အခြေခံစီမံခန့်ခွဲမှု စွမ်းရည် (၁၁)မျိုး

စီမံခန့်ခွဲမှုမှာ မရှိမဖြစ်လိုအပ်တဲ့ လုပ်ငန်းဆောင်တာတွေက ဘာတွေဖြစ်မလဲ။လုပ်ငန်းခွင်တခုမှာ ခေါင်းဆောင်ဖြစ်စေ၊ ဝန်ထမ်းဖြစ်စေ စီမံခန်ခွဲမှုနဲ့ပတ်သက်ပြီးအခြေခံသဘောတရားတွေ၊ အခြေခံစွမ်းရည်တွေရှိထားသင့်ပါတယ်။ ဒီအချက်တွေကတော့စီမံခန့်ခွဲမှုအခြေခံစွမ်းရည်တွေပဲဖြစ်ပါတယ်။

ညှိနှိုင်းဆောင်ရွက်တာ

မန်နေဂျာများရဲ့ အဓိက အခန်းကဏ္ဍကတော့ လုပ်ငန်းဆောင်တာများ၊စည်းလုံးညီညွတ်တဲ့အသင်းများဖြစ်ဖို့နဲ့ ဒါတွေဖွံ့ဖြိုးတိုးတက်စေဖို့ဖြစ်ပါတယ်။ ဒီအဖွဲ့များအမှီအခိုကင်းစွာနဲ့ အလုပ်လုပ်ကြပြီး မန်နေဂျာများကတော့ သူတို့ရဲ့ရည်မှန်းချက်များအောင်မြင်ဖို့အတွက် လို အပ်တဲ့ အရင်းအမြစ်များနဲ့ကျွမ်းကျင်မှုများရှိကြောင်း သေချာစေဖို့ဖြစ်ပါတယ်။ အဖွဲ့တခုမှာလိုအပ်တဲ့အရင်းအမြစ်ကိုမသိပါက ဒါမှ မ ဟုတ် ပူးပေါင်းသင့်၊ ညှိနှိုင်းဆောင်ရွက်သင့်တဲ့ဌာနတွေ၊ အဖွဲ့တွေမရှိဘူးဆိုရင် ပရောဂျက်တွေကို အပြီးသတ်ဖို့ ရုန်းကန်ရနိုင်ပါတယ်။

လမ်းညွှန်ပေးတာ

လမ်းညွှန်တာက စီမံခန့်ခွဲမှုကဏ္ဍမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ညွှန်ကြားတာက အလုပ်တွေလွှဲအပ်တာဖြစ်နိုင်သလို၊ ပြန်လည်သုံးသပ်တာ၊အရည်အသွေးထိန်းချုပ်မှုပုံစံအဖြစ်လုပ်ဆောင်တာအပြင် အချိန်ဇယားများကို စီမံခန့်ခွဲပေးတာစတာတွေအားလုံးဖြစ်နိုင်ပါတယ်။ ကောင်းမွန်တဲ့ဆက်သွယ်ရေးမှ လမ်းညွှန်မှုကအဓိကနေရာမှာ ရှိပြီး စိတ်ခံစားမှုဆိုင်ရာအသိဥာဏ်က လုပ်ငန်းစဉ်တစ် လျှောက်လုံးမှာယုံကြည်မှုကိုတိုးတက်စေပါတယ်။

ခေါင်းဆောင်မှု

မန်နေဂျာအားလုံးက သဘာဝကပေးတဲ့ ခေါင်းဆောင်များမဟုတ်ကြပါဘူး။ မန်နေဂျာများကသူတို့ရဲ့ခေါင်းဆောင်မှုစွမ်းရည်ကို ကောင်း မွန်စွာလုပ်ဆောင်ဖို့အရေးကြီးပါတယ်။ သြဇာရှိတဲ့ခေါင်းဆောင်များက သူတို့အပြုအမူတွေ၊ ခေါင်းဆောင်မှုတွှနဲ့ တခြားသူများကိုလှုံ့ ဆော်ပေးပါတယ်။ ခေါင်းဆောင်မျုကလည်း ပရောဂျက်စီမံခန့်ခွဲတွေမှာအရေးကြီးပါတယ်။

