
ဟာရီကိန်းမုန်တိုင်းများ၊ တောမီးများ၊ ငလျင်များ သို့မဟုတ် ရေကြီးရေလျှံမှုများကဲ့သို့သောသဘာဝဘေးအန္တရာယ်များက ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုများသာမက နက်ရှိုင်းတဲ့စိတ်ပိုင်းဆိုင်ရာနဲ့ သက်ရောက်မှုများကိုလည်း ချန်ထားခဲ့ပါတယ်။ မြန်မာပြည်မှာလည်း ၇ ဒသမ ၇ ရစ်ချက်စတာစကေးပြင်းအားရှိတဲ့ မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးတဲ့အချိန်မှာနောက်ဆက်တွဲအခြေအနေများက အလွန်ကြံ့ခိုင်တဲ့သူများကိုပင် စိန်ခေါ်မှုများနိုင်ပါတယ်။ဒီဖြစ်ရပ်တွေကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်သူများအတွက် Mental Health ကိုသိနားလည်ပြီးပြန်လည်ကောင်းမွန်လာစေဖို့ လုပ်ဆောင်ရမယ့် အဆင့်များကို သိရှိနားလည်ထားဖို့အရေးကြီးပါတယ်။
စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု
သဘာဝဘေးအန္တရာယ်ကို ကြုံတွေ့ရတဲ့အခါ အမျိုးမျိုးသော စိတ်ခံစားမှုဆိုင်ရာတုံ့ပြန်မှုများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီအချက်တွေထဲမှာ ထိတ်လန့်တာ၊မယုံကြည်နိုင်တာစတာတွေလည်းပါဝင်ပါတယ်။ ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်ကိုလက်ခံဖို့ခက်ခဲတတ်ကြပါတယ်။ ဒါကြောင့် အစောပိုင်းထိတ်လန့်မှုမှာ ထုံထိုင်းတာ သို့မဟုတ်ခံစားမှုကင်းမဲ့သွားတဲ့ အခြေအနေမျိုး ထင်ရှားနိုင်ပါတယ်။
ဒုတိယအချက်ကတော့ စိုးရိမ်ပူပန်မှုနဲ့ ကြောက်ရွံ့မှုပါပဲ။ ဒီကပ်ဘေးကြီးဖြစ်သွားတဲ့အခါမှာလုံခြုံရေးအတွက် စိုးရိမ်ပူပန်မှု၊ နောင်ဖြစ် လာမယ့် ဘေးအန္တရာယ်များနဲ့တည်ငြိမ်မှုဆုံးရှုံးခြင်းတို့အပေါ်မှာ စိုရိမ်မှူပန်မှုများ မြင့်တက်လာစေနိုင်ပါတယ်။အသက်ရှင်ကျန်ရစ်သူများက စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အတွေးများ၊အိပ်မက်ဆိုးများကိုလည်း ခံစားရနိုင်ပါတယ်။
တတိယအချက်ကတော့ ဝမ်းနည်းခြင်းနဲ့ ပူဆွေးခြင်းပါ။ မျက်စိတမှိတ်အတွင်းမှာ အိမ်များ၊ပစ္စည်းဥစ္စာများနဲ့ ချစ်ရသူများကို ဆုံးရှုံးလိုက်ရတာက နက်ရှိုင်းတဲ့ဝမ်းနည်းမှုကိုဖြစ်စေနိုင်ပါတယ်။
