2024 အတွက်သိထားသင့်တဲ့ Resume Trend 5 ခု

2024 မှာ ကိုယ့်ရဲ့ Personal Goal ရော Career Goal တွေပါအောင်မြင်နိုင်ဖို့တတ်နိုင်သမျှကြိုးစားနေကြမယ်လို့ မျှော်လင့်ပါတယ်။ ဒီနှစ်မှာအလုပ်နေရာအပြောင်းအလဲလုပ်မယ့်သူတွေ၊ အလုပ်သစ်စတင်ရှာဖွေမယ့်သူတွေအနေနဲ့ ခေတ်စားနေတဲ့ Resume ပုံစံတွေကို စိတ်ဝင်စားမယ်လို့ထင်မိပါတယ်။ ဒါ့ကြောင့်လည်းဒီနှစ်အတွက် ထိပ်ဆုံးမှာရှိနေတဲ့ Resume Trend တွေအကြောင်းကိုမျှဝေပေးလိုက်ပါတယ်။

Storytelling ကျွမ်းကျင်တဲ့ Resume
ကိုယ့်ရဲ့ အလုပ်နဲ့ပတ်သက်တဲ့ Experience ၊ ကိုယ့်ရဲ့ Passion တွေကို စိတ်ဝင်စားဖွယ်ကောင်းအောင်စွဲမက်ဖွယ်ကောင်းအောင်ရေးသားတတ်ခြင်းက ကိုယ့်ရဲ့ Resume ကိုထူးခြားဆန်းသစ်နေစေပါတယ်။ဇာတ်လမ်းပုံပြင်ကိုလူတိုင်းကကြိုက်ကြပြီး အချက်အလက်ထက်ဇာတ်လမ်းကိုပိုမှတ်မိကြတာလည်းသဘာဝပါပဲ။ ဒါ့ကြောင့် ကိုယ့်အကြောင်းကို Storytelling ကောင်းကောင်းနဲ့တင်ပြတတ်ဖို့လုပ် ဆောင်သင့်ပါတယ်။ ဒါကကိုယ့်ရဲ့တီထွင်ဖန်တီးမှု Skill နဲ့တွေးခေါ်တတ်မှုကိုပြသတာဖြစ်သလိုကိုယ့်ရဲ့ဇာတ်လမ်းမှတဆင့် ကိုယ့်ကိုအမြဲလိုမှတ်မိသွားစေနိုင်ပါတယ်။

AI နဲ့အကျွမ်းတဝင်ရှိတဲ့ Resume
အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းတွေမှာ AI ကိုလည်းအများကြီးအသုံးချနေပါတယ်။ ရာထောင်ချီတဲ့အလုပ်လျှောက်လွှာတွေကိုလက်ခံရတဲ့ ကုမ္ပဏီကြီးတွေဆိုရင် Applicant Tracking System လို့ခေါ်တဲ့အလုပ်လျှောက်လွှာတွေအတွက်ခြေရာခံစနစ်ကို သုံးတတ်ကြပါတယ်။ ကိုယ့် Resume မှာဖော်ပြထားတဲ့စကားလုံးတွေ၊ Keywords တွေက သူတို့လိုချင်တဲ့ Skill တွေနဲ့ကိုက်ညီတယ်ဆိုရင် AI ကဒီ Resume ကိုရွေးထုတ်ပေးသွားမှာပဲဖြစ်ပါတယ်။ ဒီလို AI နဲ့ကနဦးရွေးချယ်ပြီးတဲ့ Resume တွေကသာ မန်နေဂျာနဲ့အလုပ်ရှင်တွေလက်ထဲကိုဆက်ပြီးရောက်ရှိသွားမှာပါ။

Skills-Based Resume
ကိုယ်ဘာလုပ်နိုင်ပါတယ်၊ ဘာကိုကျွမ်းကျင်ပါတယ်ဆိုတာကို တိတိကျကျဖော်ပြထားတဲ့ Resume တွေက အလုပ်အကိုင်ရှာဖွေရာမှာ အမြဲလိုရှေ့ကိုရောက်စေပါတယ်။ ရရှိခဲ့တဲ့လက်မှတ်တွေ၊ ဓာတ်ပုံတွေ၊စာရွက်စာတမ်းတွေ ပြည့်ပြည့်စုံစုံဖော်ပြမယ်ဆိုရင် မန်နေဂျာတွေက
အလုပ်ရဲ့လိုအပ်ချက်နဲ့ကိုက်ညီမှုရှိ၊မရှိကို မြန်မြန်ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။ ဒါက Resume အများကြီးကြားကနေ ခုန်ထွက်လာနိုင်ပြီး အလွယ်တကူအလုပ်ရသွားနိုင်ပါတယ်။