အဖွဲအစည်းဆိုင်ရာစွမ်းရည်

မန်နေဂျာတစ်ယောက်ဖြစ်ဖို့က စိန်ခေါ်မှုတစ်ခုပါပဲ။ မန်နေဂျာများကမတူညီတဲ့အချိန်ဇယားများနဲ့ သတ်မှတ်ရက်များနဲ့ ပရောဂျက်များကို ကြီးကြပ်ကြပါတယ်။ဒါကြောင့်အဖွဲ့အစည်းဆိုင်ရာကျွမ်းကျင်မှုများရှိတာက မန်နေဂျာများအတွက်စွမ်းဆောင်ရည်ပြည့်ဝစေပြီး သတ် မှတ်ရက်အတွင်း အလုပ်တွေပြီးမြောက်ဖို့အတွက်ကူညီပေးနိုင်ပါတယ်။

အစီအစဉ်ဆွဲတာ

စီမံခန့်ခွဲမှု အခန်းကဏ္ဍအတွက် အရေးပါတဲ့ တာဝန်တစ်ခုကတော့ ရည်မှန်းချက်များ ပြည့်မီဖို့ဖြစ်ပါတယ်။ မန်နေဂျာများက ရည်မှန်းချက်စီမံမှုလုပ်ငန်းစဉ် တစိတ်တပိုင်းဖြစ်ကြပါတယ်။ဒီရည်မှန်းချက်တွေပြည့်မီဖို့ အစီအစဉ်ရေးဆွဲရမှာဖြစ်ပါတယ်။ ဒီအပိုင်းမှာလိုက်လျောညီထွေဖြစ်စေဖို့ အထောက်အကူဖြစ်စေတဲ့ ကျွမ်းကျင်မှုတခုဖြစ်ပါတယ်။ ။

ရှင်းလင်းတဲ့ ဆက်သွယ်ရေး

အတွေးအမြင်များ၊ အစီအစဥ်များ၊ တုံ့ပြန်ချက်များနဲ့ ဗျူဟာများကို ရှင်းရှင်းလင်းလင်းဖြစ်ဖို့အရေးကြီးပါတယ်။ သင့်ဝန်ထမ်းများက သူတို့ဆီကနေ မျှော်လင့်ထားတဲ့အရာနဲ့အလုံးစုံရည်းမှန်းချက်များအတွက် သိရှိထားတဲ့အခါမှာ ပိုမိုလွယ်ကူအဆင်ပြေစေနိုင်ပါတယ်။

တာဝန်ခံမှုနဲ့ တာဝန်ယူမှု

တိုက်ရိုက်အစီရင်ခံချက်များနဲ့ ပံ့ပိုးကူညီသူ တစ်ဦးချင်းစီက သူတို့အလုပ်အတွက်တာဝန်ယူရသသလို မန်နေဂျာများကလည်း တာဝန်ယူရပါတယ်။ လုပ်ငန်းခွင်မှာတဦးနဲ့တဦးယုံကြည်မှုနဲ့ သမာဓိတည်ဆောက်ခြင်းမှာ ဒီအချက်က မရှိမဖြစ်လိုအပ်ပါတယ်။

အချိန်စီမံခန့်ခွဲမှု

မန်နေဂျာကောင်းများနဲ့ ခေါင်းဆောင်ကောင်းများက သူတို့အချိန်နဲ့စွမ်းအင်ကို ထိရောက်စွာစီမံခန့်ခွဲနိုင်ကြပါတယ်။

ပူးပေါင်းဆောင်ရွက်တာ

အသင်းအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းက အဖွဲ့အစည်းများစွာရဲ့ ကျောရိုးဖြစ်ပါတယ်။ပူးပေါင်းလုပ်ဆောင်တဲ့ အလုပ်ပတ်ဝန်းကျင်ကို အ ဆင်ပြေချောမွေ့စေရန်နဲ့ ခိုင်မာတဲ့ပူးပေါင်းဆောင်ရွက်သူများဖြစ်ဖို့အတွက် ခေါင်းဆောင်များရဲ့တာဝန်ဖြစ်ပါတယ်။

