ရှေ့နေအကူအညီနဲ့ပြေလည်ခဲ့ကြတဲ့ အာနိုးနဲ့စတားလုံး

တစ်ခေတ်တည်းမှာလိုနာမည်ကြီးလာခဲ့တဲ့ အာနိုးနဲ့စတားလုံးဟာ တစ်ချိန်ကတစ်ယောက်ကိုတစ်ယောက်အမုန်းကြီးမုန်းခဲ့ဖူးတယ်လို့သိရပါတယ်။ အရင်အချိန်က သူတို့ရဲ့ပြိုင်ဆိုင်မှုဟာပြင်းထန်ခဲ့ပြီးခန္ဓာကိုယ်ပေါ်က ကြွက်သားအရွယ်အစားကအစ ငွေကြေးသုံးစွဲမှုအထိပြိုင် ဆိုင်ခဲ့ကြတာဖြစ်ပါတယ်။သူတို့နှစ်ဦးကိုပြေလည်သွားအောင်လုပ်ဆောင်ပေးနိုင်ခဲ့သူကတော့သူတို့ရဲ့အကျိုးဆောင်ကိုယ်စားလှယ်ရှေ့နေ Jake Bloom ပဲဖြစ်ပါတယ်။ စတားလုံးက Jake Bloom ရဲ့ Client ဖြစ်ခဲ့ပြီးနောက်ပိုင်း စတားလုံးကိုနာမည်ကြီးစားသောက်ဆိုင်ပိုင်ဆိုင်စေဖို့အတွက်ပါအကြံပေးလုပ်ဆောင်ပေးခဲ့တာမို့ အာနိုးကပိုပြီးဒေါသထွက်ခဲ့တယ်လို့ဆိုပါတယ်။ အကျိုးဆောင်ရှေ့နေ Jake Bloom ရဲ့ညှိနှိုင်းပြောဆိုမှုတွေကြောင့် အာနိုးနဲ့စတားလုံးဟာအရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ကြပြီး စီးပွားရေးအတူတူလုပ်တဲ့အထိပါအဆင် ပြေသွားခဲ့တယ်လို့ဆိုပါတယ်။

ဒီအကြောင်းကို အာနိုးက ပြီးခဲ့တဲ့ကြာသပတေးနေ့ကပြုလုပ်တဲ့ Jake Bloom အတွက်အမှတ်တရအခမ်းအနားမှာ ပြောခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ခုနစ်က ဟောလိဝုဒ်သတင်းထောက်ဟောင်းတစ်ယောက်ရဲ့ပြောကြားချက်အရ Jake Bloom ဟာ ၁၉၈၀ ဝန်းကျင်က နာ မည်ကြီးသရုပ်ဆောင်များအတွက် အနုပညာကြေးသတ်မှတ်ရာမှာဆရာကျသူဖြစ်တဲ့အကြောင်း၊ သူညှိနှိုင်းပေးတဲ့အနုပညာကြေးတွေဟာအံ့မခန်းလောက်အောင်ဖြစ်ခဲ့ကြောင်းနဲ့ သရုပ်ဆောင်တွေကိုတခြားသောစီးပွားရေးလုပ်ငန်းတွေလုပ်နိုင်ဖို့အတွက်ပါကူညီခဲ့သူလို့ ပြောခဲ့ဖူးတာဖြစ်ပါတယ်။ Jake Bloom ဟာ ဒီနှစ် စက်တင်ဘာလ ၇ ရက်နေ့၊ အသက် ၈၁ နှစ်အရွယ်မှာကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

Ju Ju

zawgyi

တစ္ေခတ္တည္းမွာလိုနာမည္ႀကီးလာခဲ့တဲ့ အာႏိုးနဲ႔စတားလုံးဟာ တစ္ခ်ိန္ကတစ္ေယာက္ကိုတစ္ေယာက္အမုန္းႀကီးမုန္းခဲ့ဖူးတယ္လို႔သိရပါတယ္။ အရင္အခ်ိန္က သူတို႔ရဲ႕ၿပိဳင္ဆိုင္မႈဟာျပင္းထန္ခဲ့ၿပီးခႏၶာကိုယ္ေပၚက ႂကြက္သားအ႐ြယ္အစားကအစ ေငြေၾကးသုံးစြဲမႈအထိၿပိဳင္ ဆိုင္ခဲ့ၾကတာျဖစ္ပါတယ္။သူတို႔ႏွစ္ဦးကိုေျပလည္သြားေအာင္လုပ္ေဆာင္ေပးႏိုင္ခဲ့သူကေတာ့သူတို႔ရဲ႕အက်ိဳးေဆာင္ကိုယ္စားလွယ္ေရွ႕ေန Jake Bloom ပဲျဖစ္ပါတယ္။ စတားလုံးက Jake Bloom ရဲ႕ Client ျဖစ္ခဲ့ၿပီးေနာက္ပိုင္း စတားလုံးကိုနာမည္ႀကီးစားေသာက္ဆိုင္ပိုင္ဆိုင္ေစဖို႔အတြက္ပါအႀကံေပးလုပ္ေဆာင္ေပးခဲ့တာမို႔ အာႏိုးကပိုၿပီးေဒါသထြက္ခဲ့တယ္လို႔ဆိုပါတယ္။ အက်ိဳးေဆာင္ေရွ႕ေန Jake Bloom ရဲ႕ညႇိႏႈိင္းေျပာဆိုမႈေတြေၾကာင့္ အာႏိုးနဲ႔စတားလုံးဟာအရင္းႏွီးဆုံးသူငယ္ခ်င္းေတြျဖစ္လာခဲ့ၾကၿပီး စီးပြားေရးအတူတူလုပ္တဲ့အထိပါအဆင္ ေျပသြားခဲ့တယ္လို႔ဆိုပါတယ္။

ဒီအေၾကာင္းကို အာႏိုးက ၿပီးခဲ့တဲ့ၾကာသပေတးေန႔ကျပဳလုပ္တဲ့ Jake Bloom အတြက္အမွတ္တရအခမ္းအနားမွာ ေျပာခဲ့တာျဖစ္ပါတယ္။ ၂၀၁၉ ခုနစ္က ေဟာလိဝုဒ္သတင္းေထာက္ေဟာင္းတစ္ေယာက္ရဲ႕ေျပာၾကားခ်က္အရ Jake Bloom ဟာ ၁၉၈၀ ဝန္းက်င္က နာ မည္ႀကီးသ႐ုပ္ေဆာင္မ်ားအတြက္ အႏုပညာေၾကးသတ္မွတ္ရာမွာဆရာက်သူျဖစ္တဲ့အေၾကာင္း၊ သူညႇိႏႈိင္းေပးတဲ့အႏုပညာေၾကးေတြဟာအံ့မခန္းေလာက္ေအာင္ျဖစ္ခဲ့ေၾကာင္းနဲ႔ သ႐ုပ္ေဆာင္ေတြကိုတျခားေသာစီးပြားေရးလုပ္ငန္းေတြလုပ္ႏိုင္ဖို႔အတြက္ပါကူညီခဲ့သူလို႔ ေျပာခဲ့ဖူးတာျဖစ္ပါတယ္။ Jake Bloom ဟာ ဒီႏွစ္ စက္တင္ဘာလ ၇ ရက္ေန႔၊ အသက္ ၈၁ ႏွစ္အ႐ြယ္မွာကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*