ကတိကဝတ်ပြုဖို့ ခက်ခဲတဲ့ရာသီခွင် (၄) ခု

နက္ခတ်ဗေဒင်ပညာရဲ့ ရှုပ်ထွေးမှုတွေက ကျွန်ုပ်တို့အပေါ်မှာ ဘယ်လိုလွှမ်းမိုးမှုရှိသလဲဆိုတာကိုသင်စိတ်ဝင်စားပါသလား။ ဒီရာသီဖွားတွေကတော့ ကတိကဝတ်ပြုဖို့အတွက်ခက်ခဲကြတဲ့သူတွေဖြစ်ပါတယ်။ အချစ်ရေးမှာဖြစ်စေ သူတို့ရဲ့လက်တွဲဖော်များကို ကတိပြုဖို့တခြားရာသီခွင်တွေထက်ပိုပြီး ခက်ခဲကြပါတယ်။ ဒါကတော့ နက္ခတ်ဗေဒင်ရဲ့ယေဘူယျခန့်မှန်းချက်ဖြစ်တာကြောင့် Serious မထားဖို့ တောင်းဆိုချင်ပါတယ်။

Gemini: May 21-June 20

ဒီရာသီဖွားတွေကတော့ ဆက်သွယ်ပြောဆိုမှုစွမ်းရည်ကို ပိုင်ဆိုင်ထားပေမဲ့ချစ်ခြင်းမေတ္တာနဲ့ပတ်သက်ရင် ကတိကဝတ်ပြုဖို့အတွက် အင် မတန်ခက်ခဲကြပါတယ်။ သူတို့ကရှည်လျားတဲ့အချစ်ခရီးအတွက် တဦးနဲ့တဦး အခြေတကျနေထိုင်ဖို့အတွက်စိန်ခေါ်မှုရှိနိုင်ပါတယ်။ ဒါကြောင့် အချစ်ရေးမှာ ကတိကဝတ်ပြုဖို့ လွန်စွာ စဉ်းစားကြပါတယ်။ Gemini လေးတွေဆီက ကတိကဝတ်ရပြီးသားဆိုရင်တော့ သင်ကံကောင်းတဲ့သူပါပဲ။

Sagittarius : November 22-December 21

ဆာဂျီတွေကလည်း စွန့်စားမှုနဲ့လွတ်လပ်မှုကိုမြတ်နိုးတဲ့သူတွေဖြစ်ပါတယ်။ သူတို့ကအတည်တကျဖြစ်ဖို့အတွက် စိန်ခေါ်မှုကြီးကြီးမားမားဖြစ်စေပါတယ်။ သူတို့ကခိုင်မာတဲ့ဆက်ဆံရေး တခုအတွက် ချည်နှောင်ထားဖို့ စိတ်ကူးကိုအမြဲတမ်းငြင်းဆန်တတ်ကြပါတယ်။ သူတို့အတွက်ကိုယ်ပိုင်သတ်မှတ်ချက်တွေနဲ့ ဘဝကိုရှင်သန်ဖို့ ပိုပြီးစိတ်အားထက်သန်ကြပါတယ်။ ဒါကြောင့် ကတိကဝတ်အတွက်ကိုအမြဲ တမ်းရုန်းကန်ကြရပါတယ်။

Aquarius: January 21-February 18

အထီးကျန်ဆန်ဆန်တဲ့ စံပြပုဂ္ဂိုလ်တွေဆိုရင် Aquarians တွေကို ပြောရမှာဖြစ်ပါတယ်။ သူတို့ရဲ့အမြော်အမြင်ရှိတဲ့အချက်က တခါတလေမှာ ဒီအချက်ကိုဖြစ်စေပါတယ်။ လွတ်လပ်မှုကိုတန်ဖိုးထားပြီး ခိုင်မာတဲ့ဆက်ဆံရေးအတွက် ကတိကဝတ်ပြုမှုကိုတော့ ခက်ခဲစွာ
ဆုံးဖြတ်တတ်ကြပါတယ်။ ဆင်ခြင်တုံတရားနဲ့ အတွေးအမြင်များက တခါတရံမှာ သူတို့ကိုအထီးကျန်သွားစေပါတယ်။ လက်တွဲဖော်ရဲ့ လိုအပ်ချက်များထက် သူတို့ရဲ့အတွေးအခေါ်နဲ့ယုံကြည်ချက်များကိုဦးစားပေးလုပ်ဆောင်တတ်တာကြောင့် ရေရှည်ကတိကဝတ်ကို
တည်တံ့ဖို့အတွက် ခက်ခဲစေပါတယ်။

