Lorde ရဲ့သီချင်းတွေကြောင့်ဒီလမ်းကြောင်းပေါ်ရောက်လာတာပါလို့ပြောတဲ့ Olivia Rodrigo

သူမအသက် ၁၃ နှစ်အရွယ် ဖုန်းကိုင်ခွင့်ရရချင်းမှာပဲ ပထမဆုံးသူလုပ်တာက Lorde ရဲ့ Pure Heroine အယ်လ်ဘမ်ကို Download လုပ်တာပါလို့ Olivia Rodrigo ကမကြာသေးခင်ကအင်တာဗျူးမှာပြောခဲ့ပါတယ်။သူမဟာ The Hollywood Reporter နဲ့အင်တာဗျူးမှာ Lorde ရဲ့သီချင်းတွေက သူမအပေါ်လွှမ်းမိုးခဲ့ပုံနဲ့ဒီလိုအဆိုတော်ဖြစ်လာမယ့်လမ်းကြောင်းကိုရွေးချယ်ဖြစ်စေခဲ့တဲ့အကြောင်းတွေကိုဖွင့်ဟခဲ့တာဖြစ်ပါတယ်။

“Lorde ရဲ့ Royals ကိုနားထောင်ပြီးချိန်မှာ ကျွန်မသီချင်းတွေရေးချင်စိတ်၊ဆိုချင်စိတ်ကပိုခိုင်မာလာတယ်။ Pure Heroine အယ်လ်ဘမ်ကိုကျွန်မအရမ်းကြိုက်တယ်။အဲဒီထဲကသီချင်းတွေက ကျွန်မအသွေးအသားထဲမှာစီးဝင်နေသလိုပါပဲ။ သူ့ကိုလည်းခုထိ inspire ဖြစ်တုန်းပဲ။ Royals သီချင်းကို ရေဒီယိုကနေပထမဆုံးကြားရတုန်းက Oh My God! What is this? ဆိုပြီးတမိသွားခဲ့တာ” လို့ သူမရဲ့ အတိတ်ကအမှတ်တရတွေကို ပြန်ပြောပြခဲ့တာဖြစ်ပါတယ်။တေးအယ်လ်ဘမ်နှစ်ခုထွက်ရှိထားတဲ့ Olivia Rodrigo ဟာ လက်ရှိမှာ ဂရမ်မီဆု ၃ ဆု၊ Billboard Music Awards 7 ဆု၊ MTV Awards 4 ဆု၊ People Choice Awards 2 ဆုအပြင် Brit ၊ Juno ၊ I Heart radio ၊
American Music Award စတဲ့ဆုတွေကိုလည်း ပိုင်ဆိုင်ထားနိုင်ပြီဖြစ်ပါတယ်။

Ju Ju

zawgyi

သူမအသက္ ၁၃ ႏွစ္အ႐ြယ္ ဖုန္းကိုင္ခြင့္ရရခ်င္းမွာပဲ ပထမဆုံးသူလုပ္တာက Lorde ရဲ႕ Pure Heroine အယ္လ္ဘမ္ကို Download လုပ္တာပါလို႔ Olivia Rodrigo ကမၾကာေသးခင္ကအင္တာဗ်ဴးမွာေျပာခဲ့ပါတယ္။သူမဟာ The Hollywood Reporter နဲ႔အင္တာဗ်ဴးမွာ Lorde ရဲ႕သီခ်င္းေတြက သူမအေပၚလႊမ္းမိုးခဲ့ပုံနဲ႔ဒီလိုအဆိုေတာ္ျဖစ္လာမယ့္လမ္းေၾကာင္းကိုေ႐ြးခ်ယ္ျဖစ္ေစခဲ့တဲ့အေၾကာင္းေတြကိုဖြင့္ဟခဲ့တာျဖစ္ပါတယ္။

“Lorde ရဲ႕ Royals ကိုနားေထာင္ၿပီးခ်ိန္မွာ ကြၽန္မသီခ်င္းေတြေရးခ်င္စိတ္၊ဆိုခ်င္စိတ္ကပိုခိုင္မာလာတယ္။ Pure Heroine အယ္လ္ဘမ္ကိုကြၽန္မအရမ္းႀကိဳက္တယ္။အဲဒီထဲကသီခ်င္းေတြက ကြၽန္မအေသြးအသားထဲမွာစီးဝင္ေနသလိုပါပဲ။ သူ႔ကိုလည္းခုထိ inspire ျဖစ္တုန္းပဲ။ Royals သီခ်င္းကို ေရဒီယိုကေနပထမဆုံးၾကားရတုန္းက Oh My God! What is this? ဆိုၿပီးတမိသြားခဲ့တာ” လို႔ သူမရဲ႕ အတိတ္ကအမွတ္တရေတြကို ျပန္ေျပာျပခဲ့တာျဖစ္ပါတယ္။ေတးအယ္လ္ဘမ္ႏွစ္ခုထြက္ရွိထားတဲ့ Olivia Rodrigo ဟာ လက္ရွိမွာ ဂရမ္မီဆု ၃ ဆု၊ Billboard Music Awards 7 ဆု၊ MTV Awards 4 ဆု၊ People Choice Awards 2 ဆုအျပင္ Brit ၊ Juno ၊ I Heart radio ၊
American Music Award စတဲ့ဆုေတြကိုလည္း ပိုင္ဆိုင္ထားႏိုင္ၿပီျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*