အလုပ်ပြောင်းရတာကိုသဘောအကျဆုံးရာသီခွင်များ

Woman working on laptop online, checking emails and planning on the internet while sitting in an office alone at work. Business woman, corporate professional or manager searching the internet

တချို့သောသူတွေဟာ တစ်နေရာတည်းမှာနှစ်တွေအကြာကြီး ကျောက်ချပြီးအလုပ်မလုပ်ချင်ကြဘဲအလုပ်တစ်ခုပြီးတစ်ခုပြောင်းရတာကို သဘောကျတာမျိုးရှိကြပါတယ်။ သူတို့ဟာ ငွေမက်လို့၊လစာတွေအများကြီးလိုချင်လို့ဆိုတာမျိုးမဟုတ်ဘဲ အသစ်အသစ်ရှာဖွေရတာကိုသဘောကျသူတွေဖြစ်နေကြတာပါ။ ဒီလိုမျိုးအလုပ်ပြောင်းရတာကိုနှစ်သက်တဲ့ရာသီခွင်တွေကိုဖော်ပြရမယ်ဆိုရင်…

Aquarius (ဇန်နဝါရီ 20 – ဖေဖော်ဝါရီ 18)
အလုပ်ပြောင်းရတာသဘောအကျဆုံးရာသီခွင်တွေထဲမှာ ထိပ်ဆုံးကပါဝင်နေသူတွေကတော့ Aquarius တွေပဲဖြစ်ကြပါတယ်။ သူတို့က ဘေးပတ်ဝန်းကျင်ရဲ့ပြောစကားတွေကိုဂရုမစိုက်တတ်သလိုဆုံးဖြတ်ပြီးရင်လည်းနောင်တရခဲသူတွေဖြစ်ကြပါတယ်။ လုပ်ငန်းခွင်တစ်နေရာတည်းမှာဆွေးမြည့်နေအောင်မလုပ်ချင်တတ်တာက သူတို့ရဲ့သဘာဝဖြစ်ပါတယ်။အလုပ်အတွက်နဲ့ ဘဝအဓိပ္ပါယ်ပျောက်ဆုံးမှာကိုသဘောမကျဆုံးသူတွေမို့ စိတ်ပင်ပန်းလာတဲ့အခါ၊ Stress ကြောင့်ကျန်းမာရေးထိခိုက်လာတဲ့အခါ အလုပ်ထွက်ပစ်တတ်ကြသူမျိုးတွေပါ။

Pisces (ဖေဖော်ဝါရီ 19 – မတ် 20)
သူတို့ကတော့ ရည်မှန်းချက်ကြီးကြသူတွေဖြစ်ပါတယ်။ လုပ်ငန်းခွင်တစ်ခုဟာ သူတို့အတွက်တိုးတက်ရာတိုးတက်ကြောင်းမလုပ်ဆောင်ပေးနိုင်ဘူးလို့ထင်ရင် အဲဒီကနေထွက်ပစ်တတ်ကြပါတယ်။အလုပ်မှာကောင်းကောင်းလေ့လာနိုင်စွမ်း အကဲဖြတ်နိုင်စွမ်းရှိသူတွေမို့သူတို့အတွက်အခွင့်အလမ်းအသစ်ကို မြန်မြန်ရှာဖွေနိုင်စွမ်းရှိကြပါတယ်။ ဒါ့ကြောင့်လည်းကောင်းသထက်ကောင်းမယ့်အလုပ်တွေဆီ ပြောင်းလေ့ရှိကြတာဖြစ်ပါတယ်။

Capricorn (ဒီဇင်ဘာ 22 – ဇန်နဝါရီ 19)
ပတ်ဝန်းကျင်အသစ်ကိုသဘောကျတတ်တာ၊ အဆင်မပြေတဲ့အခါသည်းခံပြီးမနေတတ်တာက Capricorn တွေဖြစ်ကြပါတယ်။ သူတို့ဟာ သူတို့သည်းခံနိုင်တဲ့အတိုင်းအတာကုန်ပြီ၊ဘာမှလည်းပြောင်းလဲမလာဘူးဆိုရင်တော့ ဘယ်သူ့ကိုမှမငဲ့ဘဲချန်ထားနိုင်ခဲ့ကြသူတွေဖြစ်ပါတယ်။ကိုယ့်ရည်ရွယ်ချက်ကိုကောင်းကောင်းသိပြီး အလုပ်သစ်ရှာဖွေတဲ့နေရာမှာစိတ်ရှည်တတ်သူတွေမို့သူတို့အကူးအပြောင်းလုပ်တဲ့အခါ အမှားနည်းပြီးဆုံးရှုံးမှုနည်းတတ်ကြပါတယ်။

