ပရော်ဖက်ရှင်နယ်ကျွမ်းကျင်မှုကို ဘယ်လို မြှင့်တင်မလဲ

သင့်ရဲ့ပရော်ဖက်ရှင်နယ်ကျွမ်းကျင်မှုကိုတည်ဆောက်ဖို့အတွက် ဒါမှမဟုတ် မြှင့်တင်ဖို့အတွက်နည်းလမ်းများစွာရှိပါတယ်။ သင်က ဘယ်သူဖြစ်သလဲနဲ့ သင်သင်ယူလိုတဲ့အပေါ်မှာမူတည်ပါတယ်။ တခုျိ့က သမားရိုးကျလေ့လာမှုသင်တန်းကိုလိုက်နာကြပြီး တချို့က မိမိကိုယ်တိုင်လမ်းညွှန်သင်ကြားမှုကိုနှစ်သက်ကြပါတယ်။ သင်နှစ်သက်တဲ့ သင်ယူမှုပုံစံပေါ်မှာ မူတည်ပြီး သင့်ရဲ့ရွေးချယ်မှုကိုအခြေခံရပါတယ်။ ဒီအချက်တွေကတော့ မတူညီတဲ့နည်းလမ်းများအတွက်လမ်းညွှန်ချက်များဖြစ်ပါတယ်။

အွန်လိုင်း ဒါမှဟုတ် in person လေ့လာမှုများ

သင်လေ့လာလိုတဲ့ ပရော်ဖက်ရှင်နယ် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကို ရှာဖွေရန် သင့်ရဲ့အသိုင်းအဝိုင်း၊ ကောလိပ်၊ ပရော်ဖက်ရှင်နယ်အသင်းအဖွဲ့များ ဒါမှမဟုတ်အွန်လိုင်းကျွမ်းကျင်မှုဆိုင်ရာ ပလပ်ဖောင်းများကို စစ်ဆေးကြည့်နိုင်ပါတယ်။ လျင်မြန်တဲ့ Google ရှာဖွေမှုက သက်ဆိုင်ရာပရိုဂရမ်တခုကိုဆီကို ညွှန်ပြပေးပါလိမ့်မယ်။သင့်ကိုကူညီပေးနိုင်မယ့် အရင်းအမြစ်တခုနဲ့ အကျွမ်းတဝင်ရှိ၊ မရှိသင့်ရဲ့ အချိတ်အဆက်ကွန်ရက်ကိုလည်း မေးမြန်းနိုင်ပါတယ်။

ညီလာခံများ ဒါမှမဟုတ် အလုပ်ရုံဆွေးနွေးပွဲများ

အစည်းဝေများ၊ ဟောပြောပွဲများနဲ့အခြား ပရော်ဖက်ရှင်နယ်ပွဲများကသင့်လုပ်ငန်းနယ်ပယ်အတွင်း ပရောက်ဖက်ရှင်နယ် ကျွမ်းကျင်မှုဆိုင်ရာများကိုလုပ်ဆောင်ဖို့အတွက် အခွင့်အလမ်းပေးပါတယ်။ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်များနဲ့ချိတ်ဆက်ဖို့အတွက် အခွင့်အလမ်းကောင်းတခုဖြစ်ပါတယ်။ နှစ်စဉ် ကွန်ဖရင့်များနဲ့အထူးပြုအလုပ်ရုံဆွေးနွေးပွဲများကို ရှာကြည့်ပါ။ လုပ်ဖော်ကိုင်ဖက်များကိုသင်နဲ့ပူးပေါင်းပါဝင်ဖို့ ဆန္ဒရှိ၊ မရှိမေးမြန်းပါ။

စာအုပ်များ

စာအုပ်များကလည်း သင့်ရဲ့ပရောက်ဖက်ရှင်နယ်ကျွမ်းကျင်မှုအတွက်အထောက်အကူဖြစ်စေပါတယ်။ စာအုပ်တွေကနေကောင်းမွန်တဲ့အရင်းအမြစ်များသင်ယူနိုင်ပါတယ်။ အရှိအဟုန်နဲ့ဖတ်ရှုနိုင်ပြီးပြန်လည်ဆန်းသစ်မှုလိုအပ်လာတဲ့အခါတိုင်းမှာ စာအုပ်တွေကိုထပ်ခါထပ် ခါကိုးကားနိုင်ပါတယ်။

