ကိုယ်ကအကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားမှာနေထိုင်ဖို့ ဆုံးဖြတ်ပြီးအလုပ်လုပ်ကိုင်တခုကိုလည်း လုပ်ဖြစ်တယ်ဆိုပါတော့။ တကယ်တော့နိုင်ငံရပ်ခြားမှာ ပြောင်းရွေ့နေထိုင်ခြင်းအတွက် နောက်ကွယ်ကဖြစ်ရပ်တွေကတော့ တခါတလေမှာ ခါးသီးနေနိုင်ပါတယ်။သူငယ် ချင်းတွေကတော့ နိုင်ငံခြားရောက်နေတဲ့ သူဆိုပြီးအရာရာအဆင်ပြေနေပြီလို့ ယူဆနေနိုင်ပါတယ်။ ဒါပေမဲ့ ဒီဘက်မှာလိုက်လျောညီထွေဖြစ်အောင် ရုန်းကန်နေရတာကို အပေါ်ယံကြည့်ရင်မတွေ့နိုင်ပါဘူး။ အခုပြောပြမယ့်အချက်တွေကတော့ နိုင်ငံခြားမှာနေပြီးအလုပ်လုပ်တဲ့သူတွေ ကြုံတွေ့ရတဲ့ ဖြစ်ရပ်မှန်အခြေအနေတွေပါပဲ။
၁။ အိမ်လွမ်းနာ
အိမ်နဲ့ဝေးရာမှာ နေထိုင်တာရဲ့ အခက်ခဲဆုံးအစိတ်အပိုင်းကတော့အိမ်လွမ်းနာပါပဲ။ တနေ့တာရှင်သန်ရပ်တည်ရေးတွေ၊ပေါင်းသင်းဆက် ဆံရေးတွေအပြင်ကိုယ့်စိတ်ကိုဖိစီးလာနိုင်တဲ့အချက်တခုကတော့ အိမ်လွမ်းနာပါပဲ။ အိမ်ကမိသားစု၊ချစ်ခင်ရသူတွေကိုလွမ်းတာ၊ အစား အသောက်တွေကိုလွမ်းတာ၊သူငယ်ချင်းတွေကိုလွမ်းတာ။ ဒါတွေအားလုံးက စစရောက်ခြင်း တနှစ်အတွင်းမှာပြင်းပြင်းထန်ထန်ကြုံရနိုင်တဲ့ အချက်တခုဖြစ်ပါတယ်။ တခုရှိတာကအဲဒီလိုလွမ်းတာကလည်း လွမ်းလို့ရပါတယ်။ ဒါပေမဲ့ အခြေအနေပေးတုန်းကကိုယ့်ဘက်က အစွမ်းကုန်ကြိုးစားပြီး တနေ့မှာတော့ အိမ်ကိုပြန်မယ်ဆိုတာမျိုးပန်းတိုင်ချမှတ်ထားသင့်ပါတယ်။ အိမ်ကတော့ သင့်ကိုအချိန်မရွေးကြိုဆိုနေမှာပါ။အခုအချိန်မှာတော့ သင့်ဘက်က စွန့်စားပြီး ရနိုင်တဲ့အခွင့်အရေးတွေကိုအရယူလိုက်ပါ။
၂။ ပြောပြရန် ပုံပြင်အသစ်များရှိလာတာ
နိုင်ငံရပ်ခြားမှာ သင်တွေ့ကြုံခံစားခဲ့ရတဲ့ ဇာတ်လမ်းများက သင့်အတွက်ပြောမဆုံးနိုင်တဲ့ ဇာတ်လမ်းတွေဖြစ်လာပါလိမ့်မယ်။ အထူးသ ဖြင့်နိုင်ငံတကာကုမ္ပဏီတွေမှာပဲလုပ်လုပ်၊ နိုင်ငံခြားစက်ရုံအလုပ်ရုံမှာပဲလုပ်လုပ်သင့်ရဲ့တနေတာ အလုပ်ထဲကစွန့်စားခန်းတွေကစိတ်ဝင် စားစရာကောင်းနေပါလိမ့်မယ်။ ဒီဇာတ်လမ်းတွေအကြောင်းကိုကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်အဟောင်းတွေကို ပြောပြပြီး ရင်ဖွင့်နိုင်ပါတယ်။
