သင့်ရဲ့ Soulmate နဲ့တွေ့တဲ့အခါ သိနိုင်မယ့်အချက် (၃)ချက်

မင်းကို ပြီးပြည့်စုံစေမယ့် လူတစ်ယောက်ကို မင်းရှာနေလား။ Soulmate ဆိုတာကချစ်သူလည်းဖြစ်နိုင်သလို ကိုယ့်အတွက်ပြီးပြည့်စုံစေတယ်လို့ထင်ရတဲ့ဘယ်လိုပတ်သက်ဆက်နွယ်မှုမျိုးမှာမဆို ဖြစ်နိုင်ပါတယ်။ သင့်ရဲ့ Soulmate နဲ့တွေ့တဲ့အခါဘယ်လိုသိနိုင်မလဲ။ ထူးခြားတဲ့ ဆက်သွယ်မှုတခုက သင့်က Soulmate နဲ့တွေ့ဆုံနေရပြီဆိုတာကိုပြောပြပေးနိုင်ပါလိမ့်မယ်။

မြန်ဆန်တဲ့ချိတ်ဆက်မှု

သင့်ရဲ့ Soulmate နဲ့တွေ့တဲ့အခါ ချက်ခြင်းဆိုသလို လေးနက်တဲ့ ဆက်သွယ်မှုတခုကြုံရသလိုခံစားရပါလိမ့်မယ်။ နှစ်အတော်ကြာမတွေ့ဖူးသေးတဲ့ သူငယ်ချင်းဟောင်းနဲ့ဆုံရသလိုမျိုး၊အရင်ကသိခဲ့သလိုမျိုးခံစားရနိုင်ပါတယ်။ တယောက်နဲ့တယောက် တူညီတဲ့အတွေးအမြင်တွေမျှဝေကြပါတယ်။

နှစ်သိမ့်မှု

Soulmate နဲ့ အတူရှိနေတာက အားစိုက်ထုတ်စရာမလိုဘဲ သဘာဝကျကျဖြစ်တယ်လို့ခံစားရတာ။ ဥပမာ ဟန်ဆောင်စရာမလိုဘဲ ကိုယ့်ကို စီရင်ဆုံးဖြတ်တာ၊ ငြင်းပယ်တာမျိုးမလုပ်တဲ့သူမျိုးဖြစ်ပါတယ်။ သင့်ကိုယ်သင် စစ်မှန်တဲ့လူတယောက်အဖြစ်တည်ရှိနိုင်ပါတယ်။
သူ့အနားမှာရှိတဲ့အခါ ကိုယ့်ကိုယ်ကိုယ်သက်သောင့်သက်သာနဲ့ ကိုယ်ကကိုယ့်ရဲ့ဖြစ်တည်မှုအတိုင်း ရှိနေနိုင်ပါတယ်။ ဒါကကိုယ့်စိတ်ကိုနှစ်သိမ့်နိုင်တဲ့ဆက်နွယ်မှုတခုပါပဲ။

ထပ်တူကျတာ

တစ်စုံတစ်ဦးနဲ့ ထပ်တူကျတဲ့ အချိန်များကို သင်ကြုံတွေ့ဖူးပါသလား။ စကြာဝဠာ သင့်ကိုပိုမိုနီးကပ်လာစေရန် ချိန်ညှိနေသကဲ့သို့ဖြစ်ပါလိမ့်မယ်။ တဦးနဲ့တဦးမမျှော်လင့်ဘဲတွေ့ဆုံမိကြပြိး တူညီတဲ့ စိတ်ဝင်စားမှုတွေမျှဝေကြတဘ်။ လျစ်လျူရှုဖို့တိုက်ဆိုင်လွန်းတယ်ထင်ရတဲ့ တူညီလွန်းတဲ့ ဘဝအတွေ့အကြုံများရှိနေတာ။ ဒါတွေက သင့်ရဲ့ Soulmateဖြစ်နိုင်တဲ့ သဲလွန်စတွေပဲဖြစ်ပါတယ်။