Gemini (မေ 21 – ဇွန် 20)
Gemini တွေဟာ အလုပ်တစ်ခုမှာ 2 နှစ်လောက်လုပ်ပြီးပြီဆိုရင် အဲဒီအလုပ်အကြောင်း၊လုပ်ဖော်ကိုင်ဖက်တွေအကြောင်း၊ လုပ်ငန်းခွင်အကြောင်းအကုန်နားလည်သွားပြီးအပြောင်းအလဲအသစ်တစ်ခု လုပ်ချင်လာတတ်တာကသဘာဝဖြစ်ပါတယ်။စွန့်စားဖို့မကြောက်ရွံ့တတ်တဲ့ဒီရာသီခွင်ဟာ အလုပ်အကိုင်မှာလည်း ကံကောင်းတတ်ကြပါတယ်။ပတ်ဝန်းကျင်အသစ်မှာလည်း မြန်မြန်အသားကျလွယ် ကြပါတယ်။

Libra (စက်တင်ဘာ 22 – အောက်တိုဘာ 23)
လုပ်ငန်းခွင်တစ်ခုမှာ စိတ်ရှည်သည်းခံပြီးလုပ်ကိုင်နိုင်ကြသူတွေထဲမှာ Libra ရာသီခွင်သမားတွေပါဝင်ပါတယ်။ ဒါပေမဲ့တစ်နေရာတည်းမှာသစ္စာရှိရှိနေဖို့ကိုတော့သိပ်ပြီးဆန္ဒမရှိတတ်ကြပါဘူး။ သူတို့ဟာ အလုပ်ကိုအားသွန်ခွန်စိုက်ကြိုးပမ်းတတ်သူတွေမို့ ပင်ပန်းလွန်းသွားတဲ့အခါ အလုပ်ကိုနားပစ်တတ်ကြပါတယ်။မိသားစုနဲ့အချိန်ဖြုန်းရတာ၊ ကိုယ်ပိုင်အချိန်ယူရတာကိုသဘောကျတတ်သူတွေမို့ အလုပ်ဝန်ပိလာတဲ့အခါမခံစားနိုင်တော့ဘဲ တခြားအလုပ်တစ်ခုဆီကူးပြောင်းလေ့ရှိကြတာဖြစ်ပါတယ်။ဒါတွေကတော့ အလုပ်ပြောင်းရတာကိုအ ကြိုက်ဆုံးရာသီခွင်တွေဖြစ်ကြပါတယ်။ ဒီအထဲမှာကိုယ့်ရာသီခွင်ပါနေတယ်ဆိုရင် ဟုတ်၊မဟုတ်၊ မှန်၊ မမှန် ပြောခဲ့နိုင်ပါတယ်နော်။

Ju Ju

zawgyi

တခ်ိဳ႕ေသာသူေတြဟာ တစ္ေနရာတည္းမွာႏွစ္ေတြအၾကာႀကီး ေက်ာက္ခ်ၿပီးအလုပ္မလုပ္ခ်င္ၾကဘဲအလုပ္တစ္ခုၿပီးတစ္ခုေျပာင္းရတာကို သေဘာက်တာမ်ိဳးရွိၾကပါတယ္။ သူတို႔ဟာ ေငြမက္လို႔၊လစာေတြအမ်ားႀကီးလိုခ်င္လို႔ဆိုတာမ်ိဳးမဟုတ္ဘဲ အသစ္အသစ္ရွာေဖြရတာကိုသေဘာက်သူေတြျဖစ္ေနၾကတာပါ။ ဒီလိုမ်ိဳးအလုပ္ေျပာင္းရတာကိုႏွစ္သက္တဲ့ရာသီခြင္ေတြကိုေဖာ္ျပရမယ္ဆိုရင္…

Aquarius (ဇန္နဝါရီ 20 – ေဖေဖာ္ဝါရီ 18)
အလုပ္ေျပာင္းရတာသေဘာအက်ဆုံးရာသီခြင္ေတြထဲမွာ ထိပ္ဆုံးကပါဝင္ေနသူေတြကေတာ့ Aquarius ေတြပဲျဖစ္ၾကပါတယ္။ သူတို႔က ေဘးပတ္ဝန္းက်င္ရဲ႕ေျပာစကားေတြကိုဂ႐ုမစိုက္တတ္သလိုဆုံးျဖတ္ၿပီးရင္လည္းေနာင္တရခဲသူေတြျဖစ္ၾကပါတယ္။ လုပ္ငန္းခြင္တစ္ေနရာတည္းမွာေဆြးျမည့္ေနေအာင္မလုပ္ခ်င္တတ္တာက သူတို႔ရဲ႕သဘာဝျဖစ္ပါတယ္။အလုပ္အတြက္နဲ႔ ဘဝအဓိပၸါယ္ေပ်ာက္ဆုံးမွာကိုသေဘာမက်ဆုံးသူေတြမို႔ စိတ္ပင္ပန္းလာတဲ့အခါ၊ Stress ေၾကာင့္က်န္းမာေရးထိခိုက္လာတဲ့အခါ အလုပ္ထြက္ပစ္တတ္ၾကသူမ်ိဳးေတြပါ။