တခါတရံအလုပ်ထဲက အလွဲတွေကလည်း ဖြစ်ပျက်နေချိန်မှာသာစိတ်ညစ်စရာကောင်းပေမဲ့ အချိန်ကြာလာတဲ့အခါမှာဟာသတခုလိုဖြစ်သွားတတ်ပါသေးတယ်။
၃။ မိတ်ဆွေဟောင်းတွေကို ချန်ထားခဲ့ရပြီး မိတ်ဆွေသစ်တွေနဲ့ တွေ့ဆုံရတာ
ဒါကလည်း ခါးသီးတဲ့အမှန်တရားတခုပါပဲ။ ရေမြေခြားမှာ မိတ်ဆွေသစ်တွေနဲ့ထပ်ဆုံရပြီး မိတ်ဆွေဟောင်းတွေနဲ့ ဝေးကွာသွားတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ကျောင်းတက်တာပဲဖြစ်ဖြစ်၊ အလုပ်လုပ်တာပဲဖြစ်ဖြစ် သူငယ်ချင်းအသစ်တွေ၊လုပ်ဖော်ကိုင်ဖက်အသစ်တွေနဲ့တွေ့ကြုံလာရမှာပါပဲ။ဒါကလက်ရှိအမှန်တရားဖြစ်လို့ လက်ခံနိုင်ဖို့ကြိုးစားရပါမယ်။ နိုင်ငံရပ်ခြားမှာဘဝကိုစတင်တဲ့အခါမှာ ဒီအချက်ကလည်း လက်ခံထားရမယ့်ခါးသီးတဲ့အမှန်တရားတခုပါပဲ။
၄။ ဘာသာစကား
သင်ကအင်္ဂလိပ်စကားပြောနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်တာမဟုတ်ဘူးဆိုရင်တော့သင်က ဒေသခံများနဲ့ဆက်သွယ်ပြောဆိုတဲ့အခါ ဘာသာ စကားအသစ်တခုကိုခပ်မြန်မြန်သင်ယူရမှာပဲဖြစ်ပါတယ်။ အလုပ်ထဲမှာပဲဖြစ်ဖြစ်၊ဈေးဝယ်တဲ့အခါမှာပဲဖြစ်ဖြစ် ဘာသာစကားစွမ်းရည်က
သင့်ဘဝရပ်တည်ရေးအတွက် မရှိမဖြစ်လိုအပ်ပါတယ်။နိုင်ငံရပ်ခြားကိုပြောင်းရွေ့အခြေချမယ်ဆိုရင် ဘာသာစကားကလည်းထည့်တွက်သင့်တဲ့ အရေးကြီးတဲ့အချက်တခုဖြစ်နေပါတယ်။
၅။ အသစ်တွေ့ရှိတဲ့ လွတ်လပ်မှု
နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ခြင်း သို့မဟုတ် နေထိုင်ခြင်းက သင့်ကိုလွတ်လပ်မှုအသစ်တစ်ခုကို တွေ့ကြုံခံစားနိုင်စေရန် ကူညီပေးပါတယ်။သင်နှစ်သက်သလို လိုက်လုပ်နိုင်သည့် ခံစားချက်၊ နေရာအသစ်များကိုစူးစမ်းလေ့လာရန်နဲ့ ရွေးချယ်မှုအသစ်များပြုလုပ်ရန် လွယ် ကူလွန်းပါတယ်။နိုင်ငံရပ်ခြားမှာရှိနေတာက သင့်အပေါ် တခြားသူတွေဘယ်လိုထင်မြင်နေလဲဆိုတာကို စိတ်ပူစရာမလိုဘဲသင်ဖြစ်ချင်တဲ့သူတစ်ယောက်ဖြစ်အောင် ကူညီပေးပါလိမ့်မယ်။ အဲဒါကသင်ကိုယ်တိုင်တွေ့ကြုံလာရတဲ့အခါမှသာ သိနိုင်မယ့် အံ့သြစရာကောင်းတဲ့