နံပါတ်လေးအချက်ကတော့ ဒေါသနဲ့ စိတ်ပျက်ခြင်းပါ။ လူတဦးချင်းစီက ဒီအခြေအနေများကိုရင်ဆိုင်ရချိန်မှာ အကူအညီမဲ့တာနဲ့ ဒေါသထွက်တာတို့ ဖြစ်လာစေပါတယ်။ ဒါကအခြေအနေ၊တာဝန်ရှိသူများ ဒါမှမဟုတ် မိမိကိုယ်ကိုယ်ကို ဒေါသထွက်နေတာမျိုးဖြစ်စေပါတယ်။
နောက်ဆုံးအချက်ကတော့ အထီးကျန်ခြင်းပါပဲ။ အသက်ရှင်ကျန်ရစ်သူများကမိမိတို့အတွေ့အကြုံကို နားမလည်တဲ့ သူငယ်ချင်းများနဲ့ မိသားစုဝင်များဆီကနေအထီးကျန်တယ်လို့ ခံစားရနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ နာကျင်မှုကို ပိုမိုဖြစ်စေတာကိုသတိပြုသင့်ပါတယ်။
စိတ်ဆင်းရဲခြင်းရဲ့ လက္ခဏာများကို အသိအမှတ်ပြုခြင်း
ဒီခံစားချက်များက ပိုမိုဆိုးရွားတဲ့အရာကို ပြောင်းလဲသွားတဲ့အခါမှာ အသိအမှတ်ပြုဖို့အရေးကြီးပါတယ်။ စိတ်ဒဏ်ရာလွန်ကဲသော စိတ်ဖိစီးမှုရောဂါ (PTSD)၊ စိတ်ဓာတ်ကျခြင်းသို့မဟုတ် စိုးရိမ်ပူပန်မှုရောဂါများရဲ့ လက္ခဏာများ ပေါ်ပေါက်လာနိုင်ပါတယ်။ ဒီအထဲမှာအ ဆက်မပြတ်ပြန်ပေါ်လာတဲ့ ဆိုးရွားတဲ့အခြေအနေများ ဒါမှမဟုတ်စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အမှတ်ရမှုများ၊ ပြင်းထန်တဲ့ စိတ်အ ပြောင်းအလဲများ၊အိပ်စက်မှုပုံစံများ ပြောင်းလဲတာ၊ အာရုံစူးစိုက်ဖို့ ခက်ခဲတာ၊ လူမှုဆက်ဆံရေးနယ်ပယ်ကနေခွဲထွက်တာ(တယောက်ထဲနေလိုတာ) စတဲ့ လက္ခဏာများကို ရက်သတ္တပတ် ဒါမှမဟုတ်လပေါင်းများစွာ ကြာလာပြီဆိုရင်တော့ ကျွမ်းကျင်သူတွေရဲ့အကူအညီကို ရယူသင့်ပါတယ်။
ပြန်လည်ကောင်းမွန်လာစေဖို့ အဆင့်များ
ပြန်လည်ကောင်းမွန်လာဖို့ အချိန်ကြာမြင့်နိုင်ပေမဲ့ လူတစ်ဦးချင်းစီ ရင်ဆိုင်ဖြေရှင်းနိုင်ဖို့နဲ့ပြန်လည်တည်ဆောက်နိုင်ဖို့အတွက် အထောက် အကူဖြစ်စေနိုင်တဲ့နည်းဗျူဟာများစွာရှိပါတယ်။
– ကျွမ်းကျင်သူအကူအညီ ရယူတာ – စိတ်ဒဏ်ရာဆိုင်ရာလေ့ကျင့်သင်ကြားထားတဲ့ကုထုံးပညာရှင်များနဲ့ အကြံပေးများကဘေးအန္တရာယ် ကနေ လွတ်မြောက်ခဲ့သူများရဲ့လိုအပ်ချက်များအတွက် သင့်လျော်တဲ့ အကူအညီကို ပေးနိုင်ပါတယ်။
