ကိုင်တွယ်ရခက်တဲ့ ရာသီခွင် (၄)ခု

တချို့ရာသီခွင်တွေက တခြားသူများထက် ကိုင်တွယ်ဖို့အတွက်ပိုပြီးခက်ခဲတတ်ကြပါတယ်။အဲဒါက ဘယ်ရာသီခွင်တွေများဖြစ်မလဲ။ ဒီရာသီခွင်လေးခုအကြောင်းကိုဖော်ပြပေးချင်ပါတယ်။

Aries

ဒီရာသီခွင်တွေက ရဲရင့်ပြီး စွန့်စားဖို့အတွက် အမြဲတမ်းစဉ်းစားနေကြပါတယ်။သူတို့ရဲ့ပြင်းပြတဲ့စိတ်တွေ၊ စိတ်အားထက်သန်မှုနဲ့လွတ် လပ်တဲ့စိတ်ဓာတ်တွေကြောင့်လူသိများပါတယ်။ သူတို့ရဲ့စိတ်အားထက်သန်မှုကြောင့် ပြင်းပြတဲ့စိတ်တွေကြောင့်ပဲအနားမှာရှိသူများနဲ့ ခိုက်ရန်ဖြစ်ပွားတတ်ကြပါတယ်။ ဒါကြောင့်ပဲ သူတို့ကိုကိုင်တွယ်ရခက်တယ်လို့ ပြောကြတာဖြစ်ပါတယ်။

Taurus

ခေါင်းမာတဲ့ Taurus တွေက သူတို့ရဲ့မယိမ်းယိုင်တဲ့ စိတ်အခြေအနေနဲ့ခံယူချက်ကြောင့်လူသိများပါတယ်။ သူတို့ရဲ့ခေါင်းမာတဲ့သဘော သဘာဝက တခါတလေမှာသူတို့ကို ကိုင်တွယ်ဖို့ ခက်ခဲစေပါတယ်။ ဒါကြောင့်ပဲ ဆက်ဆံရေးတွေမှာပဋိပက္ခကိုဦးတည်သွားစေနိုင်ပါတယ်။ ဒီရာသီခွင်တွေက သူတို့ရဲ့ခိုင်မာတဲ့စိတ်ပိုင်းဖြတ်မှုကြောင့်ထင်ရှားပါတယ်။ သူတို့အတွက်ဖြေရှင်းနည်းကတော့စိတ်ရှည်မှုနဲ့ နား လည်မှုတွေက အဖြေပါပဲ။

Gemini

ဒီရာသီခွင်တွေကို ပင်ကိုယ်စရိုက်နှစ်မျိုးရှိသူတွေဖြစ်ပါတယ်။ ထူးခြားတဲ့စိန်ခေါ်မှုအစုံကိုလက်ခံနိုင်သူတွေဖြစ်ပါတယ်။ သူတို့ရဲ့သွက် လက်တဲ့ဉာဏ်ပညာနဲ့လိုက်လျောညီထွေမှုရှိတာကြောင့် လူသိများပါတယ်။ သူတို့ကအများနဲ့လိုက်လျောညီထွေမှုရှိပြီး သူတို့ရဲ့သဘာဝနှစ်ခုက ခန့်မှန်းရခက်ပါတယ်။ သူတို့ကတခဏချင်းမှာ ပေါင်းသင်းဆက်ဆံရေးကောင်းနိုင်ပြီး နောက်တခုကတော့ပေါင်းသင်းဆက်ဆံရေးမှာ အဝေးကိုရောက်သွားနိုင်ပါတယ်။ ဒါကြောင့်ပဲ သူတို့ကကိုင်တွယ်ရခက်တဲ့ ရာသီခွင်တွေအဖြစ် ထင်ရှားပါတယ်။ သူတို့ကို ကိုင်တွယ်ဖြေရှင်းရမှာယုံကြည်မှုတည်ဆောက်တာနဲ့ ပွင့်လင်းတဲ့ဆက်သွယ်မှုကို ထိန်းသိမ်းနိုင်ဖို့ လိုအပ်ပါတယ်။

Cancer

ထိလွယ်ရှလွယ်ဂဏန်းလေးတွေက နာမည်ကြီးပါတယ်။ သူတို့ကတခြားရာသီခွင်တွေအားလုံးထက် လုံခြုံမှုနဲ့ တည်ငြိမ်မှုကို အလေးထားပြီးနက်ရှိုင်းတဲ့စိတ်ခံစားမှုနဲ့ အလိုလိုသိမြင်နားလည်နိုင်တဲ့ သူတွေဖြစ်ပါတယ်။ သူတို့ရဲ့သနားကြင်နာတတ်တဲ့ သဘောသဘာဝက သူတို့ကိုကောင်းမွန်တဲ့သူအဖြစ် ဖြစ်စေပေမဲ့တဖက်မှာလည်း ဝေဖန်မှုတွေ၊ ငြင်းဆိုမှုတွေကို အလွန်အမင်း အထိမခံနိုင်တဲ့သူတွေလို့ဆိုထားပါတယ်။

MYit

zawgyi


Aries


Taurus


Gemini


Cancer


MYit

Be the first to comment

Leave a Reply

Your email address will not be published.


*