One Driection အဆိုတော်ဟောင်း လီယမ်ပိန်းရဲ့ ရုပ်အလောင်းကို ဆေးစစ်မှုတွေပြီးတဲ့အခါမှ မိသားစုဆီ ပို့ဆောင်မယ်လို့ဆို

ဘရူနို အေးရိစ်မှာ ဗုဒ္ဓဟူးနေ့က ကွယ်လွန်သွားခဲ့တဲ့ ဗြိတိန်အဆိုတော် လီယမ်ပိန်းရဲ့ရုပ်အလောင်းကို အာဏာပိုင်းများက နောက်ဆုံးစမ်း သပ်စစ်ဆေးမှုများ မပြီးဆုံးမချင်းမိသားစုဆီ ပို့ဆောင်ပေးမှာမဟုတ်ဘူးလို့ သတင်းရင်းမြစ်တခုက စနေနေ့မှာ CNN ကိုပြောကြားခဲ့ပါတယ်။အာဏာပိုင်များက လာမယ့်သီတင်းပတ်မှာ ဖြစ်နိုင်မယ်လို့ ဖော်ပြထားပေမဲ့ဖြစ်နိုင်ချေရလဒ်များကို ထုတ်ဖော်ပြောဆိုတာမျိုးမရှိသေးပါဘူး။

One Direction အဆိုတော်ဟောင်းရဲ့ ဖခင်ဖြစ်သူ Geoff Payneက သောကြာနေ့မှာ ဘရူနိုအေးရိစ်ကို ရောက်ရှိလာခဲ့ပါတယ်။ သတင်းရင်းမြင်စရဲ့အဆိုအရ အာဏာပိုင်များကဖခင်ဖြစ်သူကို သားဖြစ်သူရဲ့ ရုပ်အလောင်းကို ကြည့်ရှုဖို့ ခွင့်ပြုခဲ့ပါတယ်။ Payne က သားဖြစ်သူတည်းခိုးခဲ့တဲ့ ဟိုတယ်ကိုလည်း သွားရောက်ခဲ့ပါတယ်။ဟိုတယ်အပြင်ဘက်မှာ လာရောက်အားပေးကြတဲ့ ပရိသတ်တွေကိုလည်းကျေး ဇူးတင်ကြောင်းနဲ့ဓာတ်ပုံတွေ၊ စာတွေ၊ ဖယောင်ားတိုင်တွေ၊ ပန်းတွေနဲ့ပြည့်နေတဲ့အောက်မေ့ဖွယ်အထိမ်းအမှတ်ပွဲကိုလည်း ကြည့်ရှုခဲ့ပါတယ်။

အဆိုတောက သူ့ရဲ့ဟိုတယ်တတိယထပ်ကနေ ပြုတ်ကျပြီး ဗုဒ္ဓဟူးနေ့မှာသေဆုံးသွားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့သေဆုံးရတဲ့အကြောင်းအရင်းမှာ “အတွင်းပိုင်းနဲ့ပြင်ပသွေးထွက်ခြင်း” ကြောင့်ဖြစ်တယ်ပဏာမ စစ်ဆေးမှုအစီရင်ခံစာအရ သိရပါတယ်။အာဂျင်တီးနားရှိ အစိုး ရရှေ့နေရုံးက ကြာသပတေးနေ့မှာ “သေဆုံးချိန်မှာ ဂီတပညာရှင်ကတယောက်တည်း ရှိနေကြောင်း အရာအားလုံးက ညွှန်ပြနေတယ်” လို့ပြောကြားခဲ့ပါတယ်။စွဲလန်းမှုနဲ့ စိတ်ကျန်းမာရေးပြဿနာနဲ့ပတ်သက်ပြီး အရင်က ဖွင့်ဟခဲ့ဖူးတဲ့ ပိန်းက သေဆုံးချိန်မှာမူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် စိတ်ဂယောင်ချောက်ခြားတွေ့ကြုံခံစားရနိုင်ချေရှိတယ်လို့လည်းသံသယရှိနေပါတယ်။အဖွဲ့ဝင်ဟောင်းငါးဦးစလုံးကလတ် တလောမှာ တကိုယ်တော်အနုပညာအလုပ်များဆက်လက်လုပ်ကိုင်နေခဲ့ကြပါတယ်။

