Employee retention ဆိုတာ ဘာလဲ

Employee retention ဆိုတာအဖွဲ့အစည်းတခု၊ ကုမ္ပဏီတခုက လူများကို ထိန်းထားနိုင်ပြီးအလုပ်ထွက်နှုန်းကို လျှော့ချနိုင်မှုကိုဆိုလိုပါတယ်။ အလုပ်ရှင်တွေက ဒီနည်းလမ်းများနဲ့ဝန်ထမ်းများကို အလုပ်ထွက်နှုန်းလျှော့ကျအောင် ထိန်းသိမ်းထားနိုင်ပါတယ်။အကျိုးခံစားခွင့်များပေးတာ၊ အပြုသဘောဆောင်တဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှုကိုဖန်တီးပေးတာ၊လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ပေးတာ၊ အသိ အမှတ်ပြုတာ၊အလုပ်နဲ့ဘဝဟန်ချက်ညီအောင်မြှင့်တင်ပေးတာ စတဲ့နည်းလမ်းများစွာပါဝင်ပါတယ်။ဝန်ထမ်းမြဲပြီး အလုပ်လုပ်တဲ့သက် တမ်းကြာမြင့်တဲ့ ဝန်ထမ်းကိုပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီတွေကဝန်ထမ်းထိန်းသိမ်းမှု ပိုမိုမြင့်မားလာမှာဖြစ်ပါတယ်။ ဝန်ထမ်းမမြဲဘဲကာလတိုနဲ့အလုပ်ထွက်ကြတဲ့ ကုမ္ပဏီတွေကတော့ ဝန်ထမ်းထိန်းသိမ်းမှုသိသိသာသာလျှော့ကျမှာပဲဖြစ်ပါတယ်။

ဝန်ထမ်းမြဲအောင်ထိန်းသိမ်းနိုင်မယ်ဆိုရင် ဝန်ထမ်းများအလုပ်ထွက်နှုန်းကို လျှော့ချနိုင်ပြီးအောင်မြင်တဲ့ လုပ်ငန်းတခုအတွက် အရေးကြီးတဲ့အချက်တချက်လည်းဖြစ်ပါတယ်။ကုမ္ပဏီတခုက ဝန်ထမ်းမမြဲဘူးဆိုရင် အဲဒီကုမ္ပဏီက မအောင်မြင်နိုင်ပါဘူး။ တချိန်လုံးဝန်ထမ်းတွေက ထွက်လိုက် ဝင်လိုက်၊ ထွက်လိုက်ဝင်လိုက်ဖြစ်နေတဲ့ ကုမ္ပဏီတွေကိုကြည့်ရင်ဝန်ထမ်းထိန်းသိမ်းနိုင်မှုမြင့်မားတဲ့ ကုမ္ပဏီတွေလောက် မအောင်မြင်တာကို တွေ့ရပါတယ်။ဝန်ထမ်းထိန်းသိမ်းနိုင်မှု လျော့နည်းတာက ကျွမ်းကျင်ဝန်ထမ်းကို မထိန်းထားနိုင်တာနဲ့တူတူပါပဲ။ အ ကောင်းဆုံးဝန်ထမ်းတွေ နုတ်ထွက်သွားနိုင်ပါတယ်။လူသစ်ရှာဖွေတာက အချိန်နဲ့ ငွေကုန်နိုင်တာကို အားလုံးသိထားပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ လူ့စွမ်းအားအရင်းအမြစ်အတွက်လည်း ထည့်တွက်ရပါမယ်။ကုမ္ပဏီတခုမှာ ဝန်ထမ်းမမြဲတာက အ ထက်ပါအချက်တွေအားလုံးကို ထိခိုက်နစ်နာစေပါတယ်။

ဝန်ထမ်းမမြဲတာက ရှိပြီးသားဝန်ထမ်းတွေအတွက်လည်း ဝန်ထုပ်ဝန်ပိုးကိုဖြစ်စေနိုင်ပါတယ်။ဘာကြောင့်လဲဆိုရင် နောက်ထပ်ဝန်ထမ်းအသစ်တယောက် မရောက်မချင်းလစ်လပ်နေရာအတွက် ကျန်ဝန်ထမ်းတွေက တာဝန်ခွဲဝေယူရလို့ပါ။အသစ်ရောက်လာခဲ့ရင်လည်း အရင်ဝန်ထမ်းရဲ့အလုပ်တာဝန်တွေကို နားလည်တတ်ကျွမ်းအောင် အချိန်ပေးပြီး ရှင်းလင်းပြောဆိုရပါသေးတယ်။ ဒီအချက်တွေကရှိပြီးသားဝန်ထမ်းတွေကိုလည်း စိတ်ဖိစီးမှုကိုဖြစ်စေနိုင်ပါတယ်။အနည်းဆုံးတော့ ဝန်ထမ်းတွေရဲ့ ထိတွေ့ဆက်ဆံမှုနဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါတယ်။ဒါကြောင့် လုပ်ငန်းတခု၊ ကုမ္ပဏီတခုမှာ Employee retention ကအရေးကြီးဆုံးအချက်ဖြစ်တယ်ဆိုတာကို အားလုံးလက်ခံထားဖို့လိုပါတယ်။

MYit

zawgyi

Employee retention ဆိုတာအဖြဲ႕အစည္းတခု၊ ကုမၸဏီတခုက လူမ်ားကို ထိန္းထားႏိုင္ၿပီးအလုပ္ထြက္ႏႈန္းကို ေလွ်ာ့ခ်ႏိုင္မႈကိုဆိုလိုပါတယ္။ အလုပ္ရွင္ေတြက ဒီနည္းလမ္းမ်ားနဲ႔ဝန္ထမ္းမ်ားကို အလုပ္ထြက္ႏႈန္းေလွ်ာ့က်ေအာင္ ထိန္းသိမ္းထားႏိုင္ပါတယ္။အက်ိဳးခံစားခြင့္မ်ားေပးတာ၊ အျပဳသေဘာေဆာင္တဲ့ လုပ္ငန္းခြင္ယဥ္ေက်းမႈကိုဖန္တီးေပးတာ၊လိုက္ေလ်ာညီေထြျဖစ္ေအာင္ လုပ္ေဆာင္ေပးတာ၊ အသိ အမွတ္ျပဳတာ၊အလုပ္နဲ႔ဘဝဟန္ခ်က္ညီေအာင္ျမႇင့္တင္ေပးတာ စတဲ့နည္းလမ္းမ်ားစြာပါဝင္ပါတယ္။ဝန္ထမ္းၿမဲၿပီး အလုပ္လုပ္တဲ့သက္ တမ္းၾကာျမင့္တဲ့ ဝန္ထမ္းကိုပိုင္ဆိုင္ထားတဲ့ ကုမၸဏီေတြကဝန္ထမ္းထိန္းသိမ္းမႈ ပိုမိုျမင့္မားလာမွာျဖစ္ပါတယ္။ ဝန္ထမ္းမၿမဲဘဲကာလတိုနဲ႔အလုပ္ထြက္ၾကတဲ့ ကုမၸဏီေတြကေတာ့ ဝန္ထမ္းထိန္းသိမ္းမႈသိသိသာသာေလွ်ာ့က်မွာပဲျဖစ္ပါတယ္။
ဝန္ထမ္းၿမဲေအာင္ထိန္းသိမ္းႏိုင္မယ္ဆိုရင္ ဝန္ထမ္းမ်ားအလုပ္ထြက္ႏႈန္းကို ေလွ်ာ့ခ်ႏိုင္ၿပီးေအာင္ျမင္တဲ့ လုပ္ငန္းတခုအတြက္ အေရးႀကီးတဲ့အခ်က္တခ်က္လည္းျဖစ္ပါတယ္။ကုမၸဏီတခုက ဝန္ထမ္းမၿမဲဘူးဆိုရင္ အဲဒီကုမၸဏီက မေအာင္ျမင္ႏိုင္ပါဘူး။ တခ်ိန္လုံးဝန္ထမ္းေတြက ထြက္လိုက္ ဝင္လိုက္၊ ထြက္လိုက္ဝင္လိုက္ျဖစ္ေနတဲ့ ကုမၸဏီေတြကိုၾကည့္ရင္ဝန္ထမ္းထိန္းသိမ္းႏိုင္မႈျမင့္မားတဲ့ ကုမၸဏီေတြေလာက္ မေအာင္ျမင္တာကို ေတြ႕ရပါတယ္။ဝန္ထမ္းထိန္းသိမ္းႏိုင္မႈ ေလ်ာ့နည္းတာက ကြၽမ္းက်င္ဝန္ထမ္းကို မထိန္းထားႏိုင္တာနဲ႔တူတူပါပဲ။ အ ေကာင္းဆုံးဝန္ထမ္းေတြ ႏုတ္ထြက္သြားႏိုင္ပါတယ္။လူသစ္ရွာေဖြတာက အခ်ိန္နဲ႔ ေငြကုန္ႏိုင္တာကို အားလုံးသိထားၿပီးသားျဖစ္ပါတယ္။ ဒါေပမဲ့ကုမၸဏီရဲ႕ ရင္းႏွီးျမႇဳပ္ႏွံထားတဲ့ လူ႔စြမ္းအားအရင္းအျမစ္အတြက္လည္း ထည့္တြက္ရပါမယ္။ကုမၸဏီတခုမွာ ဝန္ထမ္းမၿမဲတာက အ ထက္ပါအခ်က္ေတြအားလုံးကို ထိခိုက္နစ္နာေစပါတယ္။
ဝန္ထမ္းမၿမဲတာက ရွိၿပီးသားဝန္ထမ္းေတြအတြက္လည္း ဝန္ထုပ္ဝန္ပိုးကိုျဖစ္ေစႏိုင္ပါတယ္။ဘာေၾကာင့္လဲဆိုရင္ ေနာက္ထပ္ဝန္ထမ္းအသစ္တေယာက္ မေရာက္မခ်င္းလစ္လပ္ေနရာအတြက္ က်န္ဝန္ထမ္းေတြက တာဝန္ခြဲေဝယူရလို႔ပါ။အသစ္ေရာက္လာခဲ့ရင္လည္း အရင္ဝန္ထမ္းရဲ႕အလုပ္တာဝန္ေတြကို နားလည္တတ္ကြၽမ္းေအာင္ အခ်ိန္ေပးၿပီး ရွင္းလင္းေျပာဆိုရပါေသးတယ္။ ဒီအခ်က္ေတြကရွိၿပီးသားဝန္ထမ္းေတြကိုလည္း စိတ္ဖိစီးမႈကိုျဖစ္ေစႏိုင္ပါတယ္။အနည္းဆုံးေတာ့ ဝန္ထမ္းေတြရဲ႕ ထိေတြ႕ဆက္ဆံမႈနဲ႔ စြမ္းေဆာင္ရည္ကို ထိခိုက္ေစႏိုင္ပါတယ္။ဒါေၾကာင့္ လုပ္ငန္းတခု၊ ကုမၸဏီတခုမွာ Employee retention ကအေရးႀကီးဆုံးအခ်က္ျဖစ္တယ္ဆိုတာကို အားလုံးလက္ခံထားဖို႔လိုပါတယ္။
MYit

Be the first to comment

Leave a Reply

Your email address will not be published.


*