တက်ကြွစွာ နားထောင်တာ

သင်ရဲ့ပြောဆိုဆက်ဆံရေးစွမ်းရည်နဲ့ အခြားသူများအပေါ် စာနာနားလည်မှုပိုမိုကောင်းမွန်လာစေရန် တက်ကြွစွာ နားထောင်သူဖြစ်ဖို့လိုပါတယ်။ နားလည်ဖို့အရင်နားထောင်တတ်ရပါမယ်။ တက်ကြွစွာနားထောင်တာက စာနာမှုကိုဖန်တီးပေးပါတယ်။

ပြဿနာဖြေရှင်းတာ

ခေါင်းဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်သူ အများစုကပြဿနာဖြေရှင်းတာကိုမဖြစ်မနေလုပ်ကိုင်ရမှာပဲဖြစ်ပါတယ်။ ပြဿနာတခုကို လိမ္မာပါးနပ်စွာနဲ့ဘယ်လိုကိုင်တွယ်မလဲဆိုတာက ခေါင်းဆောင်မှုအရည်အချင်းတရပ်ပါပဲ။ဒီအချက်တွေအားလုံးက အခြေခံစီမံခန့်ခွဲမှုအတွက် စွမ်းရည်တွေပဲဖြစ်ပါတယ်။

MYit

zawgyi

စီမံခန႔္ခြဲမႈမွာ မရွိမျဖစ္လိုအပ္တဲ့ လုပ္ငန္းေဆာင္တာေတြက ဘာေတြျဖစ္မလဲ။လုပ္ငန္းခြင္တခုမွာ ေခါင္းေဆာင္ျဖစ္ေစ၊ ဝန္ထမ္းျဖစ္ေစ စီမံခန္ခြဲမႈနဲ႔ပတ္သက္ၿပီးအေျခခံသေဘာတရားေတြ၊ အေျခခံစြမ္းရည္ေတြရွိထားသင့္ပါတယ္။ ဒီအခ်က္ေတြကေတာ့စီမံခန႔္ခြဲမႈအေျခခံစြမ္းရည္ေတြပဲျဖစ္ပါတယ္။

ညႇိႏႈိင္းေဆာင္႐ြက္တာ

မန္ေနဂ်ာမ်ားရဲ႕ အဓိက အခန္းက႑ကေတာ့ လုပ္ငန္းေဆာင္တာမ်ား၊စည္းလုံးညီၫြတ္တဲ့အသင္းမ်ားျဖစ္ဖို႔နဲ႔ ဒါေတြဖြံ႕ၿဖိဳးတိုးတက္ေစဖို႔ျဖစ္ပါတယ္။ ဒီအဖြဲ႕မ်ားအမွီအခိုကင္းစြာနဲ႔ အလုပ္လုပ္ၾကၿပီး မန္ေနဂ်ာမ်ားကေတာ့ သူတို႔ရဲ႕ရည္မွန္းခ်က္မ်ားေအာင္ျမင္ဖို႔အတြက္ လို အပ္တဲ့ အရင္းအျမစ္မ်ားနဲ႔ကြၽမ္းက်င္မႈမ်ားရွိေၾကာင္း ေသခ်ာေစဖို႔ျဖစ္ပါတယ္။ အဖြဲ႕တခုမွာလိုအပ္တဲ့အရင္းအျမစ္ကိုမသိပါက ဒါမွ မ ဟုတ္ ပူးေပါင္းသင့္၊ ညႇိႏႈိင္းေဆာင္႐ြက္သင့္တဲ့ဌာနေတြ၊ အဖြဲ႕ေတြမရွိဘူးဆိုရင္ ပေရာဂ်က္ေတြကို အၿပီးသတ္ဖို႔ ႐ုန္းကန္ရႏိုင္ပါတယ္။