Pisces (ေဖေဖာ္ဝါရီ 19 – မတ္ 20)
သူတို႔ကေတာ့ ရည္မွန္းခ်က္ႀကီးၾကသူေတြျဖစ္ပါတယ္။ လုပ္ငန္းခြင္တစ္ခုဟာ သူတို႔အတြက္တိုးတက္ရာတိုးတက္ေၾကာင္းမလုပ္ေဆာင္ေပးႏိုင္ဘူးလို႔ထင္ရင္ အဲဒီကေနထြက္ပစ္တတ္ၾကပါတယ္။အလုပ္မွာေကာင္းေကာင္းေလ့လာႏိုင္စြမ္း အကဲျဖတ္ႏိုင္စြမ္းရွိသူေတြမို႔သူတို႔အတြက္အခြင့္အလမ္းအသစ္ကို ျမန္ျမန္ရွာေဖြႏိုင္စြမ္းရွိၾကပါတယ္။ ဒါ့ေၾကာင့္လည္းေကာင္းသထက္ေကာင္းမယ့္အလုပ္ေတြဆီ ေျပာင္းေလ့ရွိၾကတာျဖစ္ပါတယ္။

Capricorn (ဒီဇင္ဘာ 22 – ဇန္နဝါရီ 19)
ပတ္ဝန္းက်င္အသစ္ကိုသေဘာက်တတ္တာ၊ အဆင္မေျပတဲ့အခါသည္းခံၿပီးမေနတတ္တာက Capricorn ေတြျဖစ္ၾကပါတယ္။ သူတို႔ဟာ သူတို႔သည္းခံႏိုင္တဲ့အတိုင္းအတာကုန္ၿပီ၊ဘာမွလည္းေျပာင္းလဲမလာဘူးဆိုရင္ေတာ့ ဘယ္သူ႔ကိုမွမငဲ့ဘဲခ်န္ထားႏိုင္ခဲ့ၾကသူေတြျဖစ္ပါတယ္။ကိုယ့္ရည္႐ြယ္ခ်က္ကိုေကာင္းေကာင္းသိၿပီး အလုပ္သစ္ရွာေဖြတဲ့ေနရာမွာစိတ္ရွည္တတ္သူေတြမို႔သူတို႔အကူးအေျပာင္းလုပ္တဲ့အခါ အမွားနည္းၿပီးဆုံးရႈံးမႈနည္းတတ္ၾကပါတယ္။

Gemini (ေမ 21 – ဇြန္ 20)
Gemini ေတြဟာ အလုပ္တစ္ခုမွာ 2 ႏွစ္ေလာက္လုပ္ၿပီးၿပီဆိုရင္ အဲဒီအလုပ္အေၾကာင္း၊လုပ္ေဖာ္ကိုင္ဖက္ေတြအေၾကာင္း၊ လုပ္ငန္းခြင္အေၾကာင္းအကုန္နားလည္သြားၿပီးအေျပာင္းအလဲအသစ္တစ္ခု လုပ္ခ်င္လာတတ္တာကသဘာဝျဖစ္ပါတယ္။စြန႔္စားဖို႔မေၾကာက္႐ြံ႕တတ္တဲ့ဒီရာသီခြင္ဟာ အလုပ္အကိုင္မွာလည္း ကံေကာင္းတတ္ၾကပါတယ္။ပတ္ဝန္းက်င္အသစ္မွာလည္း ျမန္ျမန္အသားက်လြယ္ ၾကပါတယ္။

Libra (စက္တင္ဘာ 22 – ေအာက္တိုဘာ 23)
လုပ္ငန္းခြင္တစ္ခုမွာ စိတ္ရွည္သည္းခံၿပီးလုပ္ကိုင္ႏိုင္ၾကသူေတြထဲမွာ Libra ရာသီခြင္သမားေတြပါဝင္ပါတယ္။ ဒါေပမဲ့တစ္ေနရာတည္းမွာသစၥာရွိရွိေနဖို႔ကိုေတာ့သိပ္ၿပီးဆႏၵမရွိတတ္ၾကပါဘူး။ သူတို႔ဟာ အလုပ္ကိုအားသြန္ခြန္စိုက္ႀကိဳးပမ္းတတ္သူေတြမို႔ ပင္ပန္းလြန္းသြားတဲ့အခါ အလုပ္ကိုနားပစ္တတ္ၾကပါတယ္။မိသားစုနဲ႔အခ်ိန္ျဖဳန္းရတာ၊ ကိုယ္ပိုင္အခ်ိန္ယူရတာကိုသေဘာက်တတ္သူေတြမို႔ အလုပ္ဝန္ပိလာတဲ့အခါမခံစားႏိုင္ေတာ့ဘဲ တျခားအလုပ္တစ္ခုဆီကူးေျပာင္းေလ့ရွိၾကတာျဖစ္ပါတယ္။ဒါေတြကေတာ့ အလုပ္ေျပာင္းရတာကိုအ ႀကိဳက္ဆုံးရာသီခြင္ေတြျဖစ္ၾကပါတယ္။ ဒီအထဲမွာကိုယ့္ရာသီခြင္ပါေနတယ္ဆိုရင္ ဟုတ္၊မဟုတ္၊ မွန္၊ မမွန္ ေျပာခဲ့ႏိုင္ပါတယ္ေနာ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*