ခံစားချက်တစ်ခုပါပဲ။
၆။ တကိုယ်ရည်တိုးတက်မှုနဲ့ အတတ်ပညာတိုးတက်မှု
အိမ်နဲ့မိုင်ပေါင်းများစွာဝေးတဲ့အရပ်မှာနေရတာက ရင့်ကျက်မှုနဲ့အမှီအခိုကင်းမှုကိုဖြစ်စေနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်အားကိုးဖို့ကလွဲလို့
ဘယ်သူ့ကိုမှလည်း အားကိုးဖို့မဖြစ်နိုင်တာကြောင့်အရင်ကထက်ပိုမိုရင့်ကျက်လာနိုင်ပါတယ်။ အခက်အခဲတွေကြုံတွေလာရတဲ့အခါ၊စိန် ခေါ်မှုတွေကြုံလာရတဲ့အခါမျိုးမှာ ကိုယ့်ရဲ့ဉာဏ်ပညာနဲ့ရင့်ကျက်မှုတို့ကိုအသုံးချပြီး ဖြေရှင်းရတာကြောင့် ခပ်မြန်မြန်ပဲအသိပညာတိုး တက်မှုတွေက ကိုယ့်ရဲ့မွေးရပ်မြေနဲ့မတူဘဲပိုမိုတိုးတက်လာနိုင်ပါတယ်။
ဒါ့အပြင်ကိုယ့်ရဲ့ပရော်ဖက်ရှင်နယ်အသက်မွေးဝမ်းကျောင်းကို မြှင့်တင်တာကကော်ပိုရိတ်လုပ်ငန်းအဆင့်တိုးတက်နိုင်အောင်အထောက် အကူဖြစ်စေပါလိမ့်မယ်။နိုင်ငံရပ်ခြားမှာနေတဲ့အခါ သင်ထင်ထားသလောက်မခက်ခဲသလို၊သင်ထင်ထားသလိုလည်း မလွယ်ကူပါဘူး။ သင့်မှာရွေးချယ်စရာနှစ်ခုရှိပါတယ်။တိုက်မလား၊ ရှောင်ပြေးမလားနဲ့ ရေကူးမလား၊ ရေနစ်ခံမလားပဲဖြစ်ပါတယ်။
MYit
zawgyi
ကိုယ္ကအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ႏိုင္ငံျခားမွာေနထိုင္ဖို႔ ဆုံးျဖတ္ၿပီးအလုပ္လုပ္ကိုင္တခုကိုလည္း လုပ္ျဖစ္တယ္ဆိုပါေတာ့။ တကယ္ေတာ့ႏိုင္ငံရပ္ျခားမွာ ေျပာင္းေ႐ြ႕ေနထိုင္ျခင္းအတြက္ ေနာက္ကြယ္ကျဖစ္ရပ္ေတြကေတာ့ တခါတေလမွာ ခါးသီးေနႏိုင္ပါတယ္။သူငယ္ ခ်င္းေတြကေတာ့ ႏိုင္ငံျခားေရာက္ေနတဲ့ သူဆိုၿပီးအရာရာအဆင္ေျပေနၿပီလို႔ ယူဆေနႏိုင္ပါတယ္။ ဒါေပမဲ့ ဒီဘက္မွာလိုက္ေလ်ာညီေထြျဖစ္ေအာင္ ႐ုန္းကန္ေနရတာကို အေပၚယံၾကည့္ရင္မေတြ႕ႏိုင္ပါဘူး။ အခုေျပာျပမယ့္အခ်က္ေတြကေတာ့ ႏိုင္ငံျခားမွာေနၿပီးအလုပ္လုပ္တဲ့သူေတြ ႀကဳံေတြ႕ရတဲ့ ျဖစ္ရပ္မွန္အေျခအေနေတြပါပဲ။
၁။ အိမ္လြမ္းနာ