– အကူအညီပေးရေး ကွန်ရက် တည်ဆောက်တာ – မိသားစု၊ သူငယ်ချင်းများ၊ရပ်ရွာအဖွဲ့အစည်းများနဲ့ ဆက်သွယ်တာက စိတ်ပိုင်းဆိုင်ရာ အကူအညီကိုပေးနိုင်ပါတယ်။
– မိမိကိုယ်ကို ဂရုစိုက်တာ – ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ သုခချမ်းသာကိုမြှင့်တင်ပေးတဲ့ လှုပ်ရှားမှုများမှာ ပါဝင်ဖို့က အလွန်အရေး ကြီးပါတယ်။လေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာ၊ ဝါသနာတခုခုလုပ်တာစတာတွေပါဝင်နိုင်ပါတယ်။
– သတင်းအချက်အလက်များကို သိရှိထားပါ၊ သို့သော် မီဒီယာကို အကန့်အသတ်ဖြင့်သာကြည့်ရှုပါ – ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုများအကြောင်း သိရှိထားရန်အရေးကြီးပေမဲ့ ဘေးအန္တရာယ်အကြောင်း သတင်းများကို အမြဲတမ်း ကြည့်ရှုတာကစိုးရိမ်ပူပန်မှုကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ကာကွယ်ဖို့မီဒီယာသုံးစွဲမှုကို စည်းဘောင်သတ်မှတ်ပါ။
– ခံစားချက်များကို အသိအမှတ်ပြုပြီး ဖော်ပြပါ – ဂျာနယ်ရေးတာ၊ အနုပညာဖန်တီးတာသို့မဟုတ် ခံစားချက်များအကြောင်း ရိုးရိုးရှင်းရှင်းပြောဆိုတာက ဒီအချိန်မှာအထောက်အကူဖြစ်စေပါတယ်။ မိမိတို့အတွေ့အကြုံများနဲ့ ခံစားချက်များကိုအတည်ပြုတာက ကုသမှုအတွက် အရေးပါတဲ့ အစိတ်အပိုင်းတခုဖြစ်ပါတယ်။
– သင်ထိန်းချုပ်နိုင်တဲ့ အရာကို အာရုံစိုက်ပါ – ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက်အချက်အလက်များစွာက ထိန်းချုပ်နိုင်စွမ်းမရှိတော့ပါဘူး။ သေးငယ်တဲ့ ပန်းတိုင်များကိုအာရုံစိုက်တာက ကိုယ့်ရဲ့ စွမ်းအင်နဲ့တည်ငြိမ်မှု ခံစားချက်ကို မြှင့်တင်ပေးနိုင်ပါတယ်။သဘာဝဘေးအန္တရာယ် တစ်ခုပြီးနောက် ပြန်လည်ကောင်းမွန်လာဖို့ ခရီးက ရှုပ်ထွေးပြီးလူတစ်ဦးချင်းစီအတွက် ကွဲပြားခြားနားနိုင်ပါတယ်။ တဦးနဲ့တဦး ခံနိုင်ရည် ရှိပုံခြင်း၊စိတ်ခံစားမှုကိုကိုင်တွယ်ပုံခြင်း မတူညီနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်အတွက် အသုံးတည့်မယ်အစီအမံများချမှတ်တာ၊ ခံနိုင်ရည်အားမြှင့်တင်တာက မိမိတို့ဘဝများကို ရုပ်ပိုင်းဆိုင်ရာသာမကစိတ်ပိုင်းဆိုင်ရာအရပါ ပြန်လည်တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