သင်ကြားပို့ချမှုများ

တစ်ခါတစ်ရံမှာ သင်ယူတာက ကိုယ်ပိုင်ထိတွေ့မှုတခုလိုအပ်ပြီး တခြားသူတဦးရဲ့အတွေ့အကြုံကနေ သင်ယူစေနိုင်ပါတယ်။ ရေရှည်ဆက်ဆံရေးတခုမှာ စာအုပ် ဒါမှမဟုတ်အွန်လိုင်းသင်တန်းကနေ မရနိုင်တဲ့ ကိုယ်ရေးကိုယ်တာအတွေ့အကြုံတခုရရှိမှာဖြစ်ပါတယ်။
လေ့လာမှုသင့်လုပ်ဖော်ကိုင်ဖက်များ၊ အသင်းဖော်များနဲ့ မန်နေဂျာများအနေနဲ့လုပ်ငန်းခွင်စိန်ခေါ်မှုများအပေါ် ကိုင်တွယ်ဖြေရှင်းပုံကို ကြည့်ရှုလေ့လာပါ။ သူတို့အသုံးပြုနေတဲ့ပရော်ဖက်ရှင်ကျွမ်းကျင်မှုတွေကို မှတ်သားထားပြီး အဲဒီအပြုအမူတွေကို အတုယူပါ။

မေးခွန်းများ

သင့်ပတ်ဝန်းကျင်ရှိလူများကို မေးခွန်းများမေးတာကလည်း လုပ်ငန်းအကြောင်းအများကြီးသိရှိနိုင်ပါတယ်။ သင့်ကိုယ်ရာထူးအတွက် အသုံးချနိုင်မယ့် ရှုထောင့်အမျိုးမျိုးကအကြောင်းအရာများကို လေ့လာနိုင်ပါတယ်။ အဖြေများကတခြားပရော်ဖက်ရှင်နယ်ဖွံ့ဖြိုးတိုး တက်မှုဆိုင်ရာ လှုပ်ရှားမှုများအတွက်လည်းအကျိုးဖြစ်စေပါတယ်။

တုံ့ပြန်ချက်

ဖွံ့ဖြိုးတိုးတက်မှုတခုက တုံ့ပြန်ချက်အပေါ်မှာ တန်ဖိုးထားမှုဆိုတဲ့အချက်ပေါ်မူတည်ပြီးပြောင်းလဲသွားနိုင်ပါတယ်။ သင့်မန်နေဂျာ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်များဆီကနေအကြံဉာဏ်တောင်းခံတာက ရင့်ကျက်မှုနဲ့သင်ယူလိုစိတ်ရှိတဲ့ပရော်ဖက်ရှင်နယ်စရိုက်လက္ခဏာတခုဖြစ်ပါတယ်။ ဒီအချက်ကသင့်အသက်မွေးဝမ်းကြောင်းမှာ အများကြီး အထောက်အကူဖြစ်စေပါလိမ့်မယ်။

နည်းပြ

တစ်ခါတစ်ရံတွင် သင်ရဲ့အားသာချက်နှင့် အားနည်းချက်များကို ရည်မှန်းချက်ခြုံငုံသုံးသပ်ရန်ကူညီပေးနိုင်ပါတယ်။ နည်းပြတစ်ဦးက ဖွံ့ ဖြိုးတိုးတက်မှုနယ်ပယ်များအတွက် အဖိုးတန်တဲ့ထိုးထွင်းသိမြင်မှုကို ပေးစွမ်းနိုင်ပြီး သင်ရဲ့အသက်မွေးဝမ်းကြောင်းဆိုင်ရာ ရည်မှန်းချက်များနဲ့တိုးတက်မှုရဲ့ နောက်ခံအကြောင်းအရာတို့ကို ထည့်သွင်းပေးနိုင်ပါတယ်။ဒီအချက်များကတော့ ပရော်ဖက်ရှင်နယ်ကျွမ်းကျင်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့အချက်တွေဖြစ်ပါတယ်။