အိမ္နဲ႔ေဝးရာမွာ ေနထိုင္တာရဲ႕ အခက္ခဲဆုံးအစိတ္အပိုင္းကေတာ့အိမ္လြမ္းနာပါပဲ။ တေန႔တာရွင္သန္ရပ္တည္ေရးေတြ၊ေပါင္းသင္းဆက္ ဆံေရးေတြအျပင္ကိုယ့္စိတ္ကိုဖိစီးလာႏိုင္တဲ့အခ်က္တခုကေတာ့ အိမ္လြမ္းနာပါပဲ။ အိမ္ကမိသားစု၊ခ်စ္ခင္ရသူေတြကိုလြမ္းတာ၊ အစား အေသာက္ေတြကိုလြမ္းတာ၊သူငယ္ခ်င္းေတြကိုလြမ္းတာ။ ဒါေတြအားလုံးက စစေရာက္ျခင္း တႏွစ္အတြင္းမွာျပင္းျပင္းထန္ထန္ႀကဳံရႏိုင္တဲ့ အခ်က္တခုျဖစ္ပါတယ္။ တခုရွိတာကအဲဒီလိုလြမ္းတာကလည္း လြမ္းလို႔ရပါတယ္။ ဒါေပမဲ့ အေျခအေနေပးတုန္းကကိုယ့္ဘက္က အစြမ္းကုန္ႀကိဳးစားၿပီး တေန႔မွာေတာ့ အိမ္ကိုျပန္မယ္ဆိုတာမ်ိဳးပန္းတိုင္ခ်မွတ္ထားသင့္ပါတယ္။ အိမ္ကေတာ့ သင့္ကိုအခ်ိန္မေ႐ြးႀကိဳဆိုေနမွာပါ။အခုအခ်ိန္မွာေတာ့ သင့္ဘက္က စြန႔္စားၿပီး ရႏိုင္တဲ့အခြင့္အေရးေတြကိုအရယူလိုက္ပါ။
၂။ ေျပာျပရန္ ပုံျပင္အသစ္မ်ားရွိလာတာ
ႏိုင္ငံရပ္ျခားမွာ သင္ေတြ႕ႀကဳံခံစားခဲ့ရတဲ့ ဇာတ္လမ္းမ်ားက သင့္အတြက္ေျပာမဆုံးႏိုင္တဲ့ ဇာတ္လမ္းေတြျဖစ္လာပါလိမ့္မယ္။ အထူးသ ျဖင့္ႏိုင္ငံတကာကုမၸဏီေတြမွာပဲလုပ္လုပ္၊ ႏိုင္ငံျခားစက္႐ုံအလုပ္႐ုံမွာပဲလုပ္လုပ္သင့္ရဲ႕တေနတာ အလုပ္ထဲကစြန႔္စားခန္းေတြကစိတ္ဝင္ စားစရာေကာင္းေနပါလိမ့္မယ္။ ဒီဇာတ္လမ္းေတြအေၾကာင္းကိုကိုယ့္ရဲ႕လုပ္ေဖာ္ကိုင္ဖက္အေဟာင္းေတြကို ေျပာျပၿပီး ရင္ဖြင့္ႏိုင္ပါတယ္။
တခါတရံအလုပ္ထဲက အလြဲေတြကလည္း ျဖစ္ပ်က္ေနခ်ိန္မွာသာစိတ္ညစ္စရာေကာင္းေပမဲ့ အခ်ိန္ၾကာလာတဲ့အခါမွာဟာသတခုလိုျဖစ္သြားတတ္ပါေသးတယ္။
၃။ မိတ္ေဆြေဟာင္းေတြကို ခ်န္ထားခဲ့ရၿပီး မိတ္ေဆြသစ္ေတြနဲ႔ ေတြ႕ဆုံရတာ
ဒါကလည္း ခါးသီးတဲ့အမွန္တရားတခုပါပဲ။ ေရေျမျခားမွာ မိတ္ေဆြသစ္ေတြနဲ႔ထပ္ဆုံရၿပီး မိတ္ေဆြေဟာင္းေတြနဲ႔ ေဝးကြာသြားတတ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ေက်ာင္းတက္တာပဲျဖစ္ျဖစ္၊ အလုပ္လုပ္တာပဲျဖစ္ျဖစ္ သူငယ္ခ်င္းအသစ္ေတြ၊လုပ္ေဖာ္ကိုင္ဖက္အသစ္ေတြနဲ႔ေတြ႕ႀကဳံလာရမွာပါပဲ။ဒါကလက္ရွိအမွန္တရားျဖစ္လို႔ လက္ခံႏိုင္ဖို႔ႀကိဳးစားရပါမယ္။ ႏိုင္ငံရပ္ျခားမွာဘဝကိုစတင္တဲ့အခါမွာ ဒီအခ်က္ကလည္း လက္ခံထားရမယ့္ခါးသီးတဲ့အမွန္တရားတခုပါပဲ။
၄။ ဘာသာစကား
