဝင်ခဲ့ပါတယ်။ဒါပေမဲ့ သူမအသစ်ထုတ်လိုက်တဲ့ အဲဒီမျက်မှန်က လက်ဝတ်ရတနာအမှတ်တံဆိပ်တခုဖြစ်တဲ့ YVMIN ဆီကနေ ခိုးယူထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေထွက်ပေါ်လာတာပဲဖြစ်ပါတယ်။

ကောလဟာလတွေအရ YVMIN က သူတို့ရဲ့ အမှတ်တံဆိပ်နဲ့ Jennie ရဲ့ဘရန်းကနေနောက်ဆုံးထုတ်လိုက်တဲ့ ဒီဇိုင်းနဲ့အတူ သူတို့ရဲ့ ၂၀၂၀ကနေ ၂၀၂၂ခုနှစ်ထုတ်ဒီဇိုင်းတွေကိုယှဉ်ပြီး သူတို့ရဲ့ Instagram အကောင့်မှာ ပို့စ်တွေနဲ့ Story တွေကို မျှဝေခဲ့ပါတယ်။နောက်ပိုင်းမှာတော့ အဲဒီပို့စ်ကို ပြန်လည်ဖြုတ်ချသွားခဲ့ပါတယ်။ဒီဇိုင်းကူးယူတယ်ဆိုတဲ့ စွပ်စွဲချက်တွေက ပြင်ထန်လွန်းနေပြီး ကိုရီးယားကအင်တာနက်အသုံးပြုသူတွေအချင်းချင်းလည်း ဒီကိစ္စနဲ့ပတ်သက်ပြီးအငြင်းပွားဖွယ်ရာဖြစ်နေပါတယ်။ လူတော်တော်များများကတော့ ဒီစွပ်စွဲချက်က ပြင်းထန်ပြီးဒီလိုဖြစ်ရပ်မျိုး မဖြစ်နိုင်ဘူးလို့လည်း ထင်ကြေးပေးနေကြပါတယ်။

MYiT

zawgyi

BLACKPINK Jennie ရဲ႕မ်က္မွန္ဘရန္းတခုျဖစ္တဲ့ Gentle Monster နဲ႔ပတ္သက္ၿပီးဒီဇိုင္းခိုးယူတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြရွိေနပါတယ္ မၾကာေသးမီက JENTLE SALON လို႔ေခၚတဲ့ပစၥည္းအသစ္တခုကို ထုတ္လုပ္ခဲ့တာနဲ႔ပတ္သက္ၿပီး ဒီလိုေနာက္ဆက္တြဲစြပ္စြဲခ်က္ေတြေပၚထြက္လာတာပဲျဖစ္ပါတယ္။ သူမရဲ႕ collection မွာ ခ်စ္စရာေကာင္းတဲ့ capybara mascot အျပင္ အသည္းပုံေလးေတြနဲ႔ၾကယ္ေလးေတြအစရွိတဲ့ ခ်စ္စရာေကာင္းတဲ့ ပစၥည္းေလးေတြအဲဒီမ်က္မွန္မွာပါဝင္ခဲ့ပါတယ္။ဒါေပမဲ့ သူမအသစ္ထုတ္လိုက္တဲ့ အဲဒီမ်က္မွန္က လက္ဝတ္ရတနာအမွတ္တံဆိပ္တခုျဖစ္တဲ့ YVMIN ဆီကေန ခိုးယူထားတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြထြက္ေပၚလာတာပဲျဖစ္ပါတယ္။

ေကာလဟာလေတြအရ YVMIN က သူတို႔ရဲ႕ အမွတ္တံဆိပ္နဲ႔ Jennie ရဲ႕ဘရန္းကေနေနာက္ဆုံးထုတ္လိုက္တဲ့ ဒီဇိုင္းနဲ႔အတူ သူတို႔ရဲ႕ ၂၀၂၀ကေန ၂၀၂၂ခုႏွစ္ထုတ္ဒီဇိုင္းေတြကိုယွဥ္ၿပီး သူတို႔ရဲ႕ Instagram အေကာင့္မွာ ပို႔စ္ေတြနဲ႔ Story ေတြကို မွ်ေဝခဲ့ပါတယ္။ေနာက္ပိုင္းမွာေတာ့ အဲဒီပို႔စ္ကို ျပန္လည္ျဖဳတ္ခ်သြားခဲ့ပါတယ္။ဒီဇိုင္းကူးယူတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြက ျပင္ထန္လြန္းေနၿပီး ကိုရီးယားကအင္တာနက္အသုံးျပဳသူေတြအခ်င္းခ်င္းလည္း ဒီကိစၥနဲ႔ပတ္သက္ၿပီးအျငင္းပြားဖြယ္ရာျဖစ္ေနပါတယ္။ လူေတာ္ေတာ္မ်ားမ်ားကေတာ့ ဒီစြပ္စြဲခ်က္က ျပင္းထန္ၿပီးဒီလိုျဖစ္ရပ္မ်ိဳး မျဖစ္ႏိုင္ဘူးလို႔လည္း ထင္ေၾကးေပးေနၾကပါတယ္။

MYiT

Be the first to comment

Leave a Reply

Your email address will not be published.


*