MYit

zawgyi

သင့္ရဲ႕ပေရာ္ဖက္ရွင္နယ္ကြၽမ္းက်င္မႈကိုတည္ေဆာက္ဖို႔အတြက္ ဒါမွမဟုတ္ ျမႇင့္တင္ဖို႔အတြက္နည္းလမ္းမ်ားစြာရွိပါတယ္။ သင္က ဘယ္သူျဖစ္သလဲနဲ႔ သင္သင္ယူလိုတဲ့အေပၚမွာမူတည္ပါတယ္။ တခု်ိ႕က သမား႐ိုးက်ေလ့လာမႈသင္တန္းကိုလိုက္နာၾကၿပီး တခ်ိဳ႕က မိမိကိုယ္တိုင္လမ္းၫႊန္သင္ၾကားမႈကိုႏွစ္သက္ၾကပါတယ္။ သင္ႏွစ္သက္တဲ့ သင္ယူမႈပုံစံေပၚမွာ မူတည္ၿပီး သင့္ရဲ႕ေ႐ြးခ်ယ္မႈကိုအေျခခံရပါတယ္။ ဒီအခ်က္ေတြကေတာ့ မတူညီတဲ့နည္းလမ္းမ်ားအတြက္လမ္းၫႊန္ခ်က္မ်ားျဖစ္ပါတယ္။

အြန္လိုင္း ဒါမွဟုတ္ in person ေလ့လာမႈမ်ား

သင္ေလ့လာလိုတဲ့ ပေရာ္ဖက္ရွင္နယ္ ကြၽမ္းက်င္မႈဆိုင္ရာ သင္တန္းမ်ားကို ရွာေဖြရန္ သင့္ရဲ႕အသိုင္းအဝိုင္း၊ ေကာလိပ္၊ ပေရာ္ဖက္ရွင္နယ္အသင္းအဖြဲ႕မ်ား ဒါမွမဟုတ္အြန္လိုင္းကြၽမ္းက်င္မႈဆိုင္ရာ ပလပ္ေဖာင္းမ်ားကို စစ္ေဆးၾကည့္ႏိုင္ပါတယ္။ လ်င္ျမန္တဲ့ Google ရွာေဖြမႈက သက္ဆိုင္ရာပ႐ိုဂရမ္တခုကိုဆီကို ၫႊန္ျပေပးပါလိမ့္မယ္။သင့္ကိုကူညီေပးႏိုင္မယ့္ အရင္းအျမစ္တခုနဲ႔ အကြၽမ္းတဝင္ရွိ၊ မရွိသင့္ရဲ႕ အခ်ိတ္အဆက္ကြန္ရက္ကိုလည္း ေမးျမန္းႏိုင္ပါတယ္။

ညီလာခံမ်ား ဒါမွမဟုတ္ အလုပ္႐ုံေဆြးေႏြးပြဲမ်ား

အစည္းေဝမ်ား၊ ေဟာေျပာပြဲမ်ားနဲ႔အျခား ပေရာ္ဖက္ရွင္နယ္ပြဲမ်ားကသင့္လုပ္ငန္းနယ္ပယ္အတြင္း ပေရာက္ဖက္ရွင္နယ္ ကြၽမ္းက်င္မႈဆိုင္ရာမ်ားကိုလုပ္ေဆာင္ဖို႔အတြက္ အခြင့္အလမ္းေပးပါတယ္။ သင့္ရဲ႕လုပ္ေဖာ္ကိုင္ဖက္မ်ားနဲ႔ခ်ိတ္ဆက္ဖို႔အတြက္ အခြင့္အလမ္းေကာင္းတခုျဖစ္ပါတယ္။ ႏွစ္စဥ္ ကြန္ဖရင့္မ်ားနဲ႔အထူးျပဳအလုပ္႐ုံေဆြးေႏြးပြဲမ်ားကို ရွာၾကည့္ပါ။ လုပ္ေဖာ္ကိုင္ဖက္မ်ားကိုသင္နဲ႔ပူးေပါင္းပါဝင္ဖို႔ ဆႏၵရွိ၊ မရွိေမးျမန္းပါ။

စာအုပ္မ်ား

စာအုပ္မ်ားကလည္း သင့္ရဲ႕ပေရာက္ဖက္ရွင္နယ္ကြၽမ္းက်င္မႈအတြက္အေထာက္အကူျဖစ္ေစပါတယ္။ စာအုပ္ေတြကေနေကာင္းမြန္တဲ့အရင္းအျမစ္မ်ားသင္ယူႏိုင္ပါတယ္။ အရွိအဟုန္နဲ႔ဖတ္ရႈႏိုင္ၿပီးျပန္လည္ဆန္းသစ္မႈလိုအပ္လာတဲ့အခါတိုင္းမွာ စာအုပ္ေတြကိုထပ္ခါထပ္ ခါကိုးကားႏိုင္ပါတယ္။