Pisces: February 19-March 20

Pisceans တွေက အလွန်အကဲဆတ်ကြပါတယ်။ သူတို့က ခိုင်မြဲတဲ့လက်တွေ့ကျတဲ့ဆက်ဆံရေးကိုတည်ဆောက်မယ့်အစား တခါတရံမှာ စိတ်ကူးယဉ်ဆန်တဲ့ဘဝကိုရောက်သွားတတ်ကြပါတယ်။ သူတို့က ကတိကဝတ်ပြုဖို့အတွက် ကြောက်ရွံ့တတ်ကြပါတယ်။ဒီဆက်ဆံရေးမှာ တခုခုအထိအခိုက်ဖြစ်မှာ၊ စိတ်ပျက်စရာဖြစ်မှာကိုကြောက်ရွံ့တာကြောင့်အပြည့်အဝရင်းနှီးမြှုပ်နှပ်ဖို့ ချီတုံချတုံဖြစ်တတ်ကြပါတယ်။
ဒီအချက်များက နက္ခတ်ဗေဒင်ရဲ့သဘောဖြစ်လို့ အားလုံးနဲ့မကိုက်ညီနိုင်ပါဘူး။ ဒါကြောင့် Entertainment အနေနဲ့ပဲ ဖတ်ရှုကြဖို့ မျှော် လင့်ပါတယ်။

MYit

zawgyi

နကၡတ္ေဗဒင္ပညာရဲ႕ ရႈပ္ေထြးမႈေတြက ကြၽႏ္ုပ္တို႔အေပၚမွာ ဘယ္လိုလႊမ္းမိုးမႈရွိသလဲဆိုတာကိုသင္စိတ္ဝင္စားပါသလား။ ဒီရာသီဖြားေတြကေတာ့ ကတိကဝတ္ျပဳဖို႔အတြက္ခက္ခဲၾကတဲ့သူေတြျဖစ္ပါတယ္။ အခ်စ္ေရးမွာျဖစ္ေစ သူတို႔ရဲ႕လက္တြဲေဖာ္မ်ားကို ကတိျပဳဖို႔တျခားရာသီခြင္ေတြထက္ပိုၿပီး ခက္ခဲၾကပါတယ္။ ဒါကေတာ့ နကၡတ္ေဗဒင္ရဲ႕ေယဘူယ်ခန႔္မွန္းခ်က္ျဖစ္တာေၾကာင့္ Serious မထားဖို႔ ေတာင္းဆိုခ်င္ပါတယ္။

Gemini: May 21-June 20

ဒီရာသီဖြားေတြကေတာ့ ဆက္သြယ္ေျပာဆိုမႈစြမ္းရည္ကို ပိုင္ဆိုင္ထားေပမဲ့ခ်စ္ျခင္းေမတၱာနဲ႔ပတ္သက္ရင္ ကတိကဝတ္ျပဳဖို႔အတြက္ အင္ မတန္ခက္ခဲၾကပါတယ္။ သူတို႔ကရွည္လ်ားတဲ့အခ်စ္ခရီးအတြက္ တဦးနဲ႔တဦး အေျခတက်ေနထိုင္ဖို႔အတြက္စိန္ေခၚမႈရွိႏိုင္ပါတယ္။ ဒါေၾကာင့္ အခ်စ္ေရးမွာ ကတိကဝတ္ျပဳဖို႔ လြန္စြာ စဥ္းစားၾကပါတယ္။ Gemini ေလးေတြဆီက ကတိကဝတ္ရၿပီးသားဆိုရင္ေတာ့ သင္ကံေကာင္းတဲ့သူပါပဲ။