Ref: Mental Health After Natural Disasters: Understanding and Recovery
ကျော့ကေခိုင်
zawgyi
ဟာရီကိန္းမုန္တိုင္းမ်ား၊ ေတာမီးမ်ား၊ ငလ်င္မ်ား သို႔မဟုတ္ ေရႀကီးေရလွ်ံမႈမ်ားကဲ့သို႔ေသာသဘာဝေဘးအႏၲရာယ္မ်ားက ႐ုပ္ပိုင္းဆိုင္ရာ ပ်က္စီးမႈမ်ားသာမက နက္ရႈိင္းတဲ့စိတ္ပိုင္းဆိုင္ရာနဲ႔ သက္ေရာက္မႈမ်ားကိုလည္း ခ်န္ထားခဲ့ပါတယ္။ ျမန္မာျပည္မွာလည္း ၇ ဒသမ ၇ ရစ္ခ်က္စတာစေကးျပင္းအားရွိတဲ့ မႏၲေလးငလ်င္ႀကီး လႈပ္ခတ္ၿပီးတဲ့အခ်ိန္မွာေနာက္ဆက္တြဲအေျခအေနမ်ားက အလြန္ႀကံ့ခိုင္တဲ့သူမ်ားကိုပင္ စိန္ေခၚမႈမ်ားႏိုင္ပါတယ္။ဒီျဖစ္ရပ္ေတြေၾကာင့္ စိတ္ပိုင္းဆိုင္ရာထိခိုက္သူမ်ားအတြက္ Mental Health ကိုသိနားလည္ၿပီးျပန္လည္ေကာင္းမြန္လာေစဖို႔ လုပ္ေဆာင္ရမယ့္ အဆင့္မ်ားကို သိရွိနားလည္ထားဖို႔အေရးႀကီးပါတယ္။
စိတ္ပိုင္းဆိုင္ရာ ထိခိုက္မႈ
သဘာဝေဘးအႏၲရာယ္ကို ႀကဳံေတြ႕ရတဲ့အခါ အမ်ိဳးမ်ိဳးေသာ စိတ္ခံစားမႈဆိုင္ရာတုံ႔ျပန္မႈမ်ားကို ျဖစ္ေပၚေစႏိုင္ပါတယ္။ ဒီအခ်က္ေတြထဲမွာ ထိတ္လန႔္တာ၊မယုံၾကည္ႏိုင္တာစတာေတြလည္းပါဝင္ပါတယ္။ ျဖစ္ပ်က္သြားတဲ့ အျဖစ္အပ်က္ကိုလက္ခံဖို႔ခက္ခဲတတ္ၾကပါတယ္။ ဒါေၾကာင့္ အေစာပိုင္းထိတ္လန႔္မႈမွာ ထုံထိုင္းတာ သို႔မဟုတ္ခံစားမႈကင္းမဲ့သြားတဲ့ အေျခအေနမ်ိဳး ထင္ရွားႏိုင္ပါတယ္။
ဒုတိယအခ်က္ကေတာ့ စိုးရိမ္ပူပန္မႈနဲ႔ ေၾကာက္႐ြံ႕မႈပါပဲ။ ဒီကပ္ေဘးႀကီးျဖစ္သြားတဲ့အခါမွာလုံၿခဳံေရးအတြက္ စိုးရိမ္ပူပန္မႈ၊ ေနာင္ျဖစ္ လာမယ့္ ေဘးအႏၲရာယ္မ်ားနဲ႔တည္ၿငိမ္မႈဆုံးရႈံးျခင္းတို႔အေပၚမွာ စိုရိမ္မႉပန္မႈမ်ား ျမင့္တက္လာေစႏိုင္ပါတယ္။အသက္ရွင္က်န္ရစ္သူမ်ားက စိတ္အေႏွာင့္အယွက္ျဖစ္ေစတဲ့ အေတြးမ်ား၊အိပ္မက္ဆိုးမ်ားကိုလည္း ခံစားရႏိုင္ပါတယ္။
တတိယအခ်က္ကေတာ့ ဝမ္းနည္းျခင္းနဲ႔ ပူေဆြးျခင္းပါ။ မ်က္စိတမွိတ္အတြင္းမွာ အိမ္မ်ား၊ပစၥည္းဥစၥာမ်ားနဲ႔ ခ်စ္ရသူမ်ားကို ဆုံးရႈံးလိုက္ရတာက နက္ရႈိင္းတဲ့ဝမ္းနည္းမႈကိုျဖစ္ေစႏိုင္ပါတယ္။
