ဆောင်ဂျွန်ကီရဲ့ ဆယ်ကျော်သက်မကြည့်ရသတ်မှတ်ထားတဲ့ရုပ်ရှင်ကားသစ် မတ်လတွင်ထွက်ရှိမည်

မင်းသားဆောင်ဂျွန်ကီသရုပ်ဆောင်ထားတဲ့ My Name is Loh Kiwan ဆိုတဲ့ရုပ်ရှင်ကားသစ်ကိုမတ်လမှာဖြန့်ချိမယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ကားကို Netflix ကထုတ်လုပ်တာဖြစ်ပြီး မတ်လ 1 ရက်နေ့မှာ ရုံတင်ပြသမယ်လို့ကြေညာထားပါတယ်။ My Name is Loh Kiwan ဟာ I Met Loh Kiwan ဆိုတဲ့စာအုပ်ကိုအခြေခံရိုက်ကူးတာဖြစ်ပါတယ်။ I Met Loh Kiwan ဟာ မြောက်ကိုရီးယားကနေထွက်ပြေးလာပြီး ဘယ်လ်ဂျီယံနိုင်ငံမှာဒုက္ခသည်အဖြစ်ခိုလှုံမယ့်အမျိုးသားတစ်ယောက်နဲ့ ဘဝမှာဦးတည်ချက်၊ ရည်ရွယ်ချက်ပျောက်နေတဲ့ Marie ဆိုတဲ့အမျိုးသမီးတစ်ယောက် အကြောင်းကိုရေးဖွဲ့ထားတာပါ။

ဒီဇာတ်ကားမှာ အကြမ်းဖက်မှုတွေ၊ရက်စက်တဲ့ပြကွက်တွေပါဝင်တာကြောင့် အသက် 15 နှစ်အောက်မကြည့်ရရုပ်ရှင်အဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်။ဆောင်ဂျွန်ကီဟာ ပြီးခဲ့တဲ့နှစ်ကထွက်ရှိတဲ့ Hopeless ဆိုတဲ့ကားမှာလည်းထူးခြားတဲ့ပုံစံနဲ့မြင်တွေ့လာရပြီး လက်ရှိထွက်ရှိလာမယ့် My Name is Loh Kiwan မှာလည်း မှတ်မှတ်ထင်ထင်ဖြစ်သွားစေမယ့် ပြောင်းလဲမှုမျိုးတွေလုပ်ဆောင်ထားတယ်လို့သိရပါတယ်။တစ်ခါမှခြေမချဖူးတဲ့တိုင်းတစ်ပါးနိုင်ငံတစ်ခုမှာ လူတစ်ယောက်ဘယ်လိုရှင်သန်ရပ်တည်မလဲ၊ဘာတွေတွေ့ကြုံရမလဲဆိုတာက ပရိသတ်တွေကိုစိတ်ဝင်စားမှုမြင့်မားစေလိမ့်မယ်လို့ Netflix ကထုတ်ပြန်ထားပါတယ်။

Ju Ju

zawgyi

မင္းသားေဆာင္ဂြၽန္ကီသ႐ုပ္ေဆာင္ထားတဲ့ My Name is Loh Kiwan ဆိုတဲ့႐ုပ္ရွင္ကားသစ္ကိုမတ္လမွာျဖန႔္ခ်ိမယ္လို႔ သိရပါတယ္။ ဒီ႐ုပ္ရွင္ကားကို Netflix ကထုတ္လုပ္တာျဖစ္ၿပီး မတ္လ 1 ရက္ေန႔မွာ ႐ုံတင္ျပသမယ္လို႔ေၾကညာထားပါတယ္။ My Name is Loh Kiwan ဟာ I Met Loh Kiwan ဆိုတဲ့စာအုပ္ကိုအေျခခံ႐ိုက္ကူးတာျဖစ္ပါတယ္။ I Met Loh Kiwan ဟာ ေျမာက္ကိုရီးယားကေနထြက္ေျပးလာၿပီး ဘယ္လ္ဂ်ီယံႏိုင္ငံမွာဒုကၡသည္အျဖစ္ခိုလႈံမယ့္အမ်ိဳးသားတစ္ေယာက္နဲ႔ ဘဝမွာဦးတည္ခ်က္၊ ရည္႐ြယ္ခ်က္ေပ်ာက္ေနတဲ့ Marie ဆိုတဲ့အမ်ိဳးသမီးတစ္ေယာက္ အေၾကာင္းကိုေရးဖြဲ႕ထားတာပါ။

ဒီဇာတ္ကားမွာ အၾကမ္းဖက္မႈေတြ၊ရက္စက္တဲ့ျပကြက္ေတြပါဝင္တာေၾကာင့္ အသက္ 15 ႏွစ္ေအာက္မၾကည့္ရ႐ုပ္ရွင္အျဖစ္သတ္မွတ္ထားတာျဖစ္ပါတယ္။ေဆာင္ဂြၽန္ကီဟာ ၿပီးခဲ့တဲ့ႏွစ္ကထြက္ရွိတဲ့ Hopeless ဆိုတဲ့ကားမွာလည္းထူးျခားတဲ့ပုံစံနဲ႔ျမင္ေတြ႕လာရၿပီး လက္ရွိထြက္ရွိလာမယ့္ My Name is Loh Kiwan မွာလည္း မွတ္မွတ္ထင္ထင္ျဖစ္သြားေစမယ့္ ေျပာင္းလဲမႈမ်ိဳးေတြလုပ္ေဆာင္ထားတယ္လို႔သိရပါတယ္။တစ္ခါမွေျခမခ်ဖူးတဲ့တိုင္းတစ္ပါးႏိုင္ငံတစ္ခုမွာ လူတစ္ေယာက္ဘယ္လိုရွင္သန္ရပ္တည္မလဲ၊ဘာေတြေတြ႕ႀကဳံရမလဲဆိုတာက ပရိသတ္ေတြကိုစိတ္ဝင္စားမႈျမင့္မားေစလိမ့္မယ္လို႔ Netflix ကထုတ္ျပန္ထားပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*