MYit

zawgyi

မင္းကို ၿပီးျပည့္စုံေစမယ့္ လူတစ္ေယာက္ကို မင္းရွာေနလား။ Soulmate ဆိုတာကခ်စ္သူလည္းျဖစ္ႏိုင္သလို ကိုယ့္အတြက္ၿပီးျပည့္စုံေစတယ္လို႔ထင္ရတဲ့ဘယ္လိုပတ္သက္ဆက္ႏြယ္မႈမ်ိဳးမွာမဆို ျဖစ္ႏိုင္ပါတယ္။ သင့္ရဲ႕ Soulmate နဲ႔ေတြ႕တဲ့အခါဘယ္လိုသိႏိုင္မလဲ။ ထူးျခားတဲ့ ဆက္သြယ္မႈတခုက သင့္က Soulmate နဲ႔ေတြ႕ဆုံေနရၿပီဆိုတာကိုေျပာျပေပးႏိုင္ပါလိမ့္မယ္။

ျမန္ဆန္တဲ့ခ်ိတ္ဆက္မႈ

သင့္ရဲ႕ Soulmate နဲ႔ေတြ႕တဲ့အခါ ခ်က္ျခင္းဆိုသလို ေလးနက္တဲ့ ဆက္သြယ္မႈတခုႀကဳံရသလိုခံစားရပါလိမ့္မယ္။ ႏွစ္အေတာ္ၾကာမေတြ႕ဖူးေသးတဲ့ သူငယ္ခ်င္းေဟာင္းနဲ႔ဆုံရသလိုမ်ိဳး၊အရင္ကသိခဲ့သလိုမ်ိဳးခံစားရႏိုင္ပါတယ္။ တေယာက္နဲ႔တေယာက္ တူညီတဲ့အေတြးအျမင္ေတြမွ်ေဝၾကပါတယ္။

ႏွစ္သိမ့္မႈ

Soulmate နဲ႔ အတူရွိေနတာက အားစိုက္ထုတ္စရာမလိုဘဲ သဘာဝက်က်ျဖစ္တယ္လို႔ခံစားရတာ။ ဥပမာ ဟန္ေဆာင္စရာမလိုဘဲ ကိုယ့္ကို စီရင္ဆုံးျဖတ္တာ၊ ျငင္းပယ္တာမ်ိဳးမလုပ္တဲ့သူမ်ိဳးျဖစ္ပါတယ္။ သင့္ကိုယ္သင္ စစ္မွန္တဲ့လူတေယာက္အျဖစ္တည္ရွိႏိုင္ပါတယ္။
သူ႔အနားမွာရွိတဲ့အခါ ကိုယ့္ကိုယ္ကိုယ္သက္ေသာင့္သက္သာနဲ႔ ကိုယ္ကကိုယ့္ရဲ႕ျဖစ္တည္မႈအတိုင္း ရွိေနႏိုင္ပါတယ္။ ဒါကကိုယ့္စိတ္ကိုႏွစ္သိမ့္ႏိုင္တဲ့ဆက္ႏြယ္မႈတခုပါပဲ။

ထပ္တူက်တာ

တစ္စုံတစ္ဦးနဲ႔ ထပ္တူက်တဲ့ အခ်ိန္မ်ားကို သင္ႀကဳံေတြ႕ဖူးပါသလား။ စၾကာဝဠာ သင့္ကိုပိုမိုနီးကပ္လာေစရန္ ခ်ိန္ညႇိေနသကဲ့သို႔ျဖစ္ပါလိမ့္မယ္။ တဦးနဲ႔တဦးမေမွ်ာ္လင့္ဘဲေတြ႕ဆုံမိၾကၿပိး တူညီတဲ့ စိတ္ဝင္စားမႈေတြမွ်ေဝၾကတဘ္။ လ်စ္လ်ဴရႈဖို႔တိုက္ဆိုင္လြန္းတယ္ထင္ရတဲ့ တူညီလြန္းတဲ့ ဘဝအေတြ႕အႀကဳံမ်ားရွိေနတာ။ ဒါေတြက သင့္ရဲ႕ Soulmateျဖစ္ႏိုင္တဲ့ သဲလြန္စေတြပဲျဖစ္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*