တစုံတယောက်ကို မချစ်နိုင်တော့တဲ့အကြောင်း ဘယ်လိုငြင်းမလဲ

လူတွေက ငါ မင်းကို ချစ်တယ်လို့ ပြောတာက အချစ်ရေးမှာ ကြီးမားတဲ့ ခြေလှမ်းတစ်ခုလို့ယူဆလေ့ရှိပါတယ်။ ဒါပေမယ့် သင် သူတို့ကို မချစ်သေးတာ ဒါမှမဟုတ် မချစ်သေးကြောင်းနဲ့သင် ဘယ်လိုခံစားရတယ်ဆိုတာ မသေချာဘူးလို့ တစ်စုံတစ်ယောက်ကို ပြောပြဖို့လိုအပ်တဲ့အခါမှာတော့ ဒါကိုဘယ်လိုပြောရမလဲဆိုတာက ပိုပြီးအရေးကြီးလာပါတယ်။အချစ်က ရှုပ်ထွေးပါတယ်။ အရင်က ချစ်ခဲ့ပြီး အခုမချစ်တော့တာလည်းဖြစ်နိုင်ပါတယ်။ဒီလိုအခြေအနေတွေမှာ သူ့ကိုမချစ်တဲ့အကြောင်း ဘယ်လိုပြောမလဲ။

ကိုယ်လုပ်ချင်တာကို သေချာအောင်လုပ်ပါ

လက်တွဲဖော်ကို ပြောပြဖို့ ဒါမှမဟုတ် သင်သူတို့ကိုမချစ်တော့ကြောင်း၊ မချစ်နိုင်ကြောင်းကိုသေချာတဲ့ စဉ်းစားဆုံးဖြတ်မှုတခုပြုလုပ်ပြီးမှသာ ပြောသင့်ပါတယ်။ဒီလိုလုပ်ချင်တာသေချာရဲ့လားဆိုတာ ကိုယ်ကိုယ်တိုင် သေချာဖို့လိုပါတယ်။ဆိုလိုတာက မင်းရဲ့ခံစားချက်တွေကို လိမ်ညာနေတာ ဒါမှမဟုတ် ဆိုးရွားတဲ့ရန်ပွဲတခုကြောင့်မင်းစိတ်ဆိုးနေတာမျိုးကြောင့်ဆိုရင် မင်းအနေနဲ့ စိတ်အေးသွားတဲ့အချိန်မှာဆုံး ဖြတ်ချက်တခုကို သေချာ ချသင့်ပါတယ်။ စိတ်ဆိုးနေတုန်းမို့ မချစ်တော့ဘူးဆိုတာကခဏတာခံစားချက်ဖြစ်နိုင်ပါတယ်။ ဒါကသေချာတဲ့ ခံစားချက်တခုမဟုတ်လို့ပါ။

ခံစားချက်များပြောင်းလဲသွားတာကို သူတို့ကိုဦးစွာပြောပါ

ခံစားချက်များ ပြောင်းလဲခြင်းအကြောင်း သူတို့ကို ဦးစွာပြောသင့်ပါတယ်။မြင်မြင်ချင်းအချစ်ရေးမှာ မျှော်လင့်ချက်များစွာရျိပေမဲ့ အချစ်ရေးခံစားချက်များကအချိန်နဲ့အမျှ ဖြစ်တည်လာတတ်ပါတယ်။ တူညီတဲ့ ခံစားချက်တွေက နေ့ချင်းညချင်းကွယ်ပျောက်သွားရိုး ထုံးစံမရှိပါဘူး။ လက်တွဲဖော်ကို စိတ်ဝင်စားမှုမရှိတော့တဲ့ပထမဆုံးလက္ခဏာ အနည်းငယ်ကိုစတင်ခံစားရတဲ့အခါသူတို့နဲ့ အရင်စကားပြောဖို့
အမြဲတမ်းအကြံပြုလိုပါတယ်။ဆိုလိုတာက သင့်ခံစားချက်အပြောင်းအလဲများ ဒါမှမဟုတ်ဆက်ဆံရေးအပေါ်သင်ဘယ်လိုရှုမြင်သလဲဆိုတာ ပြောဆိုဖို့ အချိန်ယူတာကိုဆိုလိုပါတယ်။ဒီအားထုတ်မှုက သင့်ဆက်ဆံရေးကိုပြန်လည်ရှင်သန်ဖို့ ကူညီပေးနိုင်ပါတယ်။ အလားတူပဲ
ဒီရွေးချယ်မှုက ချစ်ခြင်းမေတ္တာကို ငြင်းပယ်တာထက် ပိုပြီးနှစ်သက်ဖွယ်ကောင်းပါတယ်။

