စိတ်ဖိစီးစရာမလိုဘဲ နေ့စဉ်အလုပ်ဘယ်လိုရှာမလဲ – အပိုင်း (၁)

အလုပ်ရှာရတာက သင့်အတွက် စိတ်ဖိစီးစရာ၊ စိတ်ပူပန်စရာတွေဖြစ်စေမှာ အမှန်ပါပဲ။အလုပ်တခုရဖို့က ဒီအချက်တွေကို လိုက်နာမယ်ဆိုရင် သင့်အတွက်အလုပ်ရှာဖွေရေးလမ်းစဉ်က အများကြီးမခက်ခဲနိုင်ပါဘူး။အခွင့်အလမ်းဂျာနယ်ပရိသတ်လေးတွေအတွက် ဒီအချက်တွေက အလုပ်ရှာဖွေတဲ့အခါမှာသင့်ရဲ့စိတ်ဖိစီးမှုကို အများကြီးလျှော့ချပေးနိုင်ပါလိမ့်မယ်။

မိမိကိုယ်ကို အကဲဖြတ်ခြင်း
သင့်ကိုယ်သင် မေးခွန်းတွေများများမေးခြင်းက ကိုယ်တိုင်အကဲဖြတ်ဖို့အတွက်လုပ်ဆောင်မှုပထမအဆင့်ဖြစ်ပြီး အင်မတန်ရိုးရှင်ပါတယ်။ ဒီမေးခွန်းတွေကသင်ဘယ်သူဘယ်ဝါဖြစ်ကြောင်းနဲ့ သင်ဘာလုပ်ချင်လဲ၊ သင်ဘာတွေစိတ်ဝင်စားလဲဆိုတာကိုသိသာစေနိုင်ပါတယ်။ ကိုယ်ဘာလိုချင်သလဲဆိုတာကို ကိုယ်တိုင်သိမှအလုပ်ရှာဖွေရေးလမ်းစဉ်က မြန်ဆန်နိုင်မှာဖြစ်ပြီးသင်ဘာတွေလိုအပ်နေသလဲဆိုတာသေချာသိမှလည်း အဲဒီလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် လေ့လာအကဲဖြတ်မှုကိုအဆက် မပြတ်လုပ်ဆောင်သင့်ပါတယ်။

ကိုယ့်ရဲ့အလုပ်လျှောက်လွှာကို အဆင့်မြှင့်ပါ
ဆိုလိုချင်တာကတော့ သင့်ရဲ့ကိုယ်ရေးအချက်အလက်အပြင် သင့်ရဲ့အရည်အချင်းများနဲ့အောင်မြင်မှုများကို အလုပ်လျှောက်လွှာမှာ မြင် သာအောင်သေသေချာချာထည့်သွင်းဖို့လိုပါတယ်။ အလုပ်လျှောက်လွှာတစောင်ကပထမဆုံးပစ်လွှတ်လိုက်တဲ့ မြားတစင်းပါပဲ။ ပစ်မှတ်ကိုထိဖို့ဆိုရင် ပထမဆုံးမြားတစင်းကိုသေချာပြင်ဆင်သင့်ပါတယ်။

အလုပ်ခေါ်စာ ဝက်ဆိုက်ဘ်များ၊ နက်ဝက်ခ်များများနဲ့ချိတ်ဆက်ထားပါ
အလုပ်ခေါ်စာဝက်ဆိုက်ဘ်တွေ၊ နက်ဝက်ခ်တွေကတဆင့်သင်လိုချင်တဲ့အလုပ်အကိုင်နဲ့ပတ်သက်ပြီး အကြံဉာဏ်ရနိုင်ပါတယ်။သတင်း အချက်အလက်ရနိုင်ပါတယ်။ နောက်ပြီး ကိုယ်သတိမထားမိတဲ့အလုပ်အကိုင်အခွင့်အလမ်းတွေကိုလည်း သိရနိုင်ပါတယ်။ ဒီအချက်က တော့နေ့စဉ်အလုပ်ရှာဖွေမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတခုဖြစ်ပါတယ်။မနက်ဖြန်မှာတော့ အလုပ်ရှာဖွေတဲ့အခါ စိတ်ဖိစီးမှုကင်းကင်းနဲ့ရှာဖွေနိုင်မယ့် အချက်တွေကိုဆက်လက်မျှဝေသွားမှာဖြစ်ပါတယ်။ အခွင့်အလမ်းဂျာနယ်ကတဆင့် စောင့်ဖတ်ပေးပါဦးနော်။မှတ်ချက်တွေကိုလည်း ပေးခဲ့နိုင်ပါတယ်။

