ဘီယွန်းဆေးရဲ့ရုပ်ရှင်အထူးပွဲကိုတက်ရောက်ခဲ့တဲ့တေလာဆွပ်ဖ်

နိုဝင်ဘာလ ၃၀ ရက်နေ့က လန်ဒန်မှာကျင်းပခဲ့တဲ့ ဘီယွန်းဆေးရဲ့ Renaissance ရုပ်ရှင်အထူးပွဲကိုတေလာဆွပ်ဖ်ကတက်ရောက်အားပေးခဲ့တယ်လို့သိရပါတယ်။၂၀၂၃ ခုနစ်အတွက် ဝင်ငွေအကောင်းဆုံး Music Tour တွေကိုကျင်းပနိုင်ခဲ့တဲ့သူတို့နှစ်ဦိးဟာတစ်ဦးကိုတစ်ဦးအ ရမ်းကိုပံ့ပိုးပေးကြတာကိုလည်းတွေ့မြင်ရပါတယ်။ အောက်တိုဘာလ ၁၁ ရက်နေ့က LA မှာပြုလုပ်ခဲ့တဲ့ တေလာဆွပ်ဖ်ရဲ့ The Eras Tour ရုပ်ရှင်မိတ်ဆက်ပွဲကိုလည်းဘီယွန်းဆေးကတက်ရောက်အားပေးခဲ့ပါတယ်။

ဘီယွန်းဆေးဟာ သူမရဲ့ Music Tour အတွင်း နိုင်ငံ ၁၂ နိုင်ငံထိသွားရောက်ပြီး ပွဲပေါင်း ၅၆ ပွဲအထိပြုလုပ်ကာ ဝင်ငွေ သန်းငါးရာကျော်အထိရရှိခဲ့တာပါ။ အနုပညာဖန်တီးမှုနဲ့အောင်မြင်မှုမှာအပြိုင်အဆိုင်လိုဖြစ်နေတဲ့ သူမတို့နှစ်ဦိးအနေနဲ့ တစ်ဦးအပေါ်တစ်ဦးပံ့ပိုးနေခြင်းဟာအတုယူချင်စရာနမူနာကောင်းတစ်ခုဖြစ် တယ်လို့ အားလုံးကမှတ်ချက်ပေးနေကြတာဖြစ်ပါတယ်။ဘီယွန်းဆေးရဲ့ Renaissance: A Film By Beyonce ဟာ ဒီဇင်ဘာလ ၁ ရက်နေ့မှာရုံတင်ပြသမှာဖြစ်ပြီးပထမတစ်ပတ်မှာတင် အမေရိကန်ဒေါ်လာ ၁၇ သန်းကနေ သန်း ၂၀ လောက်ထိဝင်ငွေရနိုင်တယ်လို့ Variety ကခန့်မှန်းထားပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*