ဘာသာစကားကျွမ်းကျင်မှုကိုဖော်ပြတဲ့ Resume
မတူညီတဲ့ဘာသာစကားတွေကိုပြောဆိုနိုင်တာ၊ ရေးဖတ်နိုင်တာ၊ မတူညီတဲ့ယဉ်ကျေးမှုဓလေ့တွေကြားမှာနေထိုင်လုပ်ကိုင်ဖူးတာစတဲ့သူတွေက အလုပ်ရဖို့အခွင့်အလမ်းတွေပိုမိုသာလွန်ပါတယ်။လူတစ်ယောက်မှာ မတူညီတဲ့ Skill တွေရှိတာကိုသဘောကျကြသလိုပဲကမ္ဘာ့နိုင်ငံတွေကြားပိုမိုလည်ပတ်ကျွမ်းဝင်လေလေ အလုပ်ရှင်တွေကသဘောကျလေလေပါပဲ။

Soft Skills တွေပါဝင်တဲ့ Resume
နည်းပညာကျွမ်းကျင်မှုတွေကအရေးပါတာမှန်ပေမယ့် Soft Skills တွေကိုဘယ်တော့မှချန်လှပ်ထားလို့ရမှာမဟုတ်ပါဘူး။လိုက်လျောညီ ထွေရှိခြင်း၊ သိလွယ်တတ်လွယ်ခြင်း၊ဆက်သွယ်ပြောဆိုမှုအားကောင်းခြင်း၊ စကားပြောဆိုတတ်ခြင်း၊ ပြဿနာကိုဖြေရှင်းနိုင်စွမ်းရှိခြင်း၊ EQ ကောင်းခြင်း၊ တီထွင်ဖန်တီးမှုရှိခြင်း စတဲ့အရာတွေက Resume တိုင်းမှာပါဝင်နေရဦးမှာပဲဖြစ်ပါတယ်။ဒါတွေကတော့ 2024 အ တွက် ထိပ်ဆုံးမှာနေရာယူထားတဲ့ Resume စတိုင်လ်တွေပါ။ 2024 မှာပိုကောင်းမွန်ပြည့်စုံတဲ့ Resume တွေနဲ့အတူ အကောင်းဆုံးသောအလုပ်အကိုင်တွေကိုရရှိနိုင်ကြပါစေ။

Ju Ju

zawgyi

2024 မွာ ကိုယ့္ရဲ႕ Personal Goal ေရာ Career Goal ေတြပါေအာင္ျမင္ႏိုင္ဖို႔တတ္ႏိုင္သမွ်ႀကိဳးစားေနၾကမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ဒီႏွစ္မွာအလုပ္ေနရာအေျပာင္းအလဲလုပ္မယ့္သူေတြ၊ အလုပ္သစ္စတင္ရွာေဖြမယ့္သူေတြအေနနဲ႔ ေခတ္စားေနတဲ့ Resume ပုံစံေတြကို စိတ္ဝင္စားမယ္လို႔ထင္မိပါတယ္။ ဒါ့ေၾကာင့္လည္းဒီႏွစ္အတြက္ ထိပ္ဆုံးမွာရွိေနတဲ့ Resume Trend ေတြအေၾကာင္းကိုမွ်ေဝေပးလိုက္ပါတယ္။

Storytelling ကြၽမ္းက်င္တဲ့ Resume
ကိုယ့္ရဲ႕ အလုပ္နဲ႔ပတ္သက္တဲ့ Experience ၊ ကိုယ့္ရဲ႕ Passion ေတြကို စိတ္ဝင္စားဖြယ္ေကာင္းေအာင္စြဲမက္ဖြယ္ေကာင္းေအာင္ေရးသားတတ္ျခင္းက ကိုယ့္ရဲ႕ Resume ကိုထူးျခားဆန္းသစ္ေနေစပါတယ္။ဇာတ္လမ္းပုံျပင္ကိုလူတိုင္းကႀကိဳက္ၾကၿပီး အခ်က္အလက္ထက္ဇာတ္လမ္းကိုပိုမွတ္မိၾကတာလည္းသဘာဝပါပဲ။ ဒါ့ေၾကာင့္ ကိုယ့္အေၾကာင္းကို Storytelling ေကာင္းေကာင္းနဲ႔တင္ျပတတ္ဖို႔လုပ္ ေဆာင္သင့္ပါတယ္။ ဒါကကိုယ့္ရဲ႕တီထြင္ဖန္တီးမႈ Skill နဲ႔ေတြးေခၚတတ္မႈကိုျပသတာျဖစ္သလိုကိုယ့္ရဲ႕ဇာတ္လမ္းမွတဆင့္ ကိုယ့္ကိုအၿမဲလိုမွတ္မိသြားေစႏိုင္ပါတယ္။

