ကျွမ်းကျင်မှုကွာဟချက် ခွဲခြမ်းစိတ်ဖြာမှုဆိုတာဘာလဲ

အဖွဲ့အစည်းတစ်ခုရဲ့ အောင်မြင်မှုသော့ချက်က အဲ့ဒီအဖွဲ့အစည်းရဲ့လူများဖြစ်ပါတယ်။အဖွဲ့သားတိုင်းက စိန်ခေါ်မှုများကို ကျော်လွှားရန်နဲ့ ကုမ္ပဏီတခုကိုသူ့ရဲ့ရည်မှန်းချက်များနဲ့ပန်းတိုင်းများဆီကို တွန့်ပို့နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့အလားအလာနဲ့တန်ဖိုးတွေအတွက် သော့ဖွင့်ဖို့က အမြဲတမ်းမလွယ်ကူပါဘူး။မတူညီတဲ့ ကျွမ်းကျင်မှုမျိုးစုံနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ကိုယ်စားလှယ်လောင်းများကိုရွေးချယ်ရပါမယ်။ တခါတလေမှာ သူတို့ထံကနေ သင်လိုအပ်တဲ့ အရည်အချင်းများပျောက်ဆုံးနေတာကို သင်သတိပြုမိနိုင်ပါတယ်။ကျွမ်းကျင်မှုကွာဟာချက် ခွဲခြားစိတ်ဖြာမှုဆိုတာဘာလဲဆိုတာ ဒီနေရာမှာမျှဝေပေးသွားချင်ပါတယ်။

တွေးခေါ်မြော်မြင်နိုင်တဲ့ ကျွမ်းကျင်မှုကွာဟချက် ခွဲခြမ်းစိတ်ဖြာမှုတစ်ခုက ပိုမိုကြီးမားတဲ့လုပ်ငန်းရည်မှန်းချက်များရောက်ရှိရန် သင်လိုအပ်တဲ့ အရည်အချင်းများနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့သင့်လက်ရှိလုပ်သားအင်အားရဲ့ Hard Skills နဲ့ Soft Skills များကိုခွဲခြားသတ်မှတ်တာပဲဖြစ်ပါတယ်။ဒီအချက်က ဂရုတစိုက်ပန်းတိုင်သတ်မှတ်ခြင်းနဲ့ ဘုတ်အဖွဲ့ဝင်အားလုံးလိုအပ်တဲ့ရှုပ်ထွေးတဲ့လုပ်ငန်းစဉ်တခုဖြစ်ပေမဲ့ ရလဒ်များက ပြေလည်သွားမှာဖြစ်ပါတယ်။ကျွမ်းကျင်မှုကွာဟချက် ခွဲခြမ်းစိတ်ဖြာမှုက ဝန်ထမ်းများရဲ့ လက်ရှိကျွမ်းကျင်မှုနဲ့လုပ်ငန်းရည်မှန်းချက်များရောက်ရန် လိုအပ်တဲ့ အခြားခြားနားချက်များကို ခွဲခြားသတ်မှတ်တဲ့အကဲဖြတ်တဲ့နည်းလမ်းတခုဖြစ်ပါတယ်။

ဒီအချက်က တဦးချင်းနဲ့ အဖွဲ့များ ဒါမှမဟုတ် အဖွဲ့အစည်းတခုလုံးကို ကျွမ်းကျင်လေ့ကျင့်မှုနဲ့ကျွမ်းကျင်မြှင့်တင်မှုကို ဘယ်လိုတိုးတက်နိုင်မလဲဆိုတာကို ညွှန်ပြတဲ့ကိရိယာတခုလည်းဖြစ်ပါတယ်။ မန်နေဂျာတဦးအနေနဲ့ သင့်အဖွဲ့သားတွေရဲ့တဦးချင်းစွမ်းရည်အလိုက် အ လုပ်များနဲ့ ပရောဂျက်များကို စုစည်းနိုင်စေဖို့ရည်ရွယ်ပါတယ်။ကျွမ်းကျင်မှုကွာဟချက် ခွဲခြမ်းစိတ်ဖြာမှုက သင့်အဖွဲ့ရဲ့အားသာချက်အားနည်းချက်များအကြောင်း အချက်အလက်များကိုပေးနိုင်ပါလိမ့်တယ်။ကျွမ်းကျင်မှုကွာဟချက် အကဲဖြတ်မှုကသင်ယူမှုလမ်းကြောင်း ကို လှုံ့ဆော်ပေးတဲ့သံလိုက်အိမ်မြှောင်လိုဖြစ်ပြီး ရေရှည်မဟာဗျူဟာရေးဆွဲမှုကို လမ်းညွှန်ပေးပါတယ်။အရောင်းကိုယ်စားလှယ်တစ်ဦးအနေနဲ့ သူတို့ရဲ့ညှိနှိုင်းရေးနည်းပညာများကို လုပ်ဆောင်ရန်လိုအပ်တာ ဒါမှမဟုတ် ဆေးပညာရှင်တဦးအနေနဲ့ ဒေတာစုဆောင်းတာနဲ့
ခွဲခြမ်းစိတ်ဖြာမှုနည်းပညာအသစ်ကို လုံးဝလေ့လာသင့်ပါတယ်။ အရည်အချင်းကွာဟမှုကိုခွဲခြမ်းစိတ်ဖြာရန် သီးခြားအချိန်မရှိပါဘူး။ သင့်အဖွဲ့အနေနဲ့ ပိုမိုကောင်းမွန်တဲ့ရလဒ်များရရှိဖို့သူတို့ရဲ့အရည်အချင်းများကို အမြဲတမ်းချိန်ညှိနိုင်ပါတယ်။ ကျွမ်းကျင်မှုကွာဟမှု အကဲ ဖြတ်ချက်များကို တသမတ်တည်းလုပ်ဆောင်တာကသင့်အဖွဲ့အစည်းအတွက် အပြောင်းအလဲအဆင့်ဆင့်ကို နားလည်ဖို့အတွက်ဖြတ်ကျော်နိုင်မယ့်အရာတခုဖြစ်ပါတယ်။

MYit

zawgyi




MYit

Be the first to comment

Leave a Reply

Your email address will not be published.


*