ကမ္ဘာ့အကြီးဆုံး အိန္ဒိယ ရွေးကောက်ပွဲမှာ ဘောလိဝုဒ်နဲ့ ဘီလျှံနာတွေ မဲပေးခဲ့ကြ

အိန္ဒိယရဲ့ ဝန်ကြီးချုပ် မိုဒီက နောက်ထပ်ငါးနှစ်သက်တမ်းအတွက် ကြိုးပမ်းနေတဲ့ အိန္ဒိယရဲ့ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းမှာ ထင်ရှားကျော် ကြားသူများ၊ စက်မှုလုပ်ငန်းရှင်များနဲ့ဘီလျှံနာများ က တနင်္လာနေ့မှာ မဲပေးခဲ့ကြပါတယ်။ကမ္ဘာ့အကြီးဆုံးရွေးကောက်ပွဲလို့ ကမ္ဘာကသတ် မှတ်ထားတဲ့ ဒီရွေးကောက်ပွဲကို နိုင်ငံတဝန်းရှိမဲဆန္ဒနယ် ၄၂ခုမှာ တနင်္လာနေ့က သန်းနဲ့ချီတဲ့ မဲရုံများမှာ မဲပေးမှုကိုပြုလုပ်နေတာလည်းဖြစ်ပါတယ်။ဘောလိဝုဒ်မင်းသား Shah Rukh Khan က သူ့ရဲ့မိသားစုနဲ့အတူ မေလ ၂၀ရက်နေမှာမွမ်ဘိုင်းမြို့မှာ မဲပေးခဲ့ပါတယ်။ အမီတာဘချမ်းကလည်း ဆင်ခြေဖုံးရှိ မဲရုံတခုမှာ သူ့ရဲ့ဆန္ဒမဲကိုလာရောက်ထုတ်ဖော် နေတာကို မီဒီယာတွေက တွေ့ရှိခဲ့ကြပါတယ်။မဲပေးပိုင်ခွင့်ရှိတဲ့ အိန္ဒိယနိုင်ငံသားများအနေနဲ့ မဟာရရှ်တရာပြည်နယ်မှာ အခုတနင်္လာနေ့မှာကိုယ့်ရဲ့အခွင့်အရေးကိုအသုံးချရမယ်လို့ ခန်းက X မှာရေး သားထားပါတယ်။ နောက်ပြီးအန္ဒိယလူမျိုးတွေအနေနဲ့ ငါတို့ရဲ့တာဝန်ကိုထမ်းဆောင်ပြီး ငါတို့တိုင်းပြည်အတွက်အကောင်းဆုံးအကျိုးစီး ပွားကို အာရုံစိုက်ပြီး မဲပေးကြပါစို့ဆိုပြီးလည်း ရေးသားထားတာပါ။

ဒါ့အပြင် ရုပ်ရှင်သရုပ်ဆောင်များဖြစ်ကြတဲ့ Deepika Padukone နဲ့ Ranveer Singh တို့ဇနီးမောင်နှံ၊ ဘီလျှံနာ အန်ဘာနီတို့လည်း မဲလာပေးကြပါတယ်။တနင်္လာနေ့မှာ မင်းသားအရှေးကူးမားလည်း မဲလာပေးခဲ့ပါတယ်။ အိန္ဒယကဖွံ့ဖြိုးပြီးအားကောင်းလာစေရန် လိုလားကြောင်းလည်း ပြောကြားခဲ့ပါတယ်။ မင်းသားကအိန္ဒိယနိုင်ငံသားအဖြစ်ပြန်လည်လျှောက်ထားပြီးချိန်မှာ ပထမဆုံးပေးတဲ့ မဲလည်းဖြစ်ပါတယ်။ဘောလိဝုဒ်မင်းသမီး အက်ရှ်ဝါရီယားဘချမ်းလည်း မေလ ၂၀ရက်နေ့က မွမ်ဘိုင်းမြို့ကမဲရုံတခုမှာ မဲပေးခဲ့ပြီး သူမရဲ့လက်က မှင်ကိုပြသခဲ့ပါတယ်။အိန္ဒိယနိုင်ငံကလည်း ကမ္ဘာအပူဆုံးနိုင်ငံစာရင်းထဲဝင်နေပြီး မဲပေးခွင့်ရှိသူ လူစာရင်းကတော့ ၉၆၈ ဘီလီလျှံရှိပါတယ်။ ဇွန်လ တရက်နေ့မှာတော့ မဲရလဒ်ကိုသိရမယ်လို့မျှော်မှန်းထားကြပါတယ်။

