မြန်မာပရိသတ်တွေချစ်တဲ့ အာဂျီးမားတစ်ယောက်အိမ်ထောင်ပြုတော့မယ်

Mr.Queen ၊ Crash Landing on You ၊ Hometown Cha Cha Cha စတဲ့နာမည်ကြီးဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်ခဲ့ပြီးမြန် မာပရိသတ်တွေချစ်ခင်အားပေးခဲ့ကြတဲ့ အာဂျီးမားချချောင်ဟွာကမကြာခင်အိမ်ထောင်ပြုတော့မယ်လို့သိရပါတယ်။ သူမဟာလက်ရှိမှာ အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့အပျိုကြီးမမဖြစ်ပါတယ်။ချချောင်ဟွာဟာ သူမရဲ့ချစ်သူနဲ့အောက်တိုဘာလ ၂၇ ရက်နေ့မှာအိမ်ထောင်ပြုတော့မှာြဖစ်ကြောင်းသူမရဲ့အေဂျင်စီက အောက်တိုဘာလ ၁၁ ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။သူမရဲ့ခင်ပွန်းလောင်းဟာ အနုပညာလောကကမဟုတ်ဘဲ စီးပွားရေးသမားတစ်ဦးဖြစ်ကာ သူမထက်အသက် ၂ နှစ်ငယ်သူဖြစ်တယ်လို့ သိရပါတယ်။သူတို့နှစ်ဦးဟာချစ်သူဘဝနဲ့နှစ်တော်တော်ကြာြဖတ်သန်းခဲ့ပြီး သူငယ်ချင်းဘဝကနေချစ်သူဘဝကိုကူးပြောင်းခဲ့ကြသူတွေလည်းဖြစ်ပါတယ်။

“ကျွန်မကအချစ်ကို မေ့မထားပါဘူး။ ဘဝခရီးကိုရှေ့ဆက်လျှောက်လှမ်းဖို့အချစ်ကမဖြစ်မနေလိုအပ်ပါတယ်။ ကျွန်မက သရုပ်ဆောင်ရတာကိုနှစ်သက်တယ်။အစားအသောက်ကိုချစ်တယ်။ လှပတဲ့အရာတွေကိုချစ်တယ်။ နှလုံးသားတံခါးကိုလည်းအမြဲဖွင့်ထားတယ်။ ခင်ပွန်းကိုတော့ ပေါ့ပေါ့ပါးပါးနေတတ်ပြီး အလုပ်ကြိုးစားတဲ့သူ၊ ကျွန်မကိုရောကျွန်မအလုပ်ကိုရောချစ်တဲ့သူမျိုးဖြစ်စေချင်တယ်” လို့သူမကအင်တာဗျူးတစ်ခုမှာဖြေခဲ့ဖူးပါတယ်။ချချောင်ဟွာဟာ ၂၀၀၅ ခုနစ်ကတည်းက ပြဇာတ်သရုပ်ဆောင်အဖြစ်နဲ့အနုပညာအလုပ်တွေစတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ၂၀၁၆ မှာတော့ ကိုရီးယားဒရာမာဇာတ်လမ်းတွဲတွေမှာပါဝင်ရင်းလူသိများလာခဲ့တာဖြစ်ပါတယ်။

Ju Ju

zawgyi

Mr.Queen ၊ Crash Landing on You ၊ Hometown Cha Cha Cha စတဲ့နာမည္ႀကီးဇာတ္လမ္းတြဲေတြမွာပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီးျမန္ မာပရိသတ္ေတြခ်စ္ခင္အားေပးခဲ့ၾကတဲ့ အာဂ်ီးမားခ်ေခ်ာင္ဟြာကမၾကာခင္အိမ္ေထာင္ျပဳေတာ့မယ္လို႔သိရပါတယ္။ သူမဟာလက္ရွိမွာ အသက္ ၄၃ ႏွစ္ရွိၿပီျဖစ္တဲ့အပ်ိဳႀကီးမမျဖစ္ပါတယ္။ခ်ေခ်ာင္ဟြာဟာ သူမရဲ႕ခ်စ္သူနဲ႔ေအာက္တိုဘာလ ၂၇ ရက္ေန႔မွာအိမ္ေထာင္ျပဳေတာ့မွာျဖစ္ေၾကာင္းသူမရဲ႕ေအဂ်င္စီက ေအာက္တိုဘာလ ၁၁ ရက္ေန႔မွာသတင္းထုတ္ျပန္ခဲ့ပါတယ္။သူမရဲ႕ခင္ပြန္းေလာင္းဟာ အႏုပညာေလာကကမဟုတ္ဘဲ စီးပြားေရးသမားတစ္ဦးျဖစ္ကာ သူမထက္အသက္ ၂ ႏွစ္ငယ္သူျဖစ္တယ္လို႔ သိရပါတယ္။သူတို႔ႏွစ္ဦးဟာခ်စ္သူဘဝနဲ႔ႏွစ္ေတာ္ေတာ္ၾကာျဖတ္သန္းခဲ့ၿပီး သူငယ္ခ်င္းဘဝကေနခ်စ္သူဘဝကိုကူးေျပာင္းခဲ့ၾကသူေတြလည္းျဖစ္ပါတယ္။

“ကြၽန္မကအခ်စ္ကို ေမ့မထားပါဘူး။ ဘဝခရီးကိုေရွ႕ဆက္ေလွ်ာက္လွမ္းဖို႔အခ်စ္ကမျဖစ္မေနလိုအပ္ပါတယ္။ ကြၽန္မက သ႐ုပ္ေဆာင္ရတာကိုႏွစ္သက္တယ္။အစားအေသာက္ကိုခ်စ္တယ္။ လွပတဲ့အရာေတြကိုခ်စ္တယ္။ ႏွလုံးသားတံခါးကိုလည္းအၿမဲဖြင့္ထားတယ္။ ခင္ပြန္းကိုေတာ့ ေပါ့ေပါ့ပါးပါးေနတတ္ၿပီး အလုပ္ႀကိဳးစားတဲ့သူ၊ ကြၽန္မကိုေရာကြၽန္မအလုပ္ကိုေရာခ်စ္တဲ့သူမ်ိဳးျဖစ္ေစခ်င္တယ္” လို႔သူမကအင္တာဗ်ဴးတစ္ခုမွာေျဖခဲ့ဖူးပါတယ္။ခ်ေခ်ာင္ဟြာဟာ ၂၀၀၅ ခုနစ္ကတည္းက ျပဇာတ္သ႐ုပ္ေဆာင္အျဖစ္နဲ႔အႏုပညာအလုပ္ေတြစတင္လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး ၂၀၁၆ မွာေတာ့ ကိုရီးယားဒရာမာဇာတ္လမ္းတြဲေတြမွာပါဝင္ရင္းလူသိမ်ားလာခဲ့တာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*