Crash Landing On You စုံတွဲဖြစ်တဲ့ မင်းသားဟွန်ဘင်နဲ့မင်းသမီးဆိုရီဂျင်းတို့နှစ်ဦးဟာ ၂၀၂၂ ခုနစ်၊မတ်လကလက်ထပ်ခဲ့ပြီးနိုဝင်ဘာလမှာသားလေးတစ်ဦးမွေးဖွားခဲ့ပါတယ်။သရုပ်ဆောင်လောကမှာနှစ် ၂၀ ကြာဖြတ်သန်းလာပြီးတဲ့သူမကို ကလေးမွေးပြီးအနုပညာအလုပ်တွေဆက်လုပ်ဖို့ရှိ၊မရှိပရိသတ်တွေကသိချင်နေကြပါတယ်။စက်တင်ဘာလ ၂၇ ရက်နေ့ကပြသတဲ့ Lim Jin Han Class အစီအစဉ်မှာ သူမကကလေးပြုစုပျိုးထောင်ပုံတွေအကြောင်းမျှဝေရင်း အနုပညာနဲ့ပတ်သက်တဲ့ရိုက်ကူးရေးအသစ်ရှိ၊မရှိကိုပါမျှဝေခဲ့တာဖြစ်ပါတယ်။
“ကလေးထိန်းရတာက အခက်အခဲတွေအများကြီးရှိတာပေါ့။ ဒါပေမဲ့ကလေးလေးကကျွန်မတို့ကိုပျော်ရွှင်မှုအများကြီးပေးနိုင်ပါတယ်။တစ်ခါမှမခံစားဖူးတဲ့ကြည်နူးမှုတွေပေါ့”လို့ပြောခဲ့တာဖြစ်ပါတယ်။ ကလေးထပ်ယူဖို့ကိုတော့စဉ်းစားဦးမယ်လို့ သူမကဖြေခဲ့ပါတယ်။
“အနှစ် ၂၀ အနုပညာအလုပ်တွေလုပ်လာပြီးတော့ အခုအချိန်က မိသားစုအတွက်၊ကလေးအတွက်အချိန်ပေးရမယ်လို့ခံယူထားပါတယ်။ ဇနီးကောင်း၊မိဘကောင်းတစ်ယောက်လည်းဖြစ်ချင်မိတယ်။ လက်ရှိအနေအထားကိုလည်းကျွန်မပျော်ရွှင်ပါတယ်။အနုပညာအလုပ်တွေဆက်လုပ်ဖို့ကတော့ တကယ်ကောင်းတဲ့ပရောဂျက်တွေဆိုရင်လက်ခံဖြစ်မှာပါ။ပရိသတ်တွေကစောင့်နေကြမယ်ဆိုတာကိုလည်း သိပါတယ်။ ကျွန်မကလက်ထပ်ပြီးကလေးလည်းတန်းယူလိုက်တော့ အခုအချိန်ကကျွန်မခဏနားသင့်တဲ့အချိန်လို့ထင်ပါတယ်” ဆိုပြီးပြောသွားခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့ ဆိုရီဂျင်းဟာ နောက်ထပ်ဘာပရောဂျက်ကိုမှလက်ခံထားတာမရှိဘူးလို့သိရပါတယ်။
Ju Ju
zawgyi
Crash Landing On You စုံတြဲျဖစ္တဲ့ မင္းသားဟြန္ဘင္နဲ႔မင္းသမီးဆိုရီဂ်င္းတို႔ႏွစ္ဦးဟာ ၂၀၂၂ ခုနစ္၊မတ္လကလက္ထပ္ခဲ့ၿပီးႏိုဝင္ဘာလမွာသားေလးတစ္ဦးေမြးဖြားခဲ့ပါတယ္။သ႐ုပ္ေဆာင္ေလာကမွာႏွစ္ ၂၀ ၾကာျဖတ္သန္းလာၿပီးတဲ့သူမကို ကေလးေမြးၿပီးအႏုပညာအလုပ္ေတြဆက္လုပ္ဖို႔ရွိ၊မရွိပရိသတ္ေတြကသိခ်င္ေနၾကပါတယ္။စက္တင္ဘာလ ၂၇ ရက္ေန႔ကျပသတဲ့ Lim Jin Han Class အစီအစဥ္မွာ သူမကကေလးျပဳစုပ်ိဳးေထာင္ပုံေတြအေၾကာင္းမွ်ေဝရင္း အႏုပညာနဲ႔ပတ္သက္တဲ့႐ိုက္ကူးေရးအသစ္ရွိ၊မရွိကိုပါမွ်ေဝခဲ့တာျဖစ္ပါတယ္။
“ကေလးထိန္းရတာက အခက္အခဲေတြအမ်ားႀကီးရွိတာေပါ့။ ဒါေပမဲ့ကေလးေလးကကြၽန္မတို႔ကိုေပ်ာ္႐ႊင္မႈအမ်ားႀကီးေပးႏိုင္ပါတယ္။တစ္ခါမွမခံစားဖူးတဲ့ၾကည္ႏူးမႈေတြေပါ့”လို႔ေျပာခဲ့တာျဖစ္ပါတယ္။ ကေလးထပ္ယူဖို႔ကိုေတာ့စဥ္းစားဦးမယ္လို႔ သူမကေျဖခဲ့ပါတယ္။
“အႏွစ္ ၂၀ အႏုပညာအလုပ္ေတြလုပ္လာၿပီးေတာ့ အခုအခ်ိန္က မိသားစုအတြက္၊ကေလးအတြက္အခ်ိန္ေပးရမယ္လို႔ခံယူထားပါတယ္။ ဇနီးေကာင္း၊မိဘေကာင္းတစ္ေယာက္လည္းျဖစ္ခ်င္မိတယ္။ လက္ရွိအေနအထားကိုလည္းကြၽန္မေပ်ာ္႐ႊင္ပါတယ္။အႏုပညာအလုပ္ေတြဆက္လုပ္ဖို႔ကေတာ့ တကယ္ေကာင္းတဲ့ပေရာဂ်က္ေတြဆိုရင္လက္ခံျဖစ္မွာပါ။ပရိသတ္ေတြကေစာင့္ေနၾကမယ္ဆိုတာကိုလည္း သိပါတယ္။ ကြၽန္မကလက္ထပ္ၿပီးကေလးလည္းတန္းယူလိုက္ေတာ့ အခုအခ်ိန္ကကြၽန္မခဏနားသင့္တဲ့အခ်ိန္လို႔ထင္ပါတယ္” ဆိုၿပီးေျပာသြားခဲ့တာျဖစ္ပါတယ္။လက္ရွိမွာေတာ့ ဆိုရီဂ်င္းဟာ ေနာက္ထပ္ဘာပေရာဂ်က္ကိုမွလက္ခံထားတာမရွိဘူးလို႔သိရပါတယ္။
Ju Ju
Leave a Reply