MYit

zawgyi

အိႏၵိယရဲ႕ ဝန္ႀကီးခ်ဳပ္ မိုဒီက ေနာက္ထပ္ငါးႏွစ္သက္တမ္းအတြက္ ႀကိဳးပမ္းေနတဲ့ အိႏၵိယရဲ႕ဘ႑ာေရးၿမိဳ႕ေတာ္ မြမ္ဘိုင္းမွာ ထင္ရွားေက်ာ္ ၾကားသူမ်ား၊ စက္မႈလုပ္ငန္းရွင္မ်ားနဲ႔ဘီလွ်ံနာမ်ား က တနလၤာေန႔မွာ မဲေပးခဲ့ၾကပါတယ္။ကမာၻ႔အႀကီးဆုံးေ႐ြးေကာက္ပြဲလို႔ ကမာၻကသတ္ မွတ္ထားတဲ့ ဒီေ႐ြးေကာက္ပြဲကို ႏိုင္ငံတဝန္းရွိမဲဆႏၵနယ္ ၄၂ခုမွာ တနလၤာေန႔က သန္းနဲ႔ခ်ီတဲ့ မဲ႐ုံမ်ားမွာ မဲေပးမႈကိုျပဳလုပ္ေနတာလည္းျဖစ္ပါတယ္။ေဘာလိဝုဒ္မင္းသား Shah Rukh Khan က သူ႔ရဲ႕မိသားစုနဲ႔အတူ ေမလ ၂၀ရက္ေနမွာမြမ္ဘိုင္းၿမိဳ႕မွာ မဲေပးခဲ့ပါတယ္။ အမီတာဘခ်မ္းကလည္း ဆင္ေျခဖုံးရွိ မဲ႐ုံတခုမွာ သူ႔ရဲ႕ဆႏၵမဲကိုလာေရာက္ထုတ္ေဖာ္ ေနတာကို မီဒီယာေတြက ေတြ႕ရွိခဲ့ၾကပါတယ္။မဲေပးပိုင္ခြင့္ရွိတဲ့ အိႏၵိယႏိုင္ငံသားမ်ားအေနနဲ႔ မဟာရရွ္တရာျပည္နယ္မွာ အခုတနလၤာေန႔မွာကိုယ့္ရဲ႕အခြင့္အေရးကိုအသုံးခ်ရမယ္လို႔ ခန္းက X မွာေရး သားထားပါတယ္။ ေနာက္ၿပီးအႏၵိယလူမ်ိဳးေတြအေနနဲ႔ ငါတို႔ရဲ႕တာဝန္ကိုထမ္းေဆာင္ၿပီး ငါတို႔တိုင္းျပည္အတြက္အေကာင္းဆုံးအက်ိဳးစီး ပြားကို အာ႐ုံစိုက္ၿပီး မဲေပးၾကပါစို႔ဆိုၿပီးလည္း ေရးသားထားတာပါ။

ဒါ့အျပင္ ႐ုပ္ရွင္သ႐ုပ္ေဆာင္မ်ားျဖစ္ၾကတဲ့ Deepika Padukone နဲ႔ Ranveer Singh တို႔ဇနီးေမာင္ႏွံ၊ ဘီလွ်ံနာ အန္ဘာနီတို႔လည္း မဲလာေပးၾကပါတယ္။တနလၤာေန႔မွာ မင္းသားအေရွးကူးမားလည္း မဲလာေပးခဲ့ပါတယ္။ အိႏၵယကဖြံ႕ၿဖိဳးၿပီးအားေကာင္းလာေစရန္ လိုလားေၾကာင္းလည္း ေျပာၾကားခဲ့ပါတယ္။ မင္းသားကအိႏၵိယႏိုင္ငံသားအျဖစ္ျပန္လည္ေလွ်ာက္ထားၿပီးခ်ိန္မွာ ပထမဆုံးေပးတဲ့ မဲလည္းျဖစ္ပါတယ္။ေဘာလိဝုဒ္မင္းသမီး အက္ရွ္ဝါရီယားဘခ်မ္းလည္း ေမလ ၂၀ရက္ေန႔က မြမ္ဘိုင္းၿမိဳ႕ကမဲ႐ုံတခုမွာ မဲေပးခဲ့ၿပီး သူမရဲ႕လက္က မွင္ကိုျပသခဲ့ပါတယ္။အိႏၵိယႏိုင္ငံကလည္း ကမာၻအပူဆုံးႏိုင္ငံစာရင္းထဲဝင္ေနၿပီး မဲေပးခြင့္ရွိသူ လူစာရင္းကေတာ့ ၉၆၈ ဘီလီလွ်ံရွိပါတယ္။ ဇြန္လ တရက္ေန႔မွာေတာ့ မဲရလဒ္ကိုသိရမယ္လို႔ေမွ်ာ္မွန္းထားၾကပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*