သင္ကအဂၤလိပ္စကားေျပာႏိုင္ငံသို႔ ေျပာင္းေ႐ႊ႕ေနထိုင္တာမဟုတ္ဘူးဆိုရင္ေတာ့သင္က ေဒသခံမ်ားနဲ႔ဆက္သြယ္ေျပာဆိုတဲ့အခါ ဘာသာ စကားအသစ္တခုကိုခပ္ျမန္ျမန္သင္ယူရမွာပဲျဖစ္ပါတယ္။ အလုပ္ထဲမွာပဲျဖစ္ျဖစ္၊ေဈးဝယ္တဲ့အခါမွာပဲျဖစ္ျဖစ္ ဘာသာစကားစြမ္းရည္က
သင့္ဘဝရပ္တည္ေရးအတြက္ မရွိမျဖစ္လိုအပ္ပါတယ္။ႏိုင္ငံရပ္ျခားကိုေျပာင္းေ႐ြ႕အေျခခ်မယ္ဆိုရင္ ဘာသာစကားကလည္းထည့္တြက္သင့္တဲ့ အေရးႀကီးတဲ့အခ်က္တခုျဖစ္ေနပါတယ္။
၅။ အသစ္ေတြ႕ရွိတဲ့ လြတ္လပ္မႈ
ႏိုင္ငံရပ္ျခားမွာ အလုပ္လုပ္ျခင္း သို႔မဟုတ္ ေနထိုင္ျခင္းက သင့္ကိုလြတ္လပ္မႈအသစ္တစ္ခုကို ေတြ႕ႀကဳံခံစားႏိုင္ေစရန္ ကူညီေပးပါတယ္။သင္ႏွစ္သက္သလို လိုက္လုပ္ႏိုင္သည့္ ခံစားခ်က္၊ ေနရာအသစ္မ်ားကိုစူးစမ္းေလ့လာရန္နဲ႔ ေ႐ြးခ်ယ္မႈအသစ္မ်ားျပဳလုပ္ရန္ လြယ္ ကူလြန္းပါတယ္။ႏိုင္ငံရပ္ျခားမွာရွိေနတာက သင့္အေပၚ တျခားသူေတြဘယ္လိုထင္ျမင္ေနလဲဆိုတာကို စိတ္ပူစရာမလိုဘဲသင္ျဖစ္ခ်င္တဲ့သူတစ္ေယာက္ျဖစ္ေအာင္ ကူညီေပးပါလိမ့္မယ္။ အဲဒါကသင္ကိုယ္တိုင္ေတြ႕ႀကဳံလာရတဲ့အခါမွသာ သိႏိုင္မယ့္ အံ့ၾသစရာေကာင္းတဲ့
ခံစားခ်က္တစ္ခုပါပဲ။
၆။ တကိုယ္ရည္တိုးတက္မႈနဲ႔ အတတ္ပညာတိုးတက္မႈ
အိမ္နဲ႔မိုင္ေပါင္းမ်ားစြာေဝးတဲ့အရပ္မွာေနရတာက ရင့္က်က္မႈနဲ႔အမွီအခိုကင္းမႈကိုျဖစ္ေစႏိုင္ပါတယ္။ ကိုယ့္ကိုယ္ကိုယ္အားကိုးဖို႔ကလြဲလို႔
ဘယ္သူ႔ကိုမွလည္း အားကိုးဖို႔မျဖစ္ႏိုင္တာေၾကာင့္အရင္ကထက္ပိုမိုရင့္က်က္လာႏိုင္ပါတယ္။ အခက္အခဲေတြႀကဳံေတြလာရတဲ့အခါ၊စိန္ ေခၚမႈေတြႀကဳံလာရတဲ့အခါမ်ိဳးမွာ ကိုယ့္ရဲ႕ဉာဏ္ပညာနဲ႔ရင့္က်က္မႈတို႔ကိုအသုံးခ်ၿပီး ေျဖရွင္းရတာေၾကာင့္ ခပ္ျမန္ျမန္ပဲအသိပညာတိုး တက္မႈေတြက ကိုယ့္ရဲ႕ေမြးရပ္ေျမနဲ႔မတူဘဲပိုမိုတိုးတက္လာႏိုင္ပါတယ္။
ဒါ့အျပင္ကိုယ့္ရဲ႕ပေရာ္ဖက္ရွင္နယ္အသက္ေမြးဝမ္းေက်ာင္းကို ျမႇင့္တင္တာကေကာ္ပိုရိတ္လုပ္ငန္းအဆင့္တိုးတက္ႏိုင္ေအာင္အေထာက္ အကူျဖစ္ေစပါလိမ့္မယ္။ႏိုင္ငံရပ္ျခားမွာေနတဲ့အခါ သင္ထင္ထားသေလာက္မခက္ခဲသလို၊သင္ထင္ထားသလိုလည္း မလြယ္ကူပါဘူး။ သင့္မွာေ႐ြးခ်ယ္စရာႏွစ္ခုရွိပါတယ္။တိုက္မလား၊ ေရွာင္ေျပးမလားနဲ႔ ေရကူးမလား၊ ေရနစ္ခံမလားပဲျဖစ္ပါတယ္။
MYit
Leave a Reply