သင့်ခံစားချက်များကို ကြင်နာစွာပြောဆိုပါ

သင့်လုပ်ဖော်ကိုင်ဖက်နဲ့ စိုးရိမ်ပူပန်မှုများကို လေးလေးနက်နက်တွေးတောပြီးဆက်သွယ်ပြောဆိုပြီးနောက် သင့်ဆက်ဆံရေးအပေါ် မကျေနပ်မှုများ ရှိနေနိုင်ပါတယ်။သင့်ရွေးချယ်မှုကို ညင်သာစွာမျှဝေပြီး တချိန်က ပြင်းထန်တဲ့ခံစားချက်တွေရှိခဲ့တဲ့သူအပေါ်မှာလေးစားမှုအပြည့်နဲ့ မျှဝေပေးသင့်ပါတယ်။ သူတို့ရဲ့ခံစားချက်တွေကိုပွင့်ပွင့်လင်းလင်းပြောခွင့်ရှိရပါမယ်။ သင့်ဆုံးဖြတ်ချက်ကိုအကောင်အ ထည်ဖော်ရာမှာတော့ကြင်နာမှုကိုဦးစားပေးဖို့ မမေ့သင့်ပါဘူး။ဦးစားပေးရန် မမေ့ပါနှင့်။

MYit

zawgyi

လူေတြက ငါ မင္းကို ခ်စ္တယ္လို႔ ေျပာတာက အခ်စ္ေရးမွာ ႀကီးမားတဲ့ ေျခလွမ္းတစ္ခုလို႔ယူဆေလ့ရွိပါတယ္။ ဒါေပမယ့္ သင္ သူတို႔ကို မခ်စ္ေသးတာ ဒါမွမဟုတ္ မခ်စ္ေသးေၾကာင္းနဲ႔သင္ ဘယ္လိုခံစားရတယ္ဆိုတာ မေသခ်ာဘူးလို႔ တစ္စုံတစ္ေယာက္ကို ေျပာျပဖို႔လိုအပ္တဲ့အခါမွာေတာ့ ဒါကိုဘယ္လိုေျပာရမလဲဆိုတာက ပိုၿပီးအေရးႀကီးလာပါတယ္။အခ်စ္က ရႈပ္ေထြးပါတယ္။ အရင္က ခ်စ္ခဲ့ၿပီး အခုမခ်စ္ေတာ့တာလည္းျဖစ္ႏိုင္ပါတယ္။ဒီလိုအေျခအေနေတြမွာ သူ႔ကိုမခ်စ္တဲ့အေၾကာင္း ဘယ္လိုေျပာမလဲ။

ကိုယ္လုပ္ခ်င္တာကို ေသခ်ာေအာင္လုပ္ပါ

လက္တြဲေဖာ္ကို ေျပာျပဖို႔ ဒါမွမဟုတ္ သင္သူတို႔ကိုမခ်စ္ေတာ့ေၾကာင္း၊ မခ်စ္ႏိုင္ေၾကာင္းကိုေသခ်ာတဲ့ စဥ္းစားဆုံးျဖတ္မႈတခုျပဳလုပ္ၿပီးမွသာ ေျပာသင့္ပါတယ္။ဒီလိုလုပ္ခ်င္တာေသခ်ာရဲ႕လားဆိုတာ ကိုယ္ကိုယ္တိုင္ ေသခ်ာဖို႔လိုပါတယ္။ဆိုလိုတာက မင္းရဲ႕ခံစားခ်က္ေတြကို လိမ္ညာေနတာ ဒါမွမဟုတ္ ဆိုး႐ြားတဲ့ရန္ပြဲတခုေၾကာင့္မင္းစိတ္ဆိုးေနတာမ်ိဳးေၾကာင့္ဆိုရင္ မင္းအေနနဲ႔ စိတ္ေအးသြားတဲ့အခ်ိန္မွာဆုံး ျဖတ္ခ်က္တခုကို ေသခ်ာ ခ်သင့္ပါတယ္။ စိတ္ဆိုးေနတုန္းမို႔ မခ်စ္ေတာ့ဘူးဆိုတာကခဏတာခံစားခ်က္ျဖစ္ႏိုင္ပါတယ္။ ဒါကေသခ်ာတဲ့ ခံစားခ်က္တခုမဟုတ္လို႔ပါ။