Sagittarius : November 22-December 21

ဆာဂ်ီေတြကလည္း စြန႔္စားမႈနဲ႔လြတ္လပ္မႈကိုျမတ္ႏိုးတဲ့သူေတြျဖစ္ပါတယ္။ သူတို႔ကအတည္တက်ျဖစ္ဖို႔အတြက္ စိန္ေခၚမႈႀကီးႀကီးမားမားျဖစ္ေစပါတယ္။ သူတို႔ကခိုင္မာတဲ့ဆက္ဆံေရး တခုအတြက္ ခ်ည္ေႏွာင္ထားဖို႔ စိတ္ကူးကိုအၿမဲတမ္းျငင္းဆန္တတ္ၾကပါတယ္။ သူတို႔အတြက္ကိုယ္ပိုင္သတ္မွတ္ခ်က္ေတြနဲ႔ ဘဝကိုရွင္သန္ဖို႔ ပိုၿပီးစိတ္အားထက္သန္ၾကပါတယ္။ ဒါေၾကာင့္ ကတိကဝတ္အတြက္ကိုအၿမဲ တမ္း႐ုန္းကန္ၾကရပါတယ္။

Aquarius: January 21-February 18

အထီးက်န္ဆန္ဆန္တဲ့ စံျပပုဂၢိဳလ္ေတြဆိုရင္ Aquarians ေတြကို ေျပာရမွာျဖစ္ပါတယ္။ သူတို႔ရဲ႕အေျမာ္အျမင္ရွိတဲ့အခ်က္က တခါတေလမွာ ဒီအခ်က္ကိုျဖစ္ေစပါတယ္။ လြတ္လပ္မႈကိုတန္ဖိုးထားၿပီး ခိုင္မာတဲ့ဆက္ဆံေရးအတြက္ ကတိကဝတ္ျပဳမႈကိုေတာ့ ခက္ခဲစြာ
ဆုံးျဖတ္တတ္ၾကပါတယ္။ ဆင္ျခင္တုံတရားနဲ႔ အေတြးအျမင္မ်ားက တခါတရံမွာ သူတို႔ကိုအထီးက်န္သြားေစပါတယ္။ လက္တြဲေဖာ္ရဲ႕ လိုအပ္ခ်က္မ်ားထက္ သူတို႔ရဲ႕အေတြးအေခၚနဲ႔ယုံၾကည္ခ်က္မ်ားကိုဦးစားေပးလုပ္ေဆာင္တတ္တာေၾကာင့္ ေရရွည္ကတိကဝတ္ကို
တည္တံ့ဖို႔အတြက္ ခက္ခဲေစပါတယ္။

Pisces: February 19-March 20

Pisceans ေတြက အလြန္အကဲဆတ္ၾကပါတယ္။ သူတို႔က ခိုင္ၿမဲတဲ့လက္ေတြ႕က်တဲ့ဆက္ဆံေရးကိုတည္ေဆာက္မယ့္အစား တခါတရံမွာ စိတ္ကူးယဥ္ဆန္တဲ့ဘဝကိုေရာက္သြားတတ္ၾကပါတယ္။ သူတို႔က ကတိကဝတ္ျပဳဖို႔အတြက္ ေၾကာက္႐ြံ႕တတ္ၾကပါတယ္။ဒီဆက္ဆံေရးမွာ တခုခုအထိအခိုက္ျဖစ္မွာ၊ စိတ္ပ်က္စရာျဖစ္မွာကိုေၾကာက္႐ြံ႕တာေၾကာင့္အျပည့္အဝရင္းႏွီးျမႇဳပ္ႏွပ္ဖို႔ ခ်ီတုံခ်တုံျဖစ္တတ္ၾကပါတယ္။
ဒီအခ်က္မ်ားက နကၡတ္ေဗဒင္ရဲ႕သေဘာျဖစ္လို႔ အားလုံးနဲ႔မကိုက္ညီႏိုင္ပါဘူး။ ဒါေၾကာင့္ Entertainment အေနနဲ႔ပဲ ဖတ္ရႈၾကဖို႔ ေမွ်ာ္ လင့္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*