MYiT

zawgyi

အလုပ္ရွာရတာက သင့္အတြက္ စိတ္ဖိစီးစရာ၊ စိတ္ပူပန္စရာေတြျဖစ္ေစမွာ အမွန္ပါပဲ။အလုပ္တခုရဖို႔က ဒီအခ်က္ေတြကို လိုက္နာမယ္ဆိုရင္ သင့္အတြက္အလုပ္ရွာေဖြေရးလမ္းစဥ္က အမ်ားႀကီးမခက္ခဲႏိုင္ပါဘူး။အခြင့္အလမ္းဂ်ာနယ္ပရိသတ္ေလးေတြအတြက္ ဒီအခ်က္ေတြက အလုပ္ရွာေဖြတဲ့အခါမွာသင့္ရဲ႕စိတ္ဖိစီးမႈကို အမ်ားႀကီးေလွ်ာ့ခ်ေပးႏိုင္ပါလိမ့္မယ္။

မိမိကိုယ္ကို အကဲျဖတ္ျခင္း
သင့္ကိုယ္သင္ ေမးခြန္းေတြမ်ားမ်ားေမးျခင္းက ကိုယ္တိုင္အကဲျဖတ္ဖို႔အတြက္လုပ္ေဆာင္မႈပထမအဆင့္ျဖစ္ၿပီး အင္မတန္႐ိုးရွင္ပါတယ္။ ဒီေမးခြန္းေတြကသင္ဘယ္သူဘယ္ဝါျဖစ္ေၾကာင္းနဲ႔ သင္ဘာလုပ္ခ်င္လဲ၊ သင္ဘာေတြစိတ္ဝင္စားလဲဆိုတာကိုသိသာေစႏိုင္ပါတယ္။ ကိုယ္ဘာလိုခ်င္သလဲဆိုတာကို ကိုယ္တိုင္သိမွအလုပ္ရွာေဖြေရးလမ္းစဥ္က ျမန္ဆန္ႏိုင္မွာျဖစ္ၿပီးသင္ဘာေတြလိုအပ္ေနသလဲဆိုတာေသခ်ာသိမွလည္း အဲဒီလိုအပ္ခ်က္ကိုျဖည့္ဆည္းႏိုင္မွာျဖစ္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ ေလ့လာအကဲျဖတ္မႈကိုအဆက္ မျပတ္လုပ္ေဆာင္သင့္ပါတယ္။

ကိုယ့္ရဲ႕အလုပ္ေလွ်ာက္လႊာကို အဆင့္ျမႇင့္ပါ
ဆိုလိုခ်င္တာကေတာ့ သင့္ရဲ႕ကိုယ္ေရးအခ်က္အလက္အျပင္ သင့္ရဲ႕အရည္အခ်င္းမ်ားနဲ႔ေအာင္ျမင္မႈမ်ားကို အလုပ္ေလွ်ာက္လႊာမွာ ျမင္ သာေအာင္ေသေသခ်ာခ်ာထည့္သြင္းဖို႔လိုပါတယ္။ အလုပ္ေလွ်ာက္လႊာတေစာင္ကပထမဆုံးပစ္လႊတ္လိုက္တဲ့ ျမားတစင္းပါပဲ။ ပစ္မွတ္ကိုထိဖို႔ဆိုရင္ ပထမဆုံးျမားတစင္းကိုေသခ်ာျပင္ဆင္သင့္ပါတယ္။

အလုပ္ေခၚစာ ဝက္ဆိုက္ဘ္မ်ား၊ နက္ဝက္ခ္မ်ားမ်ားနဲ႔ခ်ိတ္ဆက္ထားပါ
အလုပ္ေခၚစာဝက္ဆိုက္ဘ္ေတြ၊ နက္ဝက္ခ္ေတြကတဆင့္သင္လိုခ်င္တဲ့အလုပ္အကိုင္နဲ႔ပတ္သက္ၿပီး အႀကံဉာဏ္ရႏိုင္ပါတယ္။သတင္း အခ်က္အလက္ရႏိုင္ပါတယ္။ ေနာက္ၿပီး ကိုယ္သတိမထားမိတဲ့အလုပ္အကိုင္အခြင့္အလမ္းေတြကိုလည္း သိရႏိုင္ပါတယ္။ ဒီအခ်က္က ေတာ့ေန႔စဥ္အလုပ္ရွာေဖြမႈအတြက္ မရွိမျဖစ္လိုအပ္တဲ့ အစိတ္အပိုင္းတခုျဖစ္ပါတယ္။မနက္ျဖန္မွာေတာ့ အလုပ္ရွာေဖြတဲ့အခါ စိတ္ဖိစီးမႈကင္းကင္းနဲ႔ရွာေဖြႏိုင္မယ့္ အခ်က္ေတြကိုဆက္လက္မွ်ေဝသြားမွာျဖစ္ပါတယ္။ အခြင့္အလမ္းဂ်ာနယ္ကတဆင့္ ေစာင့္ဖတ္ေပးပါဦးေနာ္။မွတ္ခ်က္ေတြကိုလည္း ေပးခဲ့ႏိုင္ပါတယ္။

MYiT

Be the first to comment

Leave a Reply

Your email address will not be published.


*