MYit

zawgyi

ဘ႐ူႏို ေအးရိစ္မွာ ဗုဒၶဟူးေန႔က ကြယ္လြန္သြားခဲ့တဲ့ ၿဗိတိန္အဆိုေတာ္ လီယမ္ပိန္းရဲ႕႐ုပ္အေလာင္းကို အာဏာပိုင္းမ်ားက ေနာက္ဆုံးစမ္း သပ္စစ္ေဆးမႈမ်ား မၿပီးဆုံးမခ်င္းမိသားစုဆီ ပို႔ေဆာင္ေပးမွာမဟုတ္ဘူးလို႔ သတင္းရင္းျမစ္တခုက စေနေန႔မွာ CNN ကိုေျပာၾကားခဲ့ပါတယ္။အာဏာပိုင္မ်ားက လာမယ့္သီတင္းပတ္မွာ ျဖစ္ႏိုင္မယ္လို႔ ေဖာ္ျပထားေပမဲ့ျဖစ္ႏိုင္ေခ်ရလဒ္မ်ားကို ထုတ္ေဖာ္ေျပာဆိုတာမ်ိဳးမရွိေသးပါဘူး။

One Direction အဆိုေတာ္ေဟာင္းရဲ႕ ဖခင္ျဖစ္သူ Geoff Payneက ေသာၾကာေန႔မွာ ဘ႐ူႏိုေအးရိစ္ကို ေရာက္ရွိလာခဲ့ပါတယ္။ သတင္းရင္းျမင္စရဲ႕အဆိုအရ အာဏာပိုင္မ်ားကဖခင္ျဖစ္သူကို သားျဖစ္သူရဲ႕ ႐ုပ္အေလာင္းကို ၾကည့္ရႈဖို႔ ခြင့္ျပဳခဲ့ပါတယ္။ Payne က သားျဖစ္သူတည္းခိုးခဲ့တဲ့ ဟိုတယ္ကိုလည္း သြားေရာက္ခဲ့ပါတယ္။ဟိုတယ္အျပင္ဘက္မွာ လာေရာက္အားေပးၾကတဲ့ ပရိသတ္ေတြကိုလည္းေက်း ဇူးတင္ေၾကာင္းနဲ႔ဓာတ္ပုံေတြ၊ စာေတြ၊ ဖေယာင္ားတိုင္ေတြ၊ ပန္းေတြနဲ႔ျပည့္ေနတဲ့ေအာက္ေမ့ဖြယ္အထိမ္းအမွတ္ပြဲကိုလည္း ၾကည့္ရႈခဲ့ပါတယ္။

အဆိုေတာက သူ႔ရဲ႕ဟိုတယ္တတိယထပ္ကေန ျပဳတ္က်ၿပီး ဗုဒၶဟူးေန႔မွာေသဆုံးသြားခဲ့တာျဖစ္ပါတယ္။ သူ႔ရဲ႕ေသဆုံးရတဲ့အေၾကာင္းအရင္းမွာ “အတြင္းပိုင္းနဲ႔ျပင္ပေသြးထြက္ျခင္း” ေၾကာင့္ျဖစ္တယ္ပဏာမ စစ္ေဆးမႈအစီရင္ခံစာအရ သိရပါတယ္။အာဂ်င္တီးနားရွိ အစိုး ရေရွ႕ေန႐ုံးက ၾကာသပေတးေန႔မွာ “ေသဆုံးခ်ိန္မွာ ဂီတပညာရွင္ကတေယာက္တည္း ရွိေနေၾကာင္း အရာအားလုံးက ၫႊန္ျပေနတယ္” လို႔ေျပာၾကားခဲ့ပါတယ္။စြဲလန္းမႈနဲ႔ စိတ္က်န္းမာေရးျပႆနာနဲ႔ပတ္သက္ၿပီး အရင္က ဖြင့္ဟခဲ့ဖူးတဲ့ ပိန္းက ေသဆုံးခ်ိန္မွာမူးယစ္ေဆးဝါးသုံးစြဲမႈေၾကာင့္ စိတ္ဂေယာင္ေခ်ာက္ျခားေတြ႕ႀကဳံခံစားရႏိုင္ေခ်ရွိတယ္လို႔လည္းသံသယရွိေနပါတယ္။အဖြဲ႕ဝင္ေဟာင္းငါးဦးစလုံးကလတ္ တေလာမွာ တကိုယ္ေတာ္အႏုပညာအလုပ္မ်ားဆက္လက္လုပ္ကိုင္ေနခဲ့ၾကပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*