ခံစားခ်က္မ်ားေျပာင္းလဲသြားတာကို သူတို႔ကိုဦးစြာေျပာပါ

ခံစားခ်က္မ်ား ေျပာင္းလဲျခင္းအေၾကာင္း သူတို႔ကို ဦးစြာေျပာသင့္ပါတယ္။ျမင္ျမင္ခ်င္းအခ်စ္ေရးမွာ ေမွ်ာ္လင့္ခ်က္မ်ားစြာရ်ိေပမဲ့ အခ်စ္ေရးခံစားခ်က္မ်ားကအခ်ိန္နဲ႔အမွ် ျဖစ္တည္လာတတ္ပါတယ္။ တူညီတဲ့ ခံစားခ်က္ေတြက ေန႔ခ်င္းညခ်င္းကြယ္ေပ်ာက္သြား႐ိုး ထုံးစံမရွိပါဘူး။ လက္တြဲေဖာ္ကို စိတ္ဝင္စားမႈမရွိေတာ့တဲ့ပထမဆုံးလကၡဏာ အနည္းငယ္ကိုစတင္ခံစားရတဲ့အခါသူတို႔နဲ႔ အရင္စကားေျပာဖို႔
အၿမဲတမ္းအႀကံျပဳလိုပါတယ္။ဆိုလိုတာက သင့္ခံစားခ်က္အေျပာင္းအလဲမ်ား ဒါမွမဟုတ္ဆက္ဆံေရးအေပၚသင္ဘယ္လိုရႈျမင္သလဲဆိုတာ ေျပာဆိုဖို႔ အခ်ိန္ယူတာကိုဆိုလိုပါတယ္။ဒီအားထုတ္မႈက သင့္ဆက္ဆံေရးကိုျပန္လည္ရွင္သန္ဖို႔ ကူညီေပးႏိုင္ပါတယ္။ အလားတူပဲ
ဒီေ႐ြးခ်ယ္မႈက ခ်စ္ျခင္းေမတၱာကို ျငင္းပယ္တာထက္ ပိုၿပီးႏွစ္သက္ဖြယ္ေကာင္းပါတယ္။

သင့္ခံစားခ်က္မ်ားကို ၾကင္နာစြာေျပာဆိုပါ

သင့္လုပ္ေဖာ္ကိုင္ဖက္နဲ႔ စိုးရိမ္ပူပန္မႈမ်ားကို ေလးေလးနက္နက္ေတြးေတာၿပီးဆက္သြယ္ေျပာဆိုၿပီးေနာက္ သင့္ဆက္ဆံေရးအေပၚ မေက်နပ္မႈမ်ား ရွိေနႏိုင္ပါတယ္။သင့္ေ႐ြးခ်ယ္မႈကို ညင္သာစြာမွ်ေဝၿပီး တခ်ိန္က ျပင္းထန္တဲ့ခံစားခ်က္ေတြရွိခဲ့တဲ့သူအေပၚမွာေလးစားမႈအျပည့္နဲ႔ မွ်ေဝေပးသင့္ပါတယ္။ သူတို႔ရဲ႕ခံစားခ်က္ေတြကိုပြင့္ပြင့္လင္းလင္းေျပာခြင့္ရွိရပါမယ္။ သင့္ဆုံးျဖတ္ခ်က္ကိုအေကာင္အ ထည္ေဖာ္ရာမွာေတာ့ၾကင္နာမႈကိုဦးစားေပးဖို႔ မေမ့သင့္ပါဘူး။ဦးစားေပးရန္ မေမ့ပါႏွင့္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*