လမ္းၫႊန္ေပးတာ

လမ္းၫႊန္တာက စီမံခန႔္ခြဲမႈက႑မွာ အေရးႀကီးတဲ့ အစိတ္အပိုင္းတစ္ခုျဖစ္ပါတယ္။ၫႊန္ၾကားတာက အလုပ္ေတြလႊဲအပ္တာျဖစ္ႏိုင္သလို၊ ျပန္လည္သုံးသပ္တာ၊အရည္အေသြးထိန္းခ်ဳပ္မႈပုံစံအျဖစ္လုပ္ေဆာင္တာအျပင္ အခ်ိန္ဇယားမ်ားကို စီမံခန႔္ခြဲေပးတာစတာေတြအားလုံးျဖစ္ႏိုင္ပါတယ္။ ေကာင္းမြန္တဲ့ဆက္သြယ္ေရးမွ လမ္းၫႊန္မႈကအဓိကေနရာမွာ ရွိၿပီး စိတ္ခံစားမႈဆိုင္ရာအသိဥာဏ္က လုပ္ငန္းစဥ္တစ္ ေလွ်ာက္လုံးမွာယုံၾကည္မႈကိုတိုးတက္ေစပါတယ္။

ေခါင္းေဆာင္မႈ

မန္ေနဂ်ာအားလုံးက သဘာဝကေပးတဲ့ ေခါင္းေဆာင္မ်ားမဟုတ္ၾကပါဘူး။ မန္ေနဂ်ာမ်ားကသူတို႔ရဲ႕ေခါင္းေဆာင္မႈစြမ္းရည္ကို ေကာင္း မြန္စြာလုပ္ေဆာင္ဖို႔အေရးႀကီးပါတယ္။ ၾသဇာရွိတဲ့ေခါင္းေဆာင္မ်ားက သူတို႔အျပဳအမူေတြ၊ ေခါင္းေဆာင္မႈတႊနဲ႔ တျခားသူမ်ားကိုလႈံ႕ ေဆာ္ေပးပါတယ္။ ေခါင္းေဆာင္မ်ဳကလည္း ပေရာဂ်က္စီမံခန႔္ခြဲေတြမွာအေရးႀကီးပါတယ္။

အဖြဲအစည္းဆိုင္ရာစြမ္းရည္

မန္ေနဂ်ာတစ္ေယာက္ျဖစ္ဖို႔က စိန္ေခၚမႈတစ္ခုပါပဲ။ မန္ေနဂ်ာမ်ားကမတူညီတဲ့အခ်ိန္ဇယားမ်ားနဲ႔ သတ္မွတ္ရက္မ်ားနဲ႔ ပေရာဂ်က္မ်ားကို ႀကီးၾကပ္ၾကပါတယ္။ဒါေၾကာင့္အဖြဲ႕အစည္းဆိုင္ရာကြၽမ္းက်င္မႈမ်ားရွိတာက မန္ေနဂ်ာမ်ားအတြက္စြမ္းေဆာင္ရည္ျပည့္ဝေစၿပီး သတ္ မွတ္ရက္အတြင္း အလုပ္ေတြၿပီးေျမာက္ဖို႔အတြက္ကူညီေပးႏိုင္ပါတယ္။

အစီအစဥ္ဆြဲတာ

စီမံခန႔္ခြဲမႈ အခန္းက႑အတြက္ အေရးပါတဲ့ တာဝန္တစ္ခုကေတာ့ ရည္မွန္းခ်က္မ်ား ျပည့္မီဖို႔ျဖစ္ပါတယ္။ မန္ေနဂ်ာမ်ားက ရည္မွန္းခ်က္စီမံမႈလုပ္ငန္းစဥ္ တစိတ္တပိုင္းျဖစ္ၾကပါတယ္။ဒီရည္မွန္းခ်က္ေတြျပည့္မီဖို႔ အစီအစဥ္ေရးဆြဲရမွာျဖစ္ပါတယ္။ ဒီအပိုင္းမွာလိုက္ေလ်ာညီေထြျဖစ္ေစဖို႔ အေထာက္အကူျဖစ္ေစတဲ့ ကြၽမ္းက်င္မႈတခုျဖစ္ပါတယ္။ ။