နံပါတ္ေလးအခ်က္ကေတာ့ ေဒါသနဲ႔ စိတ္ပ်က္ျခင္းပါ။ လူတဦးခ်င္းစီက ဒီအေျခအေနမ်ားကိုရင္ဆိုင္ရခ်ိန္မွာ အကူအညီမဲ့တာနဲ႔ ေဒါသထြက္တာတို႔ ျဖစ္လာေစပါတယ္။ ဒါကအေျခအေန၊တာဝန္ရွိသူမ်ား ဒါမွမဟုတ္ မိမိကိုယ္ကိုယ္ကို ေဒါသထြက္ေနတာမ်ိဳးျဖစ္ေစပါတယ္။
ေနာက္ဆုံးအခ်က္ကေတာ့ အထီးက်န္ျခင္းပါပဲ။ အသက္ရွင္က်န္ရစ္သူမ်ားကမိမိတို႔အေတြ႕အႀကဳံကို နားမလည္တဲ့ သူငယ္ခ်င္းမ်ားနဲ႔ မိသားစုဝင္မ်ားဆီကေနအထီးက်န္တယ္လို႔ ခံစားရႏိုင္ၿပီး စိတ္ပိုင္းဆိုင္ရာ နာက်င္မႈကို ပိုမိုျဖစ္ေစတာကိုသတိျပဳသင့္ပါတယ္။
စိတ္ဆင္းရဲျခင္းရဲ႕ လကၡဏာမ်ားကို အသိအမွတ္ျပဳျခင္း
ဒီခံစားခ်က္မ်ားက ပိုမိုဆိုး႐ြားတဲ့အရာကို ေျပာင္းလဲသြားတဲ့အခါမွာ အသိအမွတ္ျပဳဖို႔အေရးႀကီးပါတယ္။ စိတ္ဒဏ္ရာလြန္ကဲေသာ စိတ္ဖိစီးမႈေရာဂါ (PTSD)၊ စိတ္ဓာတ္က်ျခင္းသို႔မဟုတ္ စိုးရိမ္ပူပန္မႈေရာဂါမ်ားရဲ႕ လကၡဏာမ်ား ေပၚေပါက္လာႏိုင္ပါတယ္။ ဒီအထဲမွာအ ဆက္မျပတ္ျပန္ေပၚလာတဲ့ ဆိုး႐ြားတဲ့အေျခအေနမ်ား ဒါမွမဟုတ္စိတ္အေႏွာင့္အယွက္ျဖစ္ေစတဲ့ အမွတ္ရမႈမ်ား၊ ျပင္းထန္တဲ့ စိတ္အ ေျပာင္းအလဲမ်ား၊အိပ္စက္မႈပုံစံမ်ား ေျပာင္းလဲတာ၊ အာ႐ုံစူးစိုက္ဖို႔ ခက္ခဲတာ၊ လူမႈဆက္ဆံေရးနယ္ပယ္ကေနခြဲထြက္တာ(တေယာက္ထဲေနလိုတာ) စတဲ့ လကၡဏာမ်ားကို ရက္သတၱပတ္ ဒါမွမဟုတ္လေပါင္းမ်ားစြာ ၾကာလာၿပီဆိုရင္ေတာ့ ကြၽမ္းက်င္သူေတြရဲ႕အကူအညီကို ရယူသင့္ပါတယ္။
ျပန္လည္ေကာင္းမြန္လာေစဖို႔ အဆင့္မ်ား
ျပန္လည္ေကာင္းမြန္လာဖို႔ အခ်ိန္ၾကာျမင့္ႏိုင္ေပမဲ့ လူတစ္ဦးခ်င္းစီ ရင္ဆိုင္ေျဖရွင္းႏိုင္ဖို႔နဲ႔ျပန္လည္တည္ေဆာက္ႏိုင္ဖို႔အတြက္ အေထာက္ အကူျဖစ္ေစႏိုင္တဲ့နည္းဗ်ဴဟာမ်ားစြာရွိပါတယ္။
– ကြၽမ္းက်င္သူအကူအညီ ရယူတာ – စိတ္ဒဏ္ရာဆိုင္ရာေလ့က်င့္သင္ၾကားထားတဲ့ကုထုံးပညာရွင္မ်ားနဲ႔ အႀကံေပးမ်ားကေဘးအႏၲရာယ္ ကေန လြတ္ေျမာက္ခဲ့သူမ်ားရဲ႕လိုအပ္ခ်က္မ်ားအတြက္ သင့္ေလ်ာ္တဲ့ အကူအညီကို ေပးႏိုင္ပါတယ္။