သင္ၾကားပို႔ခ်မႈမ်ား

တစ္ခါတစ္ရံမွာ သင္ယူတာက ကိုယ္ပိုင္ထိေတြ႕မႈတခုလိုအပ္ၿပီး တျခားသူတဦးရဲ႕အေတြ႕အႀကဳံကေန သင္ယူေစႏိုင္ပါတယ္။ ေရရွည္ဆက္ဆံေရးတခုမွာ စာအုပ္ ဒါမွမဟုတ္အြန္လိုင္းသင္တန္းကေန မရႏိုင္တဲ့ ကိုယ္ေရးကိုယ္တာအေတြ႕အႀကဳံတခုရရွိမွာျဖစ္ပါတယ္။
ေလ့လာမႈသင့္လုပ္ေဖာ္ကိုင္ဖက္မ်ား၊ အသင္းေဖာ္မ်ားနဲ႔ မန္ေနဂ်ာမ်ားအေနနဲ႔လုပ္ငန္းခြင္စိန္ေခၚမႈမ်ားအေပၚ ကိုင္တြယ္ေျဖရွင္းပုံကို ၾကည့္ရႈေလ့လာပါ။ သူတို႔အသုံးျပဳေနတဲ့ပေရာ္ဖက္ရွင္ကြၽမ္းက်င္မႈေတြကို မွတ္သားထားၿပီး အဲဒီအျပဳအမူေတြကို အတုယူပါ။

ေမးခြန္းမ်ား

သင့္ပတ္ဝန္းက်င္ရွိလူမ်ားကို ေမးခြန္းမ်ားေမးတာကလည္း လုပ္ငန္းအေၾကာင္းအမ်ားႀကီးသိရွိႏိုင္ပါတယ္။ သင့္ကိုယ္ရာထူးအတြက္ အသုံးခ်ႏိုင္မယ့္ ရႈေထာင့္အမ်ိဳးမ်ိဳးကအေၾကာင္းအရာမ်ားကို ေလ့လာႏိုင္ပါတယ္။ အေျဖမ်ားကတျခားပေရာ္ဖက္ရွင္နယ္ဖြံ႕ၿဖိဳးတိုး တက္မႈဆိုင္ရာ လႈပ္ရွားမႈမ်ားအတြက္လည္းအက်ိဳးျဖစ္ေစပါတယ္။

တုံ႔ျပန္ခ်က္

ဖြံ႕ၿဖိဳးတိုးတက္မႈတခုက တုံ႔ျပန္ခ်က္အေပၚမွာ တန္ဖိုးထားမႈဆိုတဲ့အခ်က္ေပၚမူတည္ၿပီးေျပာင္းလဲသြားႏိုင္ပါတယ္။ သင့္မန္ေနဂ်ာ ဒါမွမဟုတ္ လုပ္ေဖာ္ကိုင္ဖက္မ်ားဆီကေနအႀကံဉာဏ္ေတာင္းခံတာက ရင့္က်က္မႈနဲ႔သင္ယူလိုစိတ္ရွိတဲ့ပေရာ္ဖက္ရွင္နယ္စ႐ိုက္လကၡဏာတခုျဖစ္ပါတယ္။ ဒီအခ်က္ကသင့္အသက္ေမြးဝမ္းေၾကာင္းမွာ အမ်ားႀကီး အေထာက္အကူျဖစ္ေစပါလိမ့္မယ္။

နည္းျပ

တစ္ခါတစ္ရံတြင္ သင္ရဲ႕အားသာခ်က္ႏွင့္ အားနည္းခ်က္မ်ားကို ရည္မွန္းခ်က္ၿခဳံငုံသုံးသပ္ရန္ကူညီေပးႏိုင္ပါတယ္။ နည္းျပတစ္ဦးက ဖြံ႕ ၿဖိဳးတိုးတက္မႈနယ္ပယ္မ်ားအတြက္ အဖိုးတန္တဲ့ထိုးထြင္းသိျမင္မႈကို ေပးစြမ္းႏိုင္ၿပီး သင္ရဲ႕အသက္ေမြးဝမ္းေၾကာင္းဆိုင္ရာ ရည္မွန္းခ်က္မ်ားနဲ႔တိုးတက္မႈရဲ႕ ေနာက္ခံအေၾကာင္းအရာတို႔ကို ထည့္သြင္းေပးႏိုင္ပါတယ္။ဒီအခ်က္မ်ားကေတာ့ ပေရာ္ဖက္ရွင္နယ္ကြၽမ္းက်င္မႈအတြက္ မရွိမျဖစ္လိုအပ္တဲ့အခ်က္ေတြျဖစ္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*