ရွင္းလင္းတဲ့ ဆက္သြယ္ေရး

အေတြးအျမင္မ်ား၊ အစီအစဥ္မ်ား၊ တုံ႔ျပန္ခ်က္မ်ားနဲ႔ ဗ်ဴဟာမ်ားကို ရွင္းရွင္းလင္းလင္းျဖစ္ဖို႔အေရးႀကီးပါတယ္။ သင့္ဝန္ထမ္းမ်ားက သူတို႔ဆီကေန ေမွ်ာ္လင့္ထားတဲ့အရာနဲ႔အလုံးစုံရည္းမွန္းခ်က္မ်ားအတြက္ သိရွိထားတဲ့အခါမွာ ပိုမိုလြယ္ကူအဆင္ေျပေစႏိုင္ပါတယ္။

တာဝန္ခံမႈနဲ႔ တာဝန္ယူမႈ

တိုက္႐ိုက္အစီရင္ခံခ်က္မ်ားနဲ႔ ပံ့ပိုးကူညီသူ တစ္ဦးခ်င္းစီက သူတို႔အလုပ္အတြက္တာဝန္ယူရသသလို မန္ေနဂ်ာမ်ားကလည္း တာဝန္ယူရပါတယ္။ လုပ္ငန္းခြင္မွာတဦးနဲ႔တဦးယုံၾကည္မႈနဲ႔ သမာဓိတည္ေဆာက္ျခင္းမွာ ဒီအခ်က္က မရွိမျဖစ္လိုအပ္ပါတယ္။

အခ်ိန္စီမံခန႔္ခြဲမႈ

မန္ေနဂ်ာေကာင္းမ်ားနဲ႔ ေခါင္းေဆာင္ေကာင္းမ်ားက သူတို႔အခ်ိန္နဲ႔စြမ္းအင္ကို ထိေရာက္စြာစီမံခန႔္ခြဲႏိုင္ၾကပါတယ္။

ပူးေပါင္းေဆာင္႐ြက္တာ

အသင္းအဖြဲ႕နဲ႔ ပူးေပါင္းေဆာင္႐ြက္ျခင္းက အဖြဲ႕အစည္းမ်ားစြာရဲ႕ ေက်ာ႐ိုးျဖစ္ပါတယ္။ပူးေပါင္းလုပ္ေဆာင္တဲ့ အလုပ္ပတ္ဝန္းက်င္ကို အ ဆင္ေျပေခ်ာေမြ႕ေစရန္နဲ႔ ခိုင္မာတဲ့ပူးေပါင္းေဆာင္႐ြက္သူမ်ားျဖစ္ဖို႔အတြက္ ေခါင္းေဆာင္မ်ားရဲ႕တာဝန္ျဖစ္ပါတယ္။

တက္ႂကြစြာ နားေထာင္တာ

သင္ရဲ႕ေျပာဆိုဆက္ဆံေရးစြမ္းရည္နဲ႔ အျခားသူမ်ားအေပၚ စာနာနားလည္မႈပိုမိုေကာင္းမြန္လာေစရန္ တက္ႂကြစြာ နားေထာင္သူျဖစ္ဖို႔လိုပါတယ္။ နားလည္ဖို႔အရင္နားေထာင္တတ္ရပါမယ္။ တက္ႂကြစြာနားေထာင္တာက စာနာမႈကိုဖန္တီးေပးပါတယ္။

ျပႆနာေျဖရွင္းတာ

ေခါင္းေဆာင္မႈ အခန္းက႑မွာ ပါဝင္သူ အမ်ားစုကျပႆနာေျဖရွင္းတာကိုမျဖစ္မေနလုပ္ကိုင္ရမွာပဲျဖစ္ပါတယ္။ ျပႆနာတခုကို လိမၼာပါးနပ္စြာနဲ႔ဘယ္လိုကိုင္တြယ္မလဲဆိုတာက ေခါင္းေဆာင္မႈအရည္အခ်င္းတရပ္ပါပဲ။ဒီအခ်က္ေတြအားလုံးက အေျခခံစီမံခန႔္ခြဲမႈအတြက္ စြမ္းရည္ေတြပဲျဖစ္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*