Squid Game မင်းသားကြီး Lee Jung Jae ပါဝင်တဲ့ Star Wars မကြာခင်ထွက်ရှိမယ်

Disney+ ကနေထုတ်လွှင့်ပြသမယ့် Star Wars ဇာတ်လမ်းတွဲကို ဒီနှစ်နွေရာသီမှာပြသတော့မယ်လို့သိရပါတယ်။ Star Wars: The Acolyte ရဲ့စာနယ်ဇင်းမိတ်ဆက်ပွဲကို ဖေဖော်ဝါရီ 10 ရက်နေ့က လန်ဒန်မှာပြုလုပ်ခဲ့ပြီးထိုစီးရီးကို ဒီနှစ်နွေမှာထုတ်လွှင့်ပြသမယ်လို့ကြေညာသွားခဲ့တာဖြစ်ပါတယ်။ Star Wars: The Acolyte ဟာ Jedi Padawan နဲ့ Galaxy အတွင်းဆိုးရွားတဲ့ရာဇဝတ်မှုတွေကိုစုံစမ်းနေတဲ့မာစတာတစ်ဦးရဲ့အကြောင်းကို တင်ဆက်မှာ ဖြစ်ပါတယ်။

Squid Game မင်းသားကြီး Lee Jung Jae က Jedi Master အဖြစ်ပါဝင်ပြီး Joonas Suotamo က Kelnaka လို့ခေါ်တဲ့ Wookiee Jedi အဖြစ်ပါဝင်မှာဖြစ်ပါတယ်။ ဒါအပြင်သရုပ်ဆောင်များအဖြစ် Jodie Turner-Smith၊ Manny Jacinto နဲ့ Charlie Barnett တို့လည်းပါဝင်သွားမှာဖြစ်ပြီးသူတို့ရဲ့အခန်းကဏ္ဍတွေကိုတော့ သေသေချာချာထုတ်ဖော်မပြောထားသေးပါဘူး။ Star Wars: The Acolyte ဟာ အပိုင်း 8 ပိုင်းပါဝင်မှာဖြစ်ပါတယ်။ ထုတ်လုပ်သူ Leslie Headland ကဒီစီးရီးဟာ Frozen နဲ့ Kill Bill ကိုရောနှောရသလိုပဲလို့ ပြောခဲ့တာတွေ့ရပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*