ပထမဆုံးအကြိမ် Catwalk လျှောက်တဲ့ Cardi B

Cardi B အနေနဲ့ ၂၀၂၄ အတွက် Balenciaga Fall ဖက်ရှင်ရှိုးမှာ အပြာရောင်သားမွေးကုတ်ပွပွကြီးကိုဝတ်ပြီး ပထမဆုံးအကြိမ် Runway Catwalk လျှောက်ခဲ့တယ်လို့သိရပါတယ်။ Balenciaga Fall 2024 ကိုဒီဇင်ဘာ ၂ ရက်နေ့က လော့စ်အိန်ဂျလိစ်မှာကျင်းပခဲ့တာဖြစ်ပါတယ်။သူမဟာ ပခုံးပေါ်လျှောကျနေတဲ့ အပြာရောင်ကုတ်အကျီ၊ ချိန်းဆွဲကြိုးတို့နဲ့ဆံပင်ကိုစုစည်းပြီးခပ်မိုက်မိုက် ပြင်ဆင်ထားခဲ့တာဖြစ်ပါတယ်။ Cardi B အနေနဲ့ Balenciaga ရဲ့ Fashion Campaign တချို့မှာပါဝင်ခဲ့ဖူးပေမယ့် Catwalk လျှောက်တာက တော့ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ သူမဟာ Balenciaga အမှတ်တံဆိပ်အတွက် ၂၀၂၀ခုနစ်က စတင်ကြော်ငြာပေးခဲ့တာဖြစ်ပါတယ်။

သူမရဲ့ခင်ပွန်းဖြစ်တဲ့ Offset ကလည်း ၂၀၂၁ ခုနစ်မှာ Balenciaga အတွက် ပထမဆုံးအကြိမ်ရှိုးလျှောက်ပေးခဲ့ဖူးပါတယ်။ Offset က “Cardi မှာ ဝတ်စုံတွေအများကြီးရှိတယ်။ သူမကတစ်ခုနဲ့တစ်ခုဖက်ရှင်ကျအောင် ပေါင်းစပ်ဆင်မြန်းကြည့်ရတာကိုသဘောကျတယ်။
နဂိုကတည်းကလည်း မော်ဒယ်လ်တစ်ယောက်လို ဘယ်လိုရှိုးလျှောက်ရမယ်ဆိုတာကိုသူကကောင်းကောင်းသိတယ်” လို့ဖွင့်ဟခဲ့ဖူးပါတယ်။ Cardi B နဲ့ Offset တို့ဟာ ၂၀၁၈ ခုနစ်က လက်ထပ်ခဲ့တာဖြစ်ပြီးသားသမီးနှစ်ယောက်ဖွားမြင်ထားပါတယ်။

Ju Ju

zawgyi

Cardi B အေနနဲ႔ ၂၀၂၄ အတြက္ Balenciaga Fall ဖက္ရွင္ရႈိးမွာ အျပာေရာင္သားေမြးကုတ္ပြပြႀကီးကိုဝတ္ၿပီး ပထမဆုံးအႀကိမ္ Runway Catwalk ေလွ်ာက္ခဲ့တယ္လို႔သိရပါတယ္။ Balenciaga Fall 2024 ကိုဒီဇင္ဘာ ၂ ရက္ေန႔က ေလာ့စ္အိန္ဂ်လိစ္မွာက်င္းပခဲ့တာျဖစ္ပါတယ္။သူမဟာ ပခုံးေပၚေလွ်ာက်ေနတဲ့ အျပာေရာင္ကုတ္အက်ီ၊ ခ်ိန္းဆြဲႀကိဳးတို႔နဲ႔ဆံပင္ကိုစုစည္းၿပီးခပ္မိုက္မိုက္ ျပင္ဆင္ထားခဲ့တာျဖစ္ပါတယ္။ Cardi B အေနနဲ႔ Balenciaga ရဲ႕ Fashion Campaign တခ်ိဳ႕မွာပါဝင္ခဲ့ဖူးေပမယ့္ Catwalk ေလွ်ာက္တာက ေတာ့ပထမဆုံးအႀကိမ္ျဖစ္ပါတယ္။ သူမဟာ Balenciaga အမွတ္တံဆိပ္အတြက္ ၂၀၂၀ခုနစ္က စတင္ေၾကာ္ျငာေပးခဲ့တာျဖစ္ပါတယ္။

သူမရဲ႕ခင္ပြန္းျဖစ္တဲ့ Offset ကလည္း ၂၀၂၁ ခုနစ္မွာ Balenciaga အတြက္ ပထမဆုံးအႀကိမ္ရႈိးေလွ်ာက္ေပးခဲ့ဖူးပါတယ္။ Offset က “Cardi မွာ ဝတ္စုံေတြအမ်ားႀကီးရွိတယ္။ သူမကတစ္ခုနဲ႔တစ္ခုဖက္ရွင္က်ေအာင္ ေပါင္းစပ္ဆင္ျမန္းၾကည့္ရတာကိုသေဘာက်တယ္။
နဂိုကတည္းကလည္း ေမာ္ဒယ္လ္တစ္ေယာက္လို ဘယ္လိုရႈိးေလွ်ာက္ရမယ္ဆိုတာကိုသူကေကာင္းေကာင္းသိတယ္” လို႔ဖြင့္ဟခဲ့ဖူးပါတယ္။ Cardi B နဲ႔ Offset တို႔ဟာ ၂၀၁၈ ခုနစ္က လက္ထပ္ခဲ့တာျဖစ္ၿပီးသားသမီးႏွစ္ေယာက္ဖြားျမင္ထားပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*