AI နဲ႔အကြၽမ္းတဝင္ရွိတဲ့ Resume
အလုပ္အကိုင္ရွာေဖြေရးလုပ္ငန္းေတြမွာ AI ကိုလည္းအမ်ားႀကီးအသုံးခ်ေနပါတယ္။ ရာေထာင္ခ်ီတဲ့အလုပ္ေလွ်ာက္လႊာေတြကိုလက္ခံရတဲ့ ကုမၸဏီႀကီးေတြဆိုရင္ Applicant Tracking System လို႔ေခၚတဲ့အလုပ္ေလွ်ာက္လႊာေတြအတြက္ေျခရာခံစနစ္ကို သုံးတတ္ၾကပါတယ္။ ကိုယ့္ Resume မွာေဖာ္ျပထားတဲ့စကားလုံးေတြ၊ Keywords ေတြက သူတို႔လိုခ်င္တဲ့ Skill ေတြနဲ႔ကိုက္ညီတယ္ဆိုရင္ AI ကဒီ Resume ကိုေ႐ြးထုတ္ေပးသြားမွာပဲျဖစ္ပါတယ္။ ဒီလို AI နဲ႔ကနဦးေ႐ြးခ်ယ္ၿပီးတဲ့ Resume ေတြကသာ မန္ေနဂ်ာနဲ႔အလုပ္ရွင္ေတြလက္ထဲကိုဆက္ၿပီးေရာက္ရွိသြားမွာပါ။

Skills-Based Resume
ကိုယ္ဘာလုပ္ႏိုင္ပါတယ္၊ ဘာကိုကြၽမ္းက်င္ပါတယ္ဆိုတာကို တိတိက်က်ေဖာ္ျပထားတဲ့ Resume ေတြက အလုပ္အကိုင္ရွာေဖြရာမွာ အၿမဲလိုေရွ႕ကိုေရာက္ေစပါတယ္။ ရရွိခဲ့တဲ့လက္မွတ္ေတြ၊ ဓာတ္ပုံေတြ၊စာ႐ြက္စာတမ္းေတြ ျပည့္ျပည့္စုံစုံေဖာ္ျပမယ္ဆိုရင္ မန္ေနဂ်ာေတြက
အလုပ္ရဲ႕လိုအပ္ခ်က္နဲ႔ကိုက္ညီမႈရွိ၊မရွိကို ျမန္ျမန္ဆုံးျဖတ္ႏိုင္မွာျဖစ္ပါတယ္။ ဒါက Resume အမ်ားႀကီးၾကားကေန ခုန္ထြက္လာႏိုင္ၿပီး အလြယ္တကူအလုပ္ရသြားႏိုင္ပါတယ္။

ဘာသာစကားကြၽမ္းက်င္မႈကိုေဖာ္ျပတဲ့ Resume
မတူညီတဲ့ဘာသာစကားေတြကိုေျပာဆိုႏိုင္တာ၊ ေရးဖတ္ႏိုင္တာ၊ မတူညီတဲ့ယဥ္ေက်းမႈဓေလ့ေတြၾကားမွာေနထိုင္လုပ္ကိုင္ဖူးတာစတဲ့သူေတြက အလုပ္ရဖို႔အခြင့္အလမ္းေတြပိုမိုသာလြန္ပါတယ္။လူတစ္ေယာက္မွာ မတူညီတဲ့ Skill ေတြရွိတာကိုသေဘာက်ၾကသလိုပဲကမာၻ႔ႏိုင္ငံေတြၾကားပိုမိုလည္ပတ္ကြၽမ္းဝင္ေလေလ အလုပ္ရွင္ေတြကသေဘာက်ေလေလပါပဲ။

Soft Skills ေတြပါဝင္တဲ့ Resume
နည္းပညာကြၽမ္းက်င္မႈေတြကအေရးပါတာမွန္ေပမယ့္ Soft Skills ေတြကိုဘယ္ေတာ့မွခ်န္လွပ္ထားလို႔ရမွာမဟုတ္ပါဘူး။လိုက္ေလ်ာညီ ေထြရွိျခင္း၊ သိလြယ္တတ္လြယ္ျခင္း၊ဆက္သြယ္ေျပာဆိုမႈအားေကာင္းျခင္း၊ စကားေျပာဆိုတတ္ျခင္း၊ ျပႆနာကိုေျဖရွင္းႏိုင္စြမ္းရွိျခင္း၊ EQ ေကာင္းျခင္း၊ တီထြင္ဖန္တီးမႈရွိျခင္း စတဲ့အရာေတြက Resume တိုင္းမွာပါဝင္ေနရဦးမွာပဲျဖစ္ပါတယ္။ဒါေတြကေတာ့ 2024 အ တြက္ ထိပ္ဆုံးမွာေနရာယူထားတဲ့ Resume စတိုင္လ္ေတြပါ။ 2024 မွာပိုေကာင္းမြန္ျပည့္စုံတဲ့ Resume ေတြနဲ႔အတူ အေကာင္းဆုံးေသာအလုပ္အကိုင္ေတြကိုရရွိႏိုင္ၾကပါေစ။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*