– အကူအညီေပးေရး ကြန္ရက္ တည္ေဆာက္တာ – မိသားစု၊ သူငယ္ခ်င္းမ်ား၊ရပ္႐ြာအဖြဲ႕အစည္းမ်ားနဲ႔ ဆက္သြယ္တာက စိတ္ပိုင္းဆိုင္ရာ အကူအညီကိုေပးႏိုင္ပါတယ္။
– မိမိကိုယ္ကို ဂ႐ုစိုက္တာ – ႐ုပ္ပိုင္းဆိုင္ရာနဲ႔ စိတ္ပိုင္းဆိုင္ရာ သုခခ်မ္းသာကိုျမႇင့္တင္ေပးတဲ့ လႈပ္ရွားမႈမ်ားမွာ ပါဝင္ဖို႔က အလြန္အေရး ႀကီးပါတယ္။ေလ့က်င့္ခန္းလုပ္တာ၊ တရားထိုင္တာ၊ ဝါသနာတခုခုလုပ္တာစတာေတြပါဝင္ႏိုင္ပါတယ္။
– သတင္းအခ်က္အလက္မ်ားကို သိရွိထားပါ၊ သို႔ေသာ္ မီဒီယာကို အကန႔္အသတ္ျဖင့္သာၾကည့္ရႈပါ – ျပန္လည္ထူေထာင္ေရး ႀကိဳးပမ္းမႈမ်ားအေၾကာင္း သိရွိထားရန္အေရးႀကီးေပမဲ့ ေဘးအႏၲရာယ္အေၾကာင္း သတင္းမ်ားကို အၿမဲတမ္း ၾကည့္ရႈတာကစိုးရိမ္ပူပန္မႈကို ပိုမိုဆိုး႐ြားေစႏိုင္ပါတယ္။ စိတ္က်န္းမာေရးကို ကာကြယ္ဖို႔မီဒီယာသုံးစြဲမႈကို စည္းေဘာင္သတ္မွတ္ပါ။
– ခံစားခ်က္မ်ားကို အသိအမွတ္ျပဳၿပီး ေဖာ္ျပပါ – ဂ်ာနယ္ေရးတာ၊ အႏုပညာဖန္တီးတာသို႔မဟုတ္ ခံစားခ်က္မ်ားအေၾကာင္း ႐ိုး႐ိုးရွင္းရွင္းေျပာဆိုတာက ဒီအခ်ိန္မွာအေထာက္အကူျဖစ္ေစပါတယ္။ မိမိတို႔အေတြ႕အႀကဳံမ်ားနဲ႔ ခံစားခ်က္မ်ားကိုအတည္ျပဳတာက ကုသမႈအတြက္ အေရးပါတဲ့ အစိတ္အပိုင္းတခုျဖစ္ပါတယ္။
– သင္ထိန္းခ်ဳပ္ႏိုင္တဲ့ အရာကို အာ႐ုံစိုက္ပါ – ေဘးအႏၲရာယ္ျဖစ္ပြားၿပီးေနာက္အခ်က္အလက္မ်ားစြာက ထိန္းခ်ဳပ္ႏိုင္စြမ္းမရွိေတာ့ပါဘူး။ ေသးငယ္တဲ့ ပန္းတိုင္မ်ားကိုအာ႐ုံစိုက္တာက ကိုယ့္ရဲ႕ စြမ္းအင္နဲ႔တည္ၿငိမ္မႈ ခံစားခ်က္ကို ျမႇင့္တင္ေပးႏိုင္ပါတယ္။သဘာဝေဘးအႏၲရာယ္ တစ္ခုၿပီးေနာက္ ျပန္လည္ေကာင္းမြန္လာဖို႔ ခရီးက ရႈပ္ေထြးၿပီးလူတစ္ဦးခ်င္းစီအတြက္ ကြဲျပားျခားနားႏိုင္ပါတယ္။ တဦးနဲ႔တဦး ခံႏိုင္ရည္ ရွိပုံျခင္း၊စိတ္ခံစားမႈကိုကိုင္တြယ္ပုံျခင္း မတူညီႏိုင္ပါဘူး။ ဒါေၾကာင့္ ကိုယ့္အတြက္ အသုံးတည့္မယ္အစီအမံမ်ားခ်မွတ္တာ၊ ခံႏိုင္ရည္အားျမႇင့္တင္တာက မိမိတို႔ဘဝမ်ားကို ႐ုပ္ပိုင္းဆိုင္ရာသာမကစိတ္ပိုင္းဆိုင္ရာအရပါ ျပန္လည္တည္ေဆာက္ႏိုင္မွာျဖစ္ပါတယ္။
Ref: Mental Health After Natural Disasters: Understanding and Recovery
ေက်ာ့ေကခိုင္
Leave a Reply