အသက်မွေးဝမ်းကြောင်း ရည်မှန်းချက်အောင်မြင်ဖို့ အကြံပြုချက် (၅)ချက်

အသက်မွေးဝမ်းကြောင်း ရည်းမှန်းချက်တွေ အောင်မြင်ဖို့အတွက် ဘာတွေလိုအပ်မလဲ။ဘာတွေကို အာရုံစိုက်လုပ်ရမလဲ၊ ဘယ်လိုတွေကြိုးစားရမလဲဆိုတဲ့အကြံပြုချက်တွေကိုမျှဝေပေးသွားချင်ပါတယ်။

ပြောင်းလဲနေတဲ့ လုပ်ငန်းလိုအပ်ချက်တွေအတွက် အချိန်ဖယ်ထားပါ

အလုပ်မှာ၊ လုပ်ငန်းတခုမှာ၊ အသက်မွေးဝမ်းကြောင်းမှုတွေမှာ ပန်းတိုင်တွေအမြဲပြောင်းလဲနေတတ်ပါတယ်။ အခြေအနေ၊ အချိန်အခါအလိုက်ပြောင်းလွယ်ပြင်လွယ်ရှိတတ်တာဖြစ်လို့ ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းနဲ့သက်ဆိုင်တဲ့ပန်းတိုင်တွေကို အမြဲမပြတ်လေ့လာပါ။ ဒီနေ့လိုအပ်ချက်တွေက မနက်ဖြန်လိုအပ်ချက်တွေနဲ့မကိုက်ညီတာမျိုးတွေလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပြောင်းလဲနေတဲ့အခြေအ နေတွေ၊လုပ်ငန်းအတွေ့အကြုံတွေအတွက် သင့်မှာအမြဲအဆင်သင့်ရှိနေဖို့လိုအပ်ပါတယ်။

တခြားသူများရဲ့ ပံ့ပိုးကူညီမှုကို စာရင်းလုပ်ပါ

သင့်ရဲ့ပန်းတိုင်ကိုသွားဖို့အတွက် သင့်မိသားစု၊ သူငယ်ချင်းနဲ့ပရောက်ဖက်ရှင်နယ်ကွန်ရက်တခုကို ထည့်သွင်းစဉ်းစားထာပါ။ သူတို့ရဲ့အ ကြံဉာဏ်တွေ၊အားပေးမှုတွေ၊ မျှဝေမှုတွေက သင့်ကို ပန်းတိုင်ရောက်စေဖို့ ပံ့ပိုးပေးနိုင်ပါတယ်။ ဒါကြောင့်ကိုယ့်ရဲ့ပန်းတိုင်ကိုသွားဖို့အ တွက် ဘယ်သူတွေရဲ့အခန်းကဏ္ဍက အရေးကြီးသလဲ၊ဘယ်သူတွေကတော့ ကိုယ့်ကိုကူညီအားပေးနိုင်မလဲဆိုတာကို စာရင်းလုပ်ဖို့လိုပါတယ်။

လမ်းညွှန်မှုလုပ်ပေးနိုင်မယ့်သူနဲ့ ချိတ်ဆက်ပါ

ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းမှာ ပန်းတိုင်ကိုရောက်နိုင်ဖို့အတွက် နည်းပြလိုအပ်ပါတယ်။ကိုယ်တိုင် စမ်းတဝါးဝါးသွားနေမှာထက် နည်းပြရဲ့လမ်းညွှန်ကူညီမှုတွေနဲ့ဆိုရင် အချိန်တိုအတွင်းရောက်ရှိသွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ကိုယ်ကိုယ်တည်ဆောက်ဖို့အတွက်ဖြစ်စေ၊ပိုမိုနားလည်နိုင်ဖို့၊ ကိုယ့်ရဲ့လိုအပ်ချက်ကိုပိုမိုသိစေနိုင်ဖို့အတွက် နည်းပြကသင့်ကိုကူညီပေးပါလိမ့်မယ်။ သင့်အတွက် အကြံပေးမယ့်သူက ထိရောက်ပြီးလက်တွေ့ကျတဲ့မှတ်တိုင်များ ချမှတ်ဖို့အတွက် သင့်ကိုအထောက်အပံ့ပေးနိုင်ပါတယ်။

ရေတို၊ ရေရှည်ခွဲခြားပါ

အောင်မြင်တဲ့ ပန်းတိုင်တွေချမှတ်ဖို့အတွက် ရေတို၊ ရေရည်ရည်မှန်းချက်များကိုခွဲခြားထားသင့်ပါတယ်။ လက်တွေ့ကျတဲ့အချိန်ဇယားများနဲ့အတူအောင်မြင်မှုတခုပြုလုပ်ဖို့အတွက် အစီအစဉ်တခုရေးဆွဲတဲ့အခါမှာ အချိန်ကာလကအရေးကြီးပါတယ်။ ဒါကြောင့် သင့်ရဲ့ ရည်မှန်းချက်တွေအတွက် ကာလတို၊ကာလရှည်လုပ်ဆောင်ရမယ့်အရာတွေကို ခွဲခြားသတ်မှတ်ထားသင့်ပါတယ်။

သင့်ရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် ဂုဏ်ပြုပါ

ဒါကတော့နောက်ဆုံးအချက်ဖြစ်ပါတယ်။ ထိရောက်တဲ့ပန်းတိုင်တွေချမှတ်တာက အောင်မြင်တဲ့ပရော်ဖက်ရှင်နယ်ဘဝကို နီးကပ်လာစေဖို့အတွက် ကူညီပေးနိုင်ပါတယ်။ပရော်ဖက်ရှင်နယ်အသက်မွေးဝမ်းကြောင်းမှုအတွက် သင်ရောက်ရှိနေတဲ့နေရာ၊ သင့်မှာရှိထားတဲ့ဖွံ့ဖြိုးတိုးတက်မှုများအတွက် ဂုဏ်ယူပါ။ သင်ကိုယ်တိုင်က သတိမထားမိပေမဲ့ကိုယ့်ရဲ့စနစ်တကျလုပ်ဆောင်မှုတွေက သင့်ကိုနောက်တဆင့်တက်ဖို့အတွက်ပို့ဆောင်ပေးနိုင်ပါတယ်။ဒီအချက်ငါးချက်က သင့်ရဲ့အသက်မွေးဝမ်းကြောင်းနဲ့ပတ်သက်ပြီး ပန်းတိုင်ကိုအောင်အောင်မြင်မြင်ရောက်နိုင်အောင် ပို့ဆောင်ပေးနိုင်တဲ့ အကြံပြုချက်တွေပဲဖြစ်ပါတယ်။

MYit

zawgyi












MYit

Be the first to comment

Leave a Reply

Your email address will not be published.


*