အဆက်အသွယ်မလုပ်ပေမဲ့ သင့်ကိုလွမ်းဆွတ်နေကြောင်း သိနိုင်မယ့် အချက် (၃)ချက်

တကယ်လို့သင်က သင်ချစ်ရတဲ့တယောက်ယောက်နဲ့အဆက်အသွယ်မရဖြစ်နေတယ်ဆိုရင်ဒီစာက သင့်အတွက်ပါပဲ။ သူ့က သင့်ကိုမဆက်သွယ်ပေမဲ့ သင့်ကိုသတိတရရှိနေလားဆိုတာကိုသင်ချင်မိမှာပါပဲ။ သင့်ကိုလွမ်းဆွတ်နေကြောင်း ညွှန်ပြနိုင်တဲ့ ဖြစ်နိုင်ချေရှိတဲ့အ ချက်တချို့ကိုဖော်ပြပေးချင်ပါတယ်။

မကြာခဏ ဆက်သွယ်မှုပြတ်တာ

တခါတရံမှာ သူက သင့်ကို သူ့ဘက်ကပျောက်နေကြောင်း သိသာစေတဲ့အချက်အဖြစ်စမ်းသပ်တာမျိုးဖြစ်နိုင်ပါတယ်။ သင့်ကိုတမင်သပ် သပ်အဆက်အသွယ်ဖြတ်တောက်ပြီးသင့်ဘက်က သူ့ကိုစဉ်းစားရဲ့လား၊ သတိရရဲ့လားဆိုတာကိုလည် စမ်းသပ်နည်းတမျိုးပါပဲ။သူက အချစ်ကို အကွက်ကျကျ အစီအစဉ်တကျကစားတတ်သူလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မင်းဘက်က သူ့ကို စဆက်သွယ်ဖို့စောင့်ကြည့်နေတာမျိုးလည်းဖြစ်နေနိုင်ပါတယ်။

ဆိုရှယ်မီဒီယာကို ခြေရာခံတာ

ဒီကနေ့ဒစ်ဂျစ်တယ်ခေတ်မှာ ဆိုရှယ်မီဒီယာကနေ တစုံတဦးကို ခြေရာခံဖို့ လွယ်ကူပါတယ်။သူတို့ရဲ့ အတွေးအမြင်များ၊ ခံစားချက်များ၊ အဆက်အသွယ်မရှိတဲ့အချိန်မှာ ကြည့်ဖို့အတွက်ပြတင်းပေါက်တခုဖြစ်လာနေပါတယ်။ သင့်ရဲ့ပုံဟောင်းတွေကို like ပေးတာ၊ သင့်ရဲ့စတိုရီကိုဝင်ကြည့်တာ၊ သင့်ရဲ့ပို့စ်တွေကို မှတ်ချက်ပေးတာတွေကသင်သတိထားမိအောင်လုပ်နေတာပါ။ သူက သင့်ကိုမဆက်သွယ်ပေမဲ့ ဒီနေရာကနေပြီးသင့်ကိုအမြဲစောင့်ကြည့်နေတဲ့သဘောပါပဲ။

ရှုပ်ထွေးတဲ့ အချက်ပြမှုများ

တခါတလေမှာ သူ့ရဲ့လုပ်ဆောင်ချက်တွေက သင့်ကိုစိတ်ရှုပ်ထွေးပြီး ရောထွေးစေမယ့်အချက်ပြမှုများဖြစ်နေနိုင်ပါတယ်။ ဥပမာ သူက တခါတလေမှာ သင့်ကိုနွေးထွေးပြီးတခါတလေမှာတော့ အေးစက်သွားတတ်တာမျိုးပါ။ အဲဒီအချက်ကသူ့ရဲ့စိတ်ခံစားချက်အတက်အကျများကြားမှာ သူရုန်းကန်နေရတာကို ညွှန်ပြနေနိုင်ပါတယ်။ဒီအချက်တွေက သူ့ရဲ့ခံစားချက်တွေကို ထိုးထွင်းသိမြင်နိုင်စွမ်းရှိပေမဲ့အခြေအ နေတိုင်းကထူးခြားမှုရှိတာကို သတိထားမိဖို့ အရေးကြီးပါတယ်။

MYit

zawgyi








MYit

Be the first to comment

Leave a